Posts

Showing posts from June, 2022

ကဝေပျိုနှင့်နတ်ဆိုးချစ်သူ၊ အခန်း[၂]

Image
ကဝေပျိုနှင့်နတ်ဆိုးချစ်သူ အခန်း[၂] သူမသည်ကား ညနေစောင်းဘုရားပွဲစျေးတလျှောက်စိတ်လွတ်ဖြင့် စျေးတန်းတလျှာက်လိုက်ကြည့်နေမိသည်။ သူမ မိခင်အားအတင်းကြပ်ပူဆာလွန်းမက ပူဆာသောကြောင့် နောက်ဆုံးတွင် အပြင် ထွက်ခွင့်ရခဲ့ခြင်းပင်ဖြစ်၏ ။   သူမတစ်ယောက်တည်း လျောက်လည်ရသည် သို့သော်ကား ညနက်အောင်အထိလျှောက်လည်ခွင့်ကားမရပေ။ ညမနက်ခင် အစောကြီးအိမ်ပြန်လာရမည်ပင် သူမအတွက်တစ်ခု ကောင်းသည်ကား ဒီနယ်တဝိုက်တွင်ဘယ်သူမှ သူမအား ကိုယ်ထိလက်ရောက်မပြောနဲ့ စကားပင်ပြောဝံ့ သောယောက်ကျားမရှိချေ ။ သူမမိခင်အားကြောက်လန့်ကြသောကြောင့်ပင်ဖြစ်လိမ့်မည်။           …ဘုန်း....      … အင့်....    …အေမ့...... …အို...... ပွဲစျေးတန်းတလျှောက် ဟိုငေးသည်ငေးဖြင့်လျှောက်လာသော မြနှင်းတစ်ယောက် လူတစ်ယော်အားဝင်တိုက်မိကာထိုသူရင်ခွင်အတွင်း လဲပြို ကျသွားခြင်းပင်ဖြစ်သည်။       "ဟေ့ လူတယောက်လုံးတောင်မမြင်ဘူးလားကွ ဘာတွေဒီလောက် ငေးလာလို့လဲ....." မြင့်မားသောအရပ်အမောင်းဖြင့် အပေါ်စီးမှ ငုံမိုးကာ ပြုံးစစပြောနေသော ချောမောသောမျက်နှာနဲ့အတူ စကားသံကြောင့် ယခုအချိန်အထိ ယင်ဖိုပန်မသန်းဖူး သေးသော...

ကဝေပျိုအငြိုးနဲ့ နတ်ဆိုးချစ်သူ/ အခန်း ၁

Image
ကဝေပျိုအငြိုးနဲ့ နတ်ဆိုးချစ်သူ ========================                        အခန်း [၁] အချိန်ကား ည[၁၁] နာရီကျော်ဝန်းကျင်ခန့်မျရှိချိန်ဖြစ်၏ ။ လမိုက်ညဖြစ်ခြင်းကြောင့်ကောင်းကင်ကား အနက်ရောင်ဝတ်ရုံလွာကြီးအားဆင်မြန်းထားသလို ပိန်းပိန်းပိတ်အောင်မှောင်မဲနေသည်။   ယနေ့ညအတွက်မူကား ကြယ်တလုံးတလေမျပင် ကောင်းကင်ပြင်တွင်မတွေ့နိုင်ချေ ။   လူနေရွာငယ်လေးတစ်ရွာသည်ကား  ညအမှောင်ထု အောက်တွင် တိတ်ဆိတ်စွာဖြင့် အိပ်မောကျနေလျှက်ရှိသည်။  ရွာသားများမှာကား လယ်ယာကိုင်းကျွန်း လုပ်ကိုင်သော ကျေးလက်နေလူတန်းစားများဖြစ် သောကြောင့် မနက်စောစောထကာ လုပ်ငန်းခွင်ဝင် ရန်ညဖက်နေဝင်မိုးချုပ်သည်နဲ့ ခနတဖြုတ် ဝိုင်းဖွဲ့ကာ စကားစမြည်ပြောဆို ကြရင်း လူစုခွဲအိပ်ယာ ဝင်ခဲ့ကြပြီ ဖြစ်သည်။  ရွာကလေးသည်ကား ယခုမူကား တိတ်ဆိတ်ငြိမ်သက်လျှက်ရှိနေသည်။ တခါ တခါ ရွာလယ် လမ်းတလျှောက် မဲမဲ မြင်ရာ ထိုးဟောင်နေသော ခွေးတစုမှ လွဲလျှင် ကျန်အသံဗလံများ မရှိပေ ။ ရွာကလေးအပြင်ဖက် ခပ်ကျကျတောစပ်တွင်ကား သစ်လုံးအိမ်ငယ်ကလေးတစ်လုံးရှိနေပြီး  သစ်လုံးအိမ်ကလေးတွင်းမှ ထွန်းညှိထ...

ဘွားမယ်စိန်နှင့်စုန်းအိုမ

Image
ဘွားမယ်စိန်နှင့်စုန်းအိုမ (စာမူ...၃၄) စ...ဆုံး "ဟဲ့...ညည်းမနေ့က ဒေါ်ဗန်းကြီးနဲ့ရန်ဖြစ်တယ်ဆို" "ဟုတ်တယ်လေ...ကျုပ်ဆီက  ငါးဝယ်တာကောင်းကောင်းမဝယ်ဘဲ  အလေးခိုးသလေးဘာလေးနဲ့" "ဟယ်...ညည်းကတော့အာဂမိန်းမပဲ...။ ဒီမြိတ်ကုန်းရွာမှာ ဒေါ်ဗန်းကြီးကို ဘယ်သူမှရန်မဖြစ်ရဲဘူးအေ့" "ဘာလဲ...သူကစုန္းမမို့လို့လား" "အေးလေ" "တော်စမ်းပါတော်...စုန်းမ မကလို့ ဘာကောင်မပဲ ဖြစ်ဖြစ် ကျုပ်ဆိုတဲ့မိကြည်က မကြောက်ရေးချမကြောက်ဘဲ" "ညည်းအေ...ဒုက္ခတော့ရောက်ကုန်တော့မှာပဲ" မြိတ်ကုန်းရွာ၏ငါးသည်နှစ်ဦးစကားပြောဆိုနေကြခြင်းဖြစ်သည်။ မိကြည်ဆိုသောငါးသည်မ သည် ဒေါ်ဗန်းကြီးဆိုသော မိန်းမကြီးနှင့်ရန်ဖြစ်ခဲ့ ခြင်းအကြောင်းကိုပြောဆိုနေကြခြင်းဖြစ်၏။ ခဏအကြာ၌ ဈေးသည်မနှစ်ယောက်သည်ရွာလမ်းမထက်၌  စကားပြောဆိုခြင်းကို ရပ်ပြီးနောက် သူတို့၏လိုရာသို့သာထွက်သွားကြတော့လေသည်။ ************************ တဲအိမ်ကြီးတစ်ခုအတွင်း၌ မိန်းမကြီးတစ်ယောက်ရှိနေခဲ့သည်။ တစ်အိမ်လုံးတွင်သူတစ်ယောက်သာရှိ၏။ သူ၏အိမ်အတွင်း၌ ဘုရားစင်ဟူ၍မရှိပေ။ အိမ်သည်လည်း အမျိုးအမည်မသိသော ပစ္စည်းများဖြင့်  ရှုပ်ပွ၍နေခဲ့၏။ ထို...

ကညင်နှစ်ပင်တောင် ယက္ခဘီလူးညီနောင်

Image
ကညင်နှစ်ပင်တောင် ယက္ခဘီလူးညီနောင် =============== ကညင်နှစ်ပင်တောင်။ နာမည်ကိုကြားသည်နဲ့ထိုနယ်တွင်ရှိသောမည်သူမဆိုရှောင်ကွင်းသွားလာလေ့ရှိကြသောနေရာတစ်ခုဖြစ်ပါတယ်။     ကညင်နှစ်ပင်တောင်တည်နေပုံမှာတောင်ကုန်းက " ပ ” အက္ခရာအနေအထားရှိပြီးသစ်ပင်ကြီးများထူထပ်စွာ ပေါက်နေသောနေရာတစ်ခုဖြစ်ပါတယ် ။    ရွာနဲ့အလှမ်းဝေးခြင်းမရှိသော်လည်းထို ပ အက္ခရာတောင်တန်းမှ သစ် ဝါးပင်များမှာကြီးချင်တိုင်း ကြီးပေါချင်တိုင်းပေါများနေပါတယ် ။    ရခိုင်ရိုးမအစပ်နယ်မြေဖြစ်တာကြောင့် ရိုးမတွင်ပေါက်လေ့ရှိသော ပျဉ်းကတိုး၊ကညင်၊ကျောက်မီးသွေးပင်များနဲ့တစ်ခြားသောသစ်အမာမျိုးစုံ အပင်ကြီးများကညင်နှစ်ပင်တောင်မှာရှိနေပါတယ် ။     သူဘေးပတ်လည်တစ်ခြားတောင်ကုန်းများမှာ တောင်ကတုံးဖြစ်နေပေမယ့်ကညင်နှစ်ပင်တောင်မှာတော့ယခုအထိအပင်တစ်ပင်မလျော့ရသေးတဲ့အ ကြောင်းအရာများစွာရှိနေပါတယ် ။    တောင်ကြောအလယ်တည့်တည့်တွင်လူကြီးနှစ်ယောက်ဖက်မျကြီးမားသောပင်စည်နဲ့အတူ အလွန်မြင့်သောအင်ကညင်ပင်ကြီးနှစ်ပင်ကယှဉ်တွဲပေါက်ရောက်နေပါတယ် ။       နယ်သားများယုံကြည်ချက်အရထိုအပင်ပေါ်တွင် ဘီလူးညီနောင်နေထိုင်ကြော...

မောင်သိဒ္ဓိနှင့်နဂါးဆိုး

Image
မောင်သိဒ္ဓိနှင့်နဂါးဆိုး ++++++++++++ မောင်သိဒ္ဓိစာမူအမှတ်စဉ်(၁၁)      ညကြီးအချိန်မတော် လူတစ်ဦးသည်  လှည်းလမ်းလေးအတိုင်း ဦးတည်ရာမဲ့စွာ လျှောက်လှမ်းနေ၏။ သူသည် ခုနှစ်ရက်သားသမီးကို အကူအညီပေးမည်ဟု ဆုံးဖြတ်ကာ ခြေဦးတည့်ရာသို့ သွားလာနေခြင်း ဖြစ်သည်။      သာမန်လူသားတွေအဖို့ သူတစ်ဦးတည်း  ခရီးသွားနေသည်ဟု ထင်မှတ်မိကြပေမည်။ သို့သော် သာမန်အမြင်အာရုံနှင့် မမြင်နိုင်သော အစောင့်အရှောက်တစ်ဦး ရှိလေသည်။      ထိုသို့ ခုနှစ်ရက်သားသမီးကိုကယ်တင်ရန် နှေရာအနှံ့ ခြေဆန့်နေသူ၏ အမည်နာမသည်ကား မောင်သိဒ္ဓိပင်ဖြစ်ပေသည်။ သူ၏ အစောင့်အရှောက်သည်ကား စတုမဟာရာဇ်မှ နတ်မင်းကြီးလေးပါး၏ လက်အောက်ရှိ နတ်ဘီလူးစစ်သူကြီး ဒေဝယက္ခပင်ဖြစ်သည်။      မောင်သိဒ္ဓိသည် ဘဝအဆက်ဆက် ပါရမီဖြည်ကျင့်လာသူမို့ မိမိကိုယ်ကိုယ် ကာကွယ်နိုင်သော်လည်း ခုနှစ်ရက်သားသမီး ကယ်တင်ရေးခရီးစဉ်တွင် အမှားအယွင်းတစ်စုံတစ်ရာ ဖြစ်ပေါ်ခဲ့ပါက အသက်ပေးရမည်မှာ မြေကြီးလက်ခက်မလွဲပေ။ ဘဝအဆက်ဆက်က ပါရမီဖြည့်ကျင့်မှုတို့ သဲထဲရေသွန် ဖြစ်မည့်အရေး မလိုလားသဖြင့် တန်ခိုးအရာမှာရော ဥာဏ်ပညာအရာမှာပါ စိတ်ချရသည့် ဒေဝယ...

ပါးစပ်သရမ်းမိလို့

Image
ပါးစပ်သရမ်းမိလို့  ~~~~~~~~~~~~~ သင်္ကြန်ပွဲတော်ကြီးလည်းပြီးသွားခဲ့ပြီ သင်္ကြန် ဒုလ္လဘ လာဝတ်ကြသော တင့်နိုင်၏ သူငယ်ချင်း များလည်း လူဝတ်လဲပြီးပြီး…။ နောက်နေ့ ရန်ကုန် သို့ ပြန်ကြမည်ဖြစ်သည်။ ရန်ကုန်မှာ တစ်ရုံးတည်း လုပ်ငန်းအတူတူ၊ အခန်းအတူတူနေ သူငယ်ချင်း များလည်းဖြစ်သည်။ သပြေတန်းရွာသား တင့်နိုင်က သည်နှစ် သူ့မိသားစုများ သင်္ကြန်မှာ အလှူလုပ်ပြီး သူတို့ကိုပါ ရဟန်းခံပေးမည်။ရန်ကုန်မှ ရဟန်း ခံလိုသူရှိက အတူလိုက်ခဲ့ရန် ပြောသဖြင့် ရန်ကုန်မှာ မလည်မပတ်ချင်ကြသော ရန်ကုန်သား  သူငယ်ချင်းများက တင့်နိုင်တို့ရွာသို့ လိုက်ခဲ့ မည်ဟုဆိုသည်။ သပြေတန်းရွာသို့ လိုက်ကြသူများက ဝင်းစိန်၊ မျိုးနိုင်၊ အောင်ဝင်း၊ ကံမြင့်၊ ကြည်သန်း၊ လှလှ၊ အေးအေးမူ၊ ခင်မာဆွေတို့ဖြစ်သည်။ အောင်ဝင်း တို့အိမ်မှာ မီနီဘတ်(စ်)လေး တစ်စီးရှိသဖြင့် ဆီကို ဝိုင်းခံပြီး ကားကို သပြေတန်းရွာသို့ ယူလာခဲ့သည်။ ရွာမှာ ငါးရက်နေသည်။ မျိုးနိုင်၊ အောင်ဝင်း၊ ကံမြင့်၊ တင့်နိုင်တို့က သာသနာ့ဘောင်သို့ ဝင်ခဲ့သည်။ ခွင့်အပိုမရသဖြင့် သုံးရက်သာဝတ်ပြီး လူဝတ် လဲခဲ့ကြသည်။ ရွာမှာ တစ်ညအိပ်ပြီး နောက်နေ့ မနက် ရန်ကုန်ပြန်ကြမည်။ နောက်နေ့ ရုံးပြန် တက်ကြရမည်ဖြစ်သည...