ကဝေပျိုနှင့်နတ်ဆိုးချစ်သူ၊ အခန်း[၂]


ကဝေပျိုနှင့်နတ်ဆိုးချစ်သူ
အခန်း[၂]

သူမသည်ကား ညနေစောင်းဘုရားပွဲစျေးတလျှောက်စိတ်လွတ်ဖြင့် စျေးတန်းတလျှာက်လိုက်ကြည့်နေမိသည်။

သူမ မိခင်အားအတင်းကြပ်ပူဆာလွန်းမက ပူဆာသောကြောင့် နောက်ဆုံးတွင် အပြင်
ထွက်ခွင့်ရခဲ့ခြင်းပင်ဖြစ်၏ ။
 
သူမတစ်ယောက်တည်း လျောက်လည်ရသည်
သို့သော်ကား ညနက်အောင်အထိလျှောက်လည်ခွင့်ကားမရပေ။
ညမနက်ခင်
အစောကြီးအိမ်ပြန်လာရမည်ပင် သူမအတွက်တစ်ခု
ကောင်းသည်ကား ဒီနယ်တဝိုက်တွင်ဘယ်သူမှ သူမအား ကိုယ်ထိလက်ရောက်မပြောနဲ့ စကားပင်ပြောဝံ့
သောယောက်ကျားမရှိချေ ။

သူမမိခင်အားကြောက်လန့်ကြသောကြောင့်ပင်ဖြစ်လိမ့်မည်။

          …ဘုန်း....

     … အင့်....

   …အေမ့......

…အို......

ပွဲစျေးတန်းတလျှောက် ဟိုငေးသည်ငေးဖြင့်လျှောက်လာသော မြနှင်းတစ်ယောက် လူတစ်ယော်အားဝင်တိုက်မိကာထိုသူရင်ခွင်အတွင်း လဲပြို ကျသွားခြင်းပင်ဖြစ်သည်။

      "ဟေ့ လူတယောက်လုံးတောင်မမြင်ဘူးလားကွ
ဘာတွေဒီလောက် ငေးလာလို့လဲ....."

မြင့်မားသောအရပ်အမောင်းဖြင့် အပေါ်စီးမှ ငုံမိုးကာ
ပြုံးစစပြောနေသော ချောမောသောမျက်နှာနဲ့အတူ
စကားသံကြောင့် ယခုအချိန်အထိ ယင်ဖိုပန်မသန်းဖူး
သေးသောမြနှင်း၏ နှလုံးခုန်သံသည်
ဗျောင်းဆန်ခတ်မျ ထိုအတူ သူမလဲပြိုမည်ကို ထိန်းပေး
ထား၍ သူမသည် ထိုလူချော၏ ရင်ခုန်အတွင်းရောက်နေ
သေးသည်။

    "မင်းသားကလည်းချော မင်းသမီးကလည်း
ချောလိုက်ဖက်တယ်ဟေ့ .."

သူမတို့နှစ်ယောက်ကားအဖြစ်ကိုကြည့်ကာ ဖြတ်သွား
ဖြတ်လာကာလသားတစုလှမ်း၍ စနောက်မှ သူမ
ခုမှသတိဝင်လာမိသည်။

     "အို...ရှင်...လွတ်...လွတ်..ပါ.."

သူမရှက်လန့်တကြားအော်မိရင်း ထိုသူအလိုက်သင့်ဖက်ထားခြင်းကိုဆတ်ခနဲရုန်း
၍ထိုနေရာမှဝေးရာပြေးထွက်လိုက်တော့၏။

အပျိုမလေးသူမအတွက်ခုလိုယောက်ကျားပျို
တစ်ယောက်နဲ့တွဲဖက်စနောက်မူကို ယခုမှပထမဆုံးအကြိမ်ကြုံဖူးခြင်းဖြစ်သလို၊
ထိုသူရင်ခွင်တွင် လူမြင်ကွင်းရှေ့ရောက်နေမိသော
အဖြစ်ကတွေးကြည့်ရုံဖြင့်ရှက်ရွံရင်တုန်ဖွယ်ဖြစ်
နေတော့၏ ။

      "ဟေ့..ကောင်မလေး ဘယ်သွားမလို့လဲ
တစ်ယောက်တည်းလား"

  "ဟင်...."

သူမပြေးမိပြေးရာမှပွဲစျေးမှဖယ်ခွာ၍ အိမ်သို့လာရာ လမ်းတွင်
မူးယစ်ယိုင်ထိုးနေသူနှစ်ယောက် သူမသွားလမ်းကို
ပိတ်ရပ်ကာမေးလာမှသတိဝင်လာကာရှက်ရွံ့ထူမူ
များပျောက်၍ကြောက်စိတ်၊စိုးရိမ်စိတ်များဖြင့်
ရှိနေတော့၏ ။

   "ကျွန်မရှေ့ကဖယ်ပေးပါ ကျွန်မဘာကျွန်မဘယ်သွား
သွားရှင်တို့အပူမပါဘူး..."

ညကားဆယ်နာရီခန့်ရှိနေပြီ ဖြစ်ခြင်းနဲ့အတူ ပွဲစျေးတန်းနဲ့အတန်ငယ်ဝေးသော တောလမ်းလေးပေါ်သူမရှိနေခြင်းအတွက် စိတ်အနည်းငယ်တော့ပူသွားမိသည်။
လူနှစ်ယောက်ကား သူမတို့နယ်မှဖြစ်ဟန်မတူ ထို့ကြောင်ပင့်သူမအားနှောင့်ယှက်ရဲခြင်းပင်ဖြစ်သည်။

 ."စိုးကြီးရေ..စားရကံကြုံလို့မုတ်ဆိတ်ပျားစွဲတာပဲကွ ..."

  "ဟုတ်ပ အောင်သန်းရေ ....ဟဲ..ဟဲ..ဟဲ.
...."

  "ဟင်...ရှင်...ရှင်တို့…အမလေး…ကယ်ကြပါအုံး......"

ထိုလူနှစ်ယောက်ကား သူမအနီးသို့ ပါးစပ်မှညစ်ညစ်ညမ်းညမ်းများပြောကာ တိုးကပ်လာကြ၍အော်ဟစ်အကူအညီတောင်း၍ ပွဲစျေးဖက်လှည့်ပြေးရန်အလုပ်
လူတစ်ယောက်ကသူမလက်အားဆတ်ခနဲဆောင့်ဆွဲခြင်းခံလိုက်ရခြင်းခံလိုက်ရတော့၏ ။

      "လွတ်...လွတ်...ခွေးကြီးတွေ....ငါ့ကိုလွှတ်"

        ."ဟေ့ကောင်စိုးကြီး ကောင်မလေးဆွဲခဲ့လေကွာဘာကြောင်နေတာလဲ"
   
         "အား..............ခွေးမ ငါ့လက်ကိုကိုက်တယ်
ကဲဟာ.....ဖြန်း......."

မြနှင်ူးသူမလက်အားကိုင်ထားသူလက်အား ကုန်းကာကိုက်လိုက်ချိန် ထိုသူကာဒေါသဖြင့်အားကုန်လွဲရိုက်လိုက်ခြင်းကြောင့်သူမခေါင်းတခုလုံးမူးဝေရင်း ယိုင်လဲကျသွားတော့၏ ။

 "ဟေ့ကောင်တွေ မင်းတို့ဘာလုပ်ကြတာလဲ
ရပ်လိုက်.."

သူမတို့ရှိနေရာဖက်သို့ လူရိပ်တစ်ခု လျောက်လာနေခြင်းကိုဝိုးတဝါးဖြင့်တွေ့နေလိုက်ရပြီးစကားအော်ပြောသံလူရိပ်များလုံးထွေးသွားသတ်ပုတ်နေကြခြင်းကို ရီဝေဝေမြင်တွေ့နေရပြီး သူမခေါင်းတခုလုံးမှောင်အတိကျကာ သတိလစ်မေ့မြောသွားပါတော့သည်။

  "အင်း...ဟင်း...ဟင်း...ဟင်း...."

  "မင်းသတိရလာပြီလား..."

            "ဟင်....ရှင်..ရှင်..ဟိုလူတွေကောဘယ်ရောက်သွားပြီလဲ "

မြနှင်းသတိရလာတော့မြနှင်းမှာသစ်ပင်ကြီးတစ်ပင်အား ကျောမှီကာရှိနေခြင်းနဲ့အတူ ညနေခင်းက ပွဲစျေးတန်းတွင်ဝင်တိုက်မိသော
ကိုလူချောမှာ သူမအနီးရှိနေသည်ကို အံ့အြဖွယ်ရာ
တွေ့လိုက်ရတော့သည်။

 "လာထ..မင်းအိမ်ဘယ်မှာလဲကိုမင်းအိမ်
လိုက်ပို့ပေးမယ်…
ဟိုကောင်တွေကို စိတ်ပူမနေနဲ့တော့ ကိုကြည့်
ရှင်းလိုက်ပြီ...”

” ကျွန်မအရှက်နဲ့ အသက်ကို ကယ်ပေးလို့ကျေးဇူး
တင်ပါတယ်..... ”

သူမအိမ်ြပန်ရာလမ်းတလျှေက်တွင်မြနှင်းမှာ
ကြောက်စိတ်၊ဝမ်းနည်းစိတ်ရောပြွန်း၍နန္ဒကို
စကားတခွန်းမှမဆိုမိ။နန္ဒမှာလည်း သူမဘေးတွင်
တိတ်ဆိတ်စွာကပ်လိုက်လျက်ရှိနေ၏ ။

လသည်ပင်မွန်းတည့်ချေတော့မည်မို့ ယခုလို ထိန်ထ်ိန်သာနေသောလရောင်အောက်တွင် 
ကျေးဇူးရှင်ကိုလူချောနဲ့တွဲလျှောက်နေရသည်က မြနှင်းအဖို့ ရင်ဖိုသလိုလိုအစောနကကြောက်လန့်စရာခံစားမူများဘယ်ဆီသို့လွင့်ပျောက်ကုန်ပြီမှန်းမသိတော့ပေ...။

  ."ဒါနဲ့ မင်းနာမည် ဘယ်လိုခေါ်လဲ ....

တိတ်ဆိတ်စွာယှဉ်လျှောက်နေကြရင်းမှကိုလူချောကမေးလိုက်ခြင်းပင်ဖြစ်သည်။

   "မြ..မြနှင်းပါ...."

"အော်..မြနှင်း...ကို့နာမည်လည်းမှတ်ထားပေါ့
နန္ဒတဲ့...."

"အော်ကိုနန္ဒ ရှေ့နားကအိမ်ကမြနှင်းတို့အိမ်
ပါပဲ.."

သူမတို့အိမ့်ရှေ့နားအရောက်တွင်လရောင်ဖြင့် ဆံပင်ဖိုးရိုးဖားလျှား ခါးကိုင်းကိုင်းဖြင့် လူရိပ်တခုငြိမ်သက်စွာရပ်နေသည်ကိုတွေ့လိုက်
ကှရ၏ ။

  "…ဟင် ...အမေ မအိပ်သေးဘူး...."

   "သမီး.နောက်ကျလှချည်လား သူကဘယ်သူလဲ
ဘာလို့သမီးနဲ့အတူရှိနေရတာလဲ…မင်းဘယ်သူလဲ …နောက်တခါငါ့သမီးအနားတွေ့ရင်ငါ့အဆိုးမဆိုနဲ့"

”....အော်..အမေ..ကိုနန္ဒကိုအားနာစရာဖြစ်ကုန်ပြီ
ကိုနန္ဒက သမီးကိုကူညီပြီး အိမ်ထိလိုက်ပို့ပေးတာ....”

ခြောက်ကပ်အက်ကွဲသောလည်ခြောင်းသံနဲ့အတူ
လရောင်အောက်တွင် အရောင်တလက်လက်ထနေသည်ဟုထင်မြင်ရသောစူးရှသော မျက်လုံးများဖြင့် နန္ဒအားကြည့်ရင်း မြနှင်းအမေဆိုသော အရိုးပေါ်အရေတင် အဘွားအိုကြီးကမေးလိုက်ခြင်းပင်ဖြစ်၏ ။
မြနှင်းမှာ သူပွဲစျေးမှအပြန် ကြု ံခဲ့ရသည်များအား
ပြန်လည်ပြောပြနေသည်။

  "ဘယ်သူတွေလဲ....တောက်...ရာရာစစ
ငါ့သမီးလေးကို ...စော်ကားတဲ့ ကောင်တွေ အမေ့ကိုပြောစမ်း…သေချင်လို့… "

သူမစကားကြောင့်အမေမှာ ကိုယ်ခန္ဓာ တဆတ်တုန်မျထိဒေါသထွက်နေဟန်ရှိနေ၏ ။

   "ဒီနယ်ကတော့ ဟုတ်ဟန်မတူဘူး …
အမေ ဘုရားပွဲ လာတဲ့ တခြားနယ်ကသူတွေထင်တယ်
ဒီက ကိုယ်နန္ဒရောက်လာ လို့သာပေါ့… "

."အော် ကျေးဇူးပါပဲ တူမောင်ရေ ဒါနဲ့ ဘုရားပွဲလာတဲ့ဧည့်သည်လား.သမီးလည်းအရှက်နဲ့အသက်ကိုကယ်ပေးတာကျေးဇူးတင်ပါတယ်...."

"ဟုတ်ကဲ့ ကျွန်တော်လည်းကြု ံကြိုက်လို့ကူညီ
ခွင့်ရတာပါ ကျွန်တော်ရှေ့မှာမတရားမူကို လက်ပ်ိုက်ကြည့်မနေတတ်တာလည်းပါတာပေါ့
 ကျွန်တော့်က နယ်လှည့်မျက်လှည့်
ပညာရှင်အဖွဲ့ ကပါ...ကဲ ...ညလည်း နက်နေပြီ မျက်လှည့်ဝ်ိုင်းလည်းစနေလောက်ပြီမို့ ကျွန်တော်ပြန်
လိုက်ပါအုံးမယ်ဒေါ်ဒေါ် နဲ့မြနှင်း ....."

"အော် ...မောင်နန္ဒ နေ့လည်နေ့ခင်းပျင်းရင်
ဒေါ်တို့တို့ အမ်ိလာလည်နိုင်ပါတယ်......."

"ဟုတ်ကဲ့… ဒေါ်ဒေါ် ဒီဘုရားပွဲကာလအတွင်းနေ့လည်ပိုင်း
သွားလာစရာနေရာမရှိတော့ကျွန်တော်လာခဲ့ပါ့မယ် "

နန္ဒမှာသူမတို့ သားအမိအားကျောခိုင်းကာ လရောင်အောက်တွင် တရွေ့ ရွေ့ဖြင့် ပွဲခင်းရှိရာသို့
နူတ်ဆက်ထွက်ခွာသွားပြီဖြစ်၏ ။

မြနှင်းကား ယခုညအတွက်အိပ်၍ မပျော်တော့ သူမ အမြင်အာရုံတခုလုံး နန္ဒ။ အတွေးစိတ်ကူး ခုလုံးနန္ဒ ။...
မမျော်လင့်ပဲ
ရင်ခွင်ကျယ်ကြီးအတွင်း ခဏတာရောက်ခဲ့မိသည့် အဖြစ်ကိုပင် ရှက်ရွံ စွာရင်ဖိုမိနေဆဲဖြစ်။

"အော်...ကိုနန္ဒရယ်ကျွန်မစိတ်ကို စိုးမိုးလွန်းလို့
မုန်းလိုက်တာရှင်......."

နောက်တနေ့ နေ့လည်ပိုင်းတွင် သူမတိတ်တခိုးမျော်လင့်နေမိသော နန္ဒသည်အိမ်သို့ဆိုက်မြိုက်စွာရောက်လာခဲ့တော့သည်။

အမေသည်တခြားလူစိမ်းများအား အိမ်ပေါ်ခေါ်လေ့မရှိသော်လည်း နန္ဒ၏ ပြေပြစ်စွာပေါင်းသင်းဆက်ဆံတတ်မူ ၊ နောက်တခု သူမအသက်နဲ့ အရှက်ကိုကာကွယ်သူဖြစ်သောကြောင့်
ဖောရွေစွာဧည့်ဝတ်ကြေစကားတွေဖောင်ဖွဲ့ကာပျော်ဆိုနေတော့၏ ။

"ဒါနဲ့ မောင်နန္ဒ တို့မျက်လှည့်ပြကွက်တွေက ဘယ်လိုပြကွက်မျိုးတွေလဲ...."

"အော်...အစုံပါပဲ ဒေါ်ဒေါ် မျက်လှည့်လက်လှည့်အပြင်
အောက်လမ်းအတတ်နဲ့ ပြရတဲ့ ပြကွက်တွေလည်း
ပါပါတယ်...."

"အောက်လမ်းပြကွက်တွေပြရင် သတိထားမောင်နန္ဒရဲ့
ဒီနယ်မှာက ပညာသည်တွေပေါတယ်
တော်ကြာအနှောင့်အယှက်ဝင်လာရင် အခက်အခဲဖြစ်နိုင်တယ်....."

"ကျွန်တော်ကတော့ အဲဒါတွေ သိပ်နားမလည်ပါဘူး
ဒေါ်ဒေါ် ရေ ကျွန်တော်တ်ို့က ဝမ်းရေးအတွက်ရှာဖွေစား
သောက်နေရတဲ့သူတွေပါ …ပညာရှင်အဆင့်မဟုတ်ပါဘူး
အနှောင့်အယှက်ဝင်ရင်တော့ ဒုက္ခပဲ "

"အိမ်းမဖြစ်ချေဘူး… ဒေါ်ဒေါ်… ကူညီမှဖြစ်မှာပါလေ
…ကဲ ...ဘာမှစ်ိတ်မပူနဲ့ပွဲကာလအတွင်းဘာအနှောင့်
အယှက်မှမဝင်အောင် ဒေါ်ဒေါ် အစီအရင်တခုပေးလိုက်မယ်….."

"ကျေးဇူးပါပဲ ဒေါ်ဒေါ် ရေ....."

"အိမ်း ...တခုတော့ရှိတယ်ကွယ်
ဒေါ်ဒေါ် ပေးတဲ့အစီအရင် ပစ္စည်း
ကိုတစ်ညသုံးပြီးရင်နောက်နေ့ ဒေါ်ဒေါ် 
ဆီပြန်ရောက်အောင်လာပို့ပေးဖို့ပါပဲ......”

"စိတ်ချပါ ဒေါ်ဒေါ်…ကျေးဇူးလည်းတင်ပါတယ် ကျွန်တော်ဆက်ဆက်လာပို့ပေးပါ့မယ်"

မြနှင်းကားသူမအမေဖြစ်သူနဲ့နန္ဒတို့ပြောစကားများကိုဘေးမှအသာထိုင်နားထောင်နေမိသည်။
ဘာမှတော့နားမလည်ပေ။ သူမနန္ဒမျက်နှာအား
ခိုးကြည့်ရင်း ရင်ဖိုလျက်ဖြင့် ရှိနေ၏ ။

နန္ဒပြန်ခါနီးတွင် ဒေါမြနှင်းက ယွန်းကလပ်ဖြင့်တင်ထားသော ယာပြီးမလိပ်ရသေး
သောပွဲဆက် ကွမ်းသုံးယာ ပေးလိုက်သည်။

သူမအတွက်အထူးပျော်စရာကား သူမအားစိုးရိမ်ကာ
ပွဲစျေးလည်ခွင့်မပေးသော သူမအမေအားနန္ဒက ကူပြောပေသောကြောင့် ပွဲစျေးလည်ခွင့်ရခဲ့သည်။

ထိုအတောအတွင်း သူမနဲ့ နန္ဒတို့ကားရင်းနှီးမူ သံယောဇဉ်လေးများပိုခဲ့ကြမိ၏ ။

 သူမအိမ်အပြန်တွင် နန္ဒက အိမ်ရှေ့အထိလိုက်ပို့တတ်သည်။

  ဘုရားပွဲကား ၅ ရက် ၅ညတိုင်တိုင်ကပြကာပြီးဆုံးခဲ့ပီဖြစ်သည်။

 သူမအတွက်ကားနောက်နေ့ဆိုလျှင် နန္ဒဖြင့်ခွဲရမည်ဖြစ်သောကြောင့် စ်ိတ်မကောင်း ဖြစ်နေမိသည်။

"ဒေါ်ဒေါ်.. .မြနှင်း....ဘုရားပွဲကလည်း ပြီးသွားပါပြီကျွန်တော်တို့လည်း နောက်တနယ်ကူးရပါတော့မယ်
အဲတာလာနူတ်ဆက်တာပါ..
ကျွန်တော်တို့အဖွဲ့အနှောင့်အယှက်မရှိအောင် ကူညီပေးတဲ့ ဒေါ်ဒေါ် ကိုလည်းကျေးဇူးတင်ပါတယ်....
ဒီမှာ ဒေါ်ဒေါ် ပေးတဲ့ ပစ္စည်း ပြန်အပ်တာပါ ခင်မျ.."

နန္ဒက သူမတို့သားအမိအားနူတ်ဆက်ရင်း ယွန်းကလပ်ဖြင့်တင်ထားသော ကွမ်းသုံးယာအားပြန်အပ်လာခြင်းဖြစ်၏ ။

တခုကား ပွဲတစ်ညအတွက် ကွမ်းသုံးယာစီအမေကတနေ့စာစီစဉ်ပေးခြင်းပင်ဖြစ်၏။

 "အင်းမောင်နန္ဒနောက်ကြုံရင်လည်းဝင်
လည်ပါအုံးကွယ်…
သမီးရေ ဒီကွမ်းယာတွေ မီးဖိုထဲထည့်ပေးစမ်းပါတချက်လောက်…သေချာထည့်နော်…"

သူမ အမေနဲ့ ကိုနန္ဒကားအပြင်တွင်ရပ်ကာကျန်နေရစ်ခဲ့သည် သူမကား ခွဲရမည်မို့ ရင်ထဲမကောင်းပေ....။

သူမကွမ်းသုံးယာအား မီးအရှိန်မသေးသော မီးဖိုထဲပစ်ထည့်လိုက်ချိန်......

"အား...အောင်မလေး......အား....ပူတယ်...ပူတယ်...

သူမမိခင်အော်ဟစ်သံကြောင့် အိမ်ရှေ့ဆီပြေးထွက်ခဲ့တော့ မြေပြင်ပေါ်လူးလှိမ့်ရင်း
အော်ဟစ်နေသော မိခင်အားတွေ့လိုက်ရသည်။

"အမေ....အမေ....ဘာဖြစ်လို့လဲ.. .."

"နန္ဒ ဒါမင်းလက်ချက်မဟုတ်လား.....ငါ့ကိုတန်ပြန်တိုက်ထားတယ်......အား...သေပါပြီ..."

"ဟုတ်တယ် ....ဒေါ်မြသာ ကျွန်တော်လုပ်တာပါပဲ.."

"ဟင်း...မင်း .လူယုတ်မာ.မင်းငါ့နာမည်သိတယ်"

"ကိုနန္ဒရှင် ယုတ်မာလှချည်လား"

"ဟား...ဟား....ဟား...ဒီနေ့ကိုရောက်ဖို့
ကျုပ်အကြာကြီးစောင့်ခဲ့ရတာပါ....
ကျုပ်ဘယ်သူလဲသိလား...ကျုပ်ဟာ ခင်များလွန်ခဲ့တဲ့ဆယ်နှစ်ကျော်က
သတ်လို့သေခဲ့ရတဲ့မြပန်းဝါ ဦးသက္ကရဲ့ သားပါပဲ...."

ဒေါ်မြသာကားမြေပေါ်တွင်လူးလှိမ့်ကာ အခြေအနေမဟန့်တော့ချေ ။
သို့စရာတွင်နန္ဒပြောစကားများကိုကြားနေရ၏ ။
နောက်ဆုံးထွက်သက်ရောက်တော့မည်မို့
မိုက်ပြစ်များကိုပြန်တွေးမိကာနောင်တရနေဟန်
ရှိနေ၏ ။

"ခင်များကြီးနောက်ဆုံးထွက်သက်မှာ
သေချာနားထောင်သွားပါအုံး ခင်များကို မချစ်ပဲ ကျုပ်အမေကိုချစ်သွားတဲ့
ကျုပ်အဖေကို ခင်များသတ်တယ်...
နောက်ဆုံးကျုပ်အမေကိုသတ်တယ် ကျုပ်နဲ့ ကျုပ်အဒေါ်တောင်
ကံကောင်းလို့ခင်များလက်က ကျုပ်ကိုခေါ်ပြီး
ထွက်ပြေးလို့လွတ်မြောက်ခဲ့ရတယ် အဒေါ်ဟာပင်ပန်းဆင်းရဲခံပြီးကျုပ်ကို
ကျွေးမွေးစောင့်
ရှောက်ရင်း အလုပ်ပင်ပန်းတဲ့ဒဏ်တွေနဲ့ပဲ အိပ်ယာထဲလဲ
ဆုံးပါးသွားခဲ့ ရတာ .....သူမသေခင် ကျုပ်ကို ဒီအကြောင်းတွေအားလုံးပြောပြခဲ့တယ်.....”

နန္ဒတစ်ယောက် မချိမဆန့်ဝေဒနာခံစားနေရဟန်ဖြင့် မြေပြင်ပေါ်လူးလှိမ့်နေသောဒေါ်မြသာအားကြည့်ရင်း သူ့ဇတ်လမ်းအားဆက်ပြောလာပြန်၏ ။

"ကျုပ်ဒီကိုလာဖို့ အချိန်တွေအများကြီးပြင်ဆင်ခဲ့ရတယ်
ခင်များဒီရွာမှာပဲ မိဘမဲ့ ခလေးတယောက်မွေးစားပြီးရှိနေတဲ့
အကြောင်းတွေ
စုံလင်အောင်သိမှ ခင်များအိမ်ဝင်လို့ရဖို့ ခင်များယုံကြည်မူရဖို့ ခင်များသမီးမြနှင်းကို အသုံးချပြီး
ဇတ်လမ်းတပုတ်ဆင်လိုက်ရတာပါပဲ....
.ဒေါ်မြသာ
ခင်များရဲ့ နောက်ဆုံးခရီးလှပါစေဗျာ...."

မြနှင်းမှာလူးလှိမ့်မူငြိမ်သက်သွားပြီဖြစ်သော
မိခင်ကြီးအနားငိုယ်ိုကာကျန်နေရစ်ခဲ့တော့၏ ။

လှည့်ထွက်လာသော နန္ဒမျက်ဝန်းအိမ်တွင်ကားမျက်ရည်များ ကျဆင်းနေလျှက်ရှိနေ၏။

"ရိုးသားအပြစ်ကင်းတဲ့ မင်းကို မိသားစုရန်ငြို းအတွက်အသုံးချမိတဲ့ ကို့ကိုယ်ခွင့်မလွတ်ပါနဲ့တော့
မြနှင်းရေ. မင်းဘဝကို ဒုက္ခတွေယူလာတဲ့နတ်ဆိုးတကောင်အဖြစ် တသက်လုံးမုန်းနေပါတော့.....
ဒါပေမယ့်...မင်းကို ကိုယ်တကယ်ချစ်ခဲ့မိပါတယ်...မြနှင်းရယ်
ဒါပေမယ့် ကို့ကိုယ်ခွင့်မလွတ်ပါနဲ့တော့.. ...
နတ်ဆိုးတကောင်လို တသက်လုံးမုန်းလိုက်ပါတော့....."

နန္ဒ၏ အရူးတယောက်လိုရေရွတ်ပြောဆိုနေသောစကားများအားမြနှင်းတယောက်ကြားခဲ့လျှင်သူမသည်နန္ဒအပေါ်မည်သို့သဘောထားသတ်မှတ်မည်မဆိုနိုင်ပေ။ သို့ရာတွင်နန္ဒရင်တွင်းစကားများမြနှင်းမကြားနိူင်သလို နန္ဒသည်လည်းဖွင့်ပြောလိမ့်မည်မထင်ပေ။
==========================

(ပြီးပါပြီ)

ကြိုးစားလျက်

မြူခိုးအလင်္ကာ
#credit

Comments