ဘွားမယ်စိန်နှင့်စုန်းအိုမ
ဘွားမယ်စိန်နှင့်စုန်းအိုမ
(စာမူ...၃၄)
စ...ဆုံး
"ဟဲ့...ညည်းမနေ့က ဒေါ်ဗန်းကြီးနဲ့ရန်ဖြစ်တယ်ဆို"
"ဟုတ်တယ်လေ...ကျုပ်ဆီက
ငါးဝယ်တာကောင်းကောင်းမဝယ်ဘဲ
အလေးခိုးသလေးဘာလေးနဲ့"
"ဟယ်...ညည်းကတော့အာဂမိန်းမပဲ...။
ဒီမြိတ်ကုန်းရွာမှာ ဒေါ်ဗန်းကြီးကို ဘယ်သူမှရန်မဖြစ်ရဲဘူးအေ့"
"ဘာလဲ...သူကစုန္းမမို့လို့လား"
"အေးလေ"
"တော်စမ်းပါတော်...စုန်းမ မကလို့ ဘာကောင်မပဲ ဖြစ်ဖြစ်
ကျုပ်ဆိုတဲ့မိကြည်က မကြောက်ရေးချမကြောက်ဘဲ"
"ညည်းအေ...ဒုက္ခတော့ရောက်ကုန်တော့မှာပဲ"
မြိတ်ကုန်းရွာ၏ငါးသည်နှစ်ဦးစကားပြောဆိုနေကြခြင်းဖြစ်သည်။
မိကြည်ဆိုသောငါးသည်မ သည် ဒေါ်ဗန်းကြီးဆိုသော မိန်းမကြီးနှင့်ရန်ဖြစ်ခဲ့
ခြင်းအကြောင်းကိုပြောဆိုနေကြခြင်းဖြစ်၏။
ခဏအကြာ၌
ဈေးသည်မနှစ်ယောက်သည်ရွာလမ်းမထက်၌
စကားပြောဆိုခြင်းကို ရပ်ပြီးနောက်
သူတို့၏လိုရာသို့သာထွက်သွားကြတော့လေသည်။
************************
တဲအိမ်ကြီးတစ်ခုအတွင်း၌ မိန်းမကြီးတစ်ယောက်ရှိနေခဲ့သည်။
တစ်အိမ်လုံးတွင်သူတစ်ယောက်သာရှိ၏။
သူ၏အိမ်အတွင်း၌ ဘုရားစင်ဟူ၍မရှိပေ။
အိမ်သည်လည်း အမျိုးအမည်မသိသော ပစ္စည်းများဖြင့်
ရှုပ်ပွ၍နေခဲ့၏။
ထိုအမျိုးသမီးကြီး၏အမည်သည် ဒေါ်ဗန်းကြီးဖြစ်ပေသည်။
ဒေါ်ဗန်းကြီးသည်ဆွေမျိုးမရှိ...။
ပြီးနောက် မြိတ်ကုန်းရွာသူလည်းမဟုတ်ပေ။
မြိတ်ကုန်းရွာသူမဟုတ်သော ဒေါ်ဗန်းကြီးသည် မြိတ်ကုန်း ရွာသူ၊ရွာသားများနှင့်အဆက်အဆံမရှိပေ။
တစ်ခါတစ်ရံသူ၏ အိမ်ဝိုင်းအတွင်း၌ သရက်သီးလာကောက်တတ်သော ကလေးများအားလည်း ဆဲဆိုအော်ငေါက်လွှတ်
တတ်သေး၏။
တစ်ခါတစ်ရံ သူနှင့်မျက်နှာကျောမတည့်သူများနှင့်လည်း
ရန်ဖြစ်တတ်ပြန်သည်။
သူနှင့်ရန်ဖြစ်မိသူများသည်ယခုအချိန်၌
လူ့လောက၌မရှိကြရှာတော့။
အကြောင်းအမျိုးမျိုးဖြင့်ဆုံးပါးသွားကြပြီဖြစ်သည်။
ဒေါ်ဗန်းကြီးအကြောင်းတစတစ လူသိများလာသောအခါ
မြိတ်ကုန်းရွာသူ၊ရွာသားတို့သည် ဒေါ်ဗန်းကြီးအား ဝေးဝေး
ရှောင်ကြတော့၏။
ယခုလည်းဒေါ်ဗန်းကြီးတစ်ယောက် သူ၏အိမ်အတွင်း၌အလုက်များနေခဲ့လေသည်။
သူသည် မီးဖိုလေးတစ်ခုအပေါ်၌ အိုးခြမ်းပဲအား အပူပေး၍ထား၏။
သူ၏လက်အတွင်း၌ကောက်ရိုးဖြင့်ပြုလုပ်ထားသော
လူပုံစံအရုပ်တစ်ခုကို ကိုင်ဆောင်၍ထား၏။
သူသည် ထိုအရုပ်အားကြည့်ပြီး ပြုံး၍နေသည်။
သူ၏အပြုံးတို့သည် ကြောက်မက်ဖွယ်ကောင်းလှ၏။
သူသည်ပြုံးရယ်ရင်းမှ...
"ဟားး....ဟားးး....ဟားး...ဟားး...ဟားး.....ဟားး....."
ဟု အော်ဟစ်ရယ်မောပြန်၏။
ပြီးသောအခါ သူသည် ကောက်ရိုးလူရုပ်အား
အပူပေးထားသည့် အိုးခြမ်းပဲ့ပေါ်သို့တင်လိုက်တော့သည်။
သူ၏လုပ်ရပ်အား သူကိုယျတျိုငျတစိမျစိမျ့ကွညျ့ကာ ကျေနပ်၍နေပြန်သည်။
***************************
"အား...အမလေး...အမေရေ....ပူ...ပူလိုက်တာတော်...."
အမျိုးသမီးတစ်ဦးသည်.မြေ၌ လွန့်လူး၍နေခဲ့သည်။
လွန့်လူးလှုပ်ရှားလွန်း၍ သူ၏ကိုယ်၌အဝတ်စားများက
မမြဲတော့။
ဘေးရှိမိဘမောင်ဘွားများကလည်း အထိတ်တလန့်ဖြစ်ကုန်ကြတော့သည်။
"ဟဲ့...မိကြင်...သမီး...သမီး....."
"အစ္မ...ဟာ...."
"လုပ်ကြပါဦးဟယ်...လုပ်ကြပါဦး"
"အမေရေ....အား.....ပူလိုက်တာ...ပူလိုက်တာတော်.....
အမလေး....အားးးးး......"
မြေ၌ လူးလှိမ့်နေသည်က ငါးသည်မ မိကြင်ဖြစ်ပေသည်။
မိကြင်သည် အော်ဟစ်လူးလှိမ့်လို့နေခဲ့၏။
ထိုသို့အားလုံးက မည်သို့လုပ်ရမည်မသိေသာအျခ်ိန်
တခဏအတွင်းမိကြင်ငြိမ်သက်သွားတော့လေသည်။
မိကြင်ငြိမ်သက်သွားသောအခါ...
"သမီး...သမီး မိကြင်..."
"အစ်မ...အမလေးဗျ.... ပူလိုက်တာ"
မိကြင်၏မောင်ဖြစ်သူ မောင်စိုင်သည် မိကြင်အားလှုပ်နိုးလိုက်သောအခါ သူ၏လက်အစုံသည်ပူလောင်၍သွားရှာသည်။
"အမေ...အမေ...အစ်မ ကိုယ်က ပူနေတာပဲဗျာ..."
"ဟင်..."
"ဟာ..."
"မိကြင်အသက်မရှိတော့ဘူး...။မိကြင်အသက်မရှိတော့ဘူး..."
"အမလေး...သမီးရဲ့....သမီးလေးရဲ့....အီးးး...ဟီး...ဟီး....။
အမေ့သမီးကြီးလေးရဲ့.....အမလေးတော့်....အီး...ဟီး...ဟီး..."
မိကြင်၏မိခင်ကြီးကတော့ မြေသို့
လက်ကိုတဘုန်းဘုန်းရိုက်၍
ငိုကြွေးနေလေသည်။
မိကြင်၏မောင်ဖြစ်သူ မောင်စိုင်သည်က...
"တောက်...ကျုပ်အစ်မကိုအခုလိုဖြစ်အောင်လုပ်တာ ဟိုစုန်းမ
ဟိုစုန်းမပဲဖြစ်ရမယ်...ဒင်းကို သတ်မယ်...
ဒင်းကိုအသေသတ်ပစ်မယ်"
"ဟိတ် ဖိုးစိုင်ကို ဆွဲထားကြစမ်း...။
အဲ့မိန်းမကဘာမှန်းမသိဘဲ
မင်းသွားလို့ရမလား ဖိုးစိုင်ရ...
အမေဖြစ်သူမျက်နှာကိုလည်းမင်းကြည့်ဦးမှပေါ့...
မင်းပါတစ်ခုခုဖြစ်သွားခဲ့ရင်သူပိုခံစားရမှာကွာ"
အသက်ကြီးကြီးရွာသားမှ မောင်စိုင်အားတားဆီးလိုက်သောအခါ မောင်စိုင်ငြိမ်သွားတော့သည်။
သူအားဆွဲထိန်းထားသူများအားဖယ်စေပြီးနောက်
မိခင်ကြီးအားဖက်၍ သားအမိနှစ်ယောက်ငိုကြွေးကြရှာသည်။
ထိုသို့ဖြင့် စုန်းမ ဒေါ်ဗန်းကြီးအား မြိတ်ကုန်းရွာသားများ
ပိုကြောက်ရွံလာခဲ့ကြသည်။
မောင်စိုင်ကတော့ အစ်မဖြစ်သူအတွက်မကျေနပ်ပေ။
မိခင်ကြီးရှေ့၌သာ ဟန်ဆောင်နေရ၏။
အစ်မဖြစ်သူ မိကြင်၏အသုဘပြီးသည်နှင့်
မိခင်ကြီးအားကန်တော့ခဲ့ပြီးရွာမှထွက်သွားတော့လေသည်။
သူမသွားခင်မိခင်ကြီးအား...
"အမေ...သား...အစ်မအတွက်လက်စားချေမယ်...။
ဒီအတွက် ဒီစုန်းမကို နိုင်မယ့်သူကို သားလိုက်ရှာမယ်...
အဲ့တာကို အမေခွင့်ပြုပါဗျာ"
"အင်း....အမေ့သားရဲ့စိတ်ကိုအမေသိပါတယ်....။
ဒါကြောင့်အမေခွင့်ပြုတယ်သား...။သားဘက်ကသာ
တာဝန်ကျေပါစေကွယ်"
မောင်စိုင်သည် မိခင်ကြီး၏စကားကြောင့်ဝမ်းသာမျက်ရည်များကျလာပြီး...
"စိတ်ချအမေ...သားအမြန်ဆုံးရှာပြီတာနဲ့
အမေ့ဆီပြန်လာခဲ့မှာပါ...အမေ့ကိုကန်တော့ပါတယ်ဗျာ"
"သာဓု...သာဓု...သာဓု...အမေ့သားလေး
လမ်းခရီးမှာခလုတ်မထိဆူးမငြိဘဲ
လိုရာအရပ်ကိုရောက်ပါစေကွယ်..."
"ပေးတဲ့ဆုနဲ့ပြည့်ပါစေအမေ...။သားသွားတော့မယ်နော်"
"အေး.........."
မိခင်ကြီးသည် ဝမ်းနည်းမှုကိုဖုံးကွယ်ထားရှာ၏။
မောင်စိုင်သည်လည်း မျက်ရည်အဝဲသားဖြင့် အံကိုခပ်တင်းတင်းကြိတ်ကာ နောက်သို့လှည့်မကြည့်ဘဲ
ရွာမှထွက်သွားခဲ့တော့၏။
******************************
နွေမှမိုး...မိုးမှဆောင်း တရွေ့ရွေ့ပြောင်းလဲနေသော လူရပ်ရွာတို့၌ အချိန်တို့သည်ကား တဖြေးဖြေးပြောင်းလဲလျက်ပင်။
"ဘွားရှိလားဗျို့... ကျုပ်တို့ဝင်လာခဲ့ပြီနော်"
"လာဟေ့...ရှိတယ်...။ဝင်ခဲ့ကြ"
ခြံဝိုင်းအပြင်မှမောင်တိုး၏အသံကိုကြားသောအခါ
ဒေါဝင်းအော်ဖြေလိုက်လေသည်။
ခြံဝိုင်းထဲဝင်လာသော လူသုံးယောက်အနက်
တစ်ယောက်အား ဒေါ်ဝင်းမသိပေ။
"ဟဲ့...ဧည့်သည်ပါလာတာလား"
"ဟုတ်တယ်အရီး...ဘွားနဲ့တွေ့ချင်တယ်ဆိုလို့ခေါ်လာတာ...။
တည်းတာကတော့ဘုန်းကြီးကျောင်းမှာပေါ့"
"သြော်...အေး...ထိုင်ကြကွယ်...။မင်းတို့ဘွား ဘုရားကန်တော့နေတယ်...တော်နေဆင်းလာလိမ့်မယ်..."
"ဟုတ်ကဲ့အရီး...နောင်ကြီးဝင်ထိုင်ပါဗျာ"
မောင်တိုးနှင့်မောင်အုန်းတို့သည် ဧည့်သည်အား ကွပ်ပျစ်၌ဝင်ထိုင်ခိုင်းကြသည်။
ဒေါ်ဝင်းကတော့ ဧည့်သည်အတွက်
ရေနွေးကြမ်းနှင့်လက်ဖက်ပွဲတည်ခင်းရန်
မီးဖိုချောင်သို့ဝင်သွားလေပြီ။
ခဏအကြာ၌ ဘွားမယ်စိန်အိမ်အပေါ်ထက်မှဆင်းလာခဲ့သည်။
မီးဖိုချောင်မှထွက်လာသောဒေါ်ဝင်းက...
"အမေ...မောင်တိုးတို့ရောက်နေတယ်..."
"အေး...အစောက ကြားမိတယ်....။
ဘုရားကန်တော့နေရင်းမို့ဆင်းမလာခဲ့တာ"
"ဟုတ်ကဲ့ဗျ"
"ဘွား...ဒီကနောင်ကြီးနာမည်က ကိုမောင်စိုင်တဲ့ဗျ...။
နောင်ကြီးကလည်း နောင်ကြီးအကြောင်းတွေ
ဘွားကိုပြောပြလိုက်ဗျာ"
ဘွားမယ်စိန် ကွပ်ပျစ်၌ဝင်ထိုင်သည်။
ဒေါ်ဝင်းက ရေနွေးကြမ်းအိုး...လက်ဖက်ပွဲပြင်ပြီးကွပ်ပျစ်၌
အသင့်ချပေးထားလေပြီ။
"ကဲ...ပြောပါဦး...မောင်ရင်ကဘယ်ဇာတိကလည်း"
ဘွားမယ်စိန်စတင်မေးမြန်းသောအခါ...
"ကျုပ်ကမြိတ်ကုန်းရွာသားပါ...မြိတ်ကုန်းက ဒီနယ်ကတော့မဟုတ်ပေဘူးဗျ...။တော်တော်တော့ဝေးတယ်...။
ကျုပ်က လူတစ်ယောက်ကိုရှာဖို့
လပေါင်းများစွာနယ်လှည့်နေရတဲ့သူပါ "
"ဟေ...မောင်ရင့်စကားကအဆန်းပါလား...။
ဘယ်လိုလူကိုရှာဖို့မောင်ရင်ကဒီလောက်ဝေးတဲ့
အရပ်တွေဆီကိုသွားလာနေရတာတုန်း"
"ကျုပ်တို့ရွာမှာ ကျုပ်တို့ရွာသူမဟုတ်တဲ့ မိန်းမကြီးတစ်ယောက်ရှိတယ်ဗျ...။သူ့နာမည်ကဒေါ်ဗန်းကြီးတဲ့...။အခုကျုပ်လာရတာအဲ့မိန်းမကြောင့်ပါ အဲ့မိန်းမကို ကျုပ်ရှင်းပစ်နိုင်မယ့်လူကို လာရှာတာပါ"
"အလို...ဒါကပိုဆန်းကျယ်တာပါလား...။
ဘယ်လိုကြောင့် သူ့ကို မောင်ရင်ကရှင်းပစ်ချင်ရတာတုန်း။
ဘွားကိုသေချာပြောစမ်းကွယ်"
မောင်စိုင်သည် နာနာကျည်းကျည်းဖြင့်ပြောနေခဲ့သည်။
သူ၏မျက်နှာထက်၌ မုန်းတီးခြင်း၊ ဝမ်းနည်းခြင်း ပုံရိပ်များက
ပေါ်လွင်နေခဲ့သည်။
ဘွားမယ်စိန်တို့၏စကားဝိုင်း၌ မည်သူမှဝင်မပြောရဲ။
ဝင်ပြောဖို့နေနေသာသာ အားလုံးကစိတ်ဝင်စားနေကြ၏။
"ဒေါ်ဗန်းကြီးဆိုတာ လူမဟုတ်ဘူး ဘွား...။
သူ့ရဲ့အောက်လမ်းအတတ်တွေကိုအသုံးချပြီး
လူတွေကိုသတ်တဲ့စုန်းမတစ်ယောက်ဗျ....သူ့ကြောင့်...
သူ့ကြောင့်သေရတဲ့ထဲ ကျုပ်...ကျုပ်အစ်မလည်းပါတယ်ဗျ"
"ဟင်..."
"ဟာ..."
"ဘုရား...ဘုရား........"
မောင်စိုင်၏စကားအဆုံး၌ မောင်တိုး၊မောင်အုန်း၊ဒေါ်ဝင်းတို့ထံမှ ထိတ်လန့်သံများထွက်ပေါ်လာခဲ့သည်။
ဘွားမယ်စိန်သည်က ခေါင်းလေးသာငြိမ့်နေရှာ၏။
"အင်း...ဒါကြောင့်မောင်ရင်က
ဒီဒေါ်ဗန်းကြီးဆိုတဲ့သူကိုရှင်းပေးနိုင်မယ့်
သူကိုလိုက်ရှာနေတာပေါ့"
"ဟုတ်တယ်ဘွား...။
ကျုပ်လိုက်ရှာခဲ့တာ နေရာအတော်နှံ့နေပါပြီ။
တစ်နှစ်ဆိုတဲ့အချိန်အတော်အတွင်း
ဆရာမျိုးစုံကိုလည်း ကျုပ်တွေ့ခဲ့ရတယ်။
ဒါပေမယ့် ကျုပ်စိတ်ထဲ ဒေါ်ဗန်းကြီးကိုသူတို့မနိုင်လောက်ဘူးလို့ ထင်ပြီး ဆက်ရှာနေခဲတာ...။အခုတော့
ကျုပ် ဘွားသတင်းတွေကြားပြီး ဘွားကိုလာပင့်ရတာပါဗျာ"
"မောင်ရင့်ရဲ့စိတ်ဓာတ်ကိုတော့ ဘွားသဘောကျတယ်။
မောင်ရင်ဟာ ဇွဲ၊သတ္တိပြည့်စုံသူတစ်ယောက်ပဲ...
မောင်ရင့်ရဲ့စိတ်ဓာတ်ကို အလေးထားတဲ့အနေနဲ့
ဝေးကွာလှတဲ့မောင်ရင့်ရဲ့ ရွာကို ဘွားလိုက်ခဲ့ပါ့မယ်"
"ကျေး...ကျေးဇူးတင်လိုက်တာဗျာ...။အမေသာ သိရင် ဝမ်းသာမှာဗျ...ကျုပ်တကယ်ကျေးဇူးတင်ပါတယ်ဘွားရယ်"
မောင်စိုင်တစ်ယောက် ပျော်မဆုံးဖြစ်နေလေပြီ။
ဝမ်းသာပျော်ရွင်လွန်း၍ မျက်ရည်များပင်ကျဆင်းနေခဲ့၏။
ထိုသို့ဖြင့် ဘွားမယ်စိန်တို့သည်နောက်တစ်ရက်နံနက်၌
မောင်စိုင်၏ရွာသို့လိုက်ပါသွားကြတော့၏။
****************************
မောင်စိုင်၏ရွာသို့ရောက်သောအခါ မောင်စိုင်မိခင်နှင့်ဆွေမျိုးများက ဝမ်းပန်းတသာကြိုဆိုကြ၏။
မောင်စိုင်ရွာသို့ပြန်ရောက်လာ၍
သူတို့ခမျာလည်းပျော်ရွင်နေကြလေသည်။
ဘွားမယ်စိန်တို့အားလည်း တလေးတစားဧည့်ခံကြလေသည်။
ထိုနေ့၌တော့ မောင်စိုင်အိမ်၌သာ ညအိပျအနားယူလျိုကျဖို့
ဆုံးဖြတ်ထားကြသည်။
ခရီးကပင်ပန်းလာသည်မို့
ဒေါ်ဗန်းကြီးကိစ္စအားချက်ချင်းမစီမံနိုင်သေးပေ။
မနက်ခင်း၌ရောက်ကြသည်မို့ ဘွားမယ်စိန်သည်
မောင်စိုင်၏မိခင်နှင့်စကားလက်ဆုံကျနေခဲ့၏။
မောင်တိုးတို့မှာကား မောင်စိုင်နှင့်အတူ အိမ်ဝိုင်းထဲရှိကွပ်ပျစ်၌ထိုင်နေခဲ့ကြသည်။
ထိုအချိန်၌...
"ကိုကြီးမောင်စိုင်...ဗျို့ကိုကြီးမောင်စိုင်"
"ဝေ့...ဘယ်သူတုန်း ငါဒီမှာဟ"
"ကျုပ်ပါဗျ....နောက်တိုးပါ..."
"အေး...လာဟေ့ နောက်တိုး မတွေ့တာကြာပေါ့"
နောက်တိုးဆိုသော ကောင်လေးတစ်ယောက်ရောက်လာခဲ့သည်။
အုန်းမှုတ်ခွက်ပုံစံဆံပင်ဖြင့်နောက်တိုးသည်...
"ကျုပ်လာတာ ကိုကြီးမောင်စိုင်ကိုပြောစရာရှိလို့ဗျ"
"ဘာများတုန်းနောက်တိုးရဲ့..."
မောင်စိုင်ကမေးသည်။
မောင်တိုးတို့ကကြည့်နေကြ၏။
"ဒီလိုဗျ... မနက်က ကျုပ်ဒေါ်ဗန်းကြီးအိမ်ရှေ့က
ဖြတ်သွားတော့...ဒေါ်ဗန်းကြီးက ကျုပ်ကိုလှမ်းခေါ်တယ်...ကျုပ်လည်းကြောက်ကြောက်နဲ့သွားတာပေါ့...။
သူ့ကြည့်ရတာအလျင်လိုနေပုံပဲဗျ...။"
"ဟေ...မင်းကိုခေါ်ပြီးသူကဘာလုပ်တာတုန်း နောက်တိုးရ"
မောင်စိုင်ကမေးသောအခါ နောက်တိုးကလက်ကာပြပြီး...
"နေပါဦးဗျာ...ကျုပ်ပြောမှာပေါ့...တကယ်က သူက အထုပ်တစ်ခုကို ကျုပ်ကိုရွာပြင်ကိုသယ်သွားပေးခိုင်းတာ...။
ကျုပ်ကို ဒင်္ဂါးတချို့ပေးပြီးခိုင်းတာဗျ...။
ကျုပ်လည်း ဒါလေးတော့လုပ်ပေးနိုင်တာနဲ့ သူပေးတဲ့အထုပ်ကိုရွာပြင်ယူသွားပေးလိုက်တာ...ကျုပ်ရွာပြင်ရောက်ပြီး ခဏကြာတော့ သူလည်းနောက်ကလိုက်လာတာလေ...။
သူ့အထုပ်ကိုသူ့ပေးလိုက်ပြီး ကျုပ်လည်း
ရွာထဲပြန်လာခဲ့လိုက်တော့တာပဲဗျာ"
"ဟင်...နောက်တိုး... မင်းက သူ့အထုပ်ကိုရွာပြင်သယ်ပေးတယ်
ဟုတ်သလား"
"ဟုတ်တယ်လေဗျာ... "
"ခွေးမသား...မင်းကြီးတော်က
ရွာကထွက်ပြေးသွားတာထင်တယ်...။
အဲ့အကြောင်းအခုမှပြောသလားကွဟေ"
"အာ....အဲ့တာ...ကျုပ်...ကျုပ်မှမသိတာဗျာ..."
"တောက်...ခွေးအိုမ...ဒင်းက သူ့ကိုနိုင်လောက်မယ့်သူခေါ်လာတော့ရွာကနေထွက်ပြေးတယ်ပေါ့လေ...
တွေ့ကြသေးတာပေါ့ကွာ"
မောင်စိုင်သည်ဒေါသတကြီးဖြင့်ထွက်သွား၏။
မောင်စိုင်ထွက်သွားလေတော့ ဘွားမယ်စိန်အား
မောင်တိုးတို့က
အကျိုးအကြောင်းပြောလိုက်ကြသည်။
ထိုအခါ ဘွားမယ်စိန်က...
"ဒါဆိုရင်တော့မိဗန်းကြီးတစ်ယောက်ဒီရွာကိုဘယ်တော့မှပြန်လာတော့မှာမဟုတ်ဘူး...။
သူ့ရဲ့အဆုံးသတ်ကိုသူကြောက်ပြီး ထွက်ပြေးသွားတာပဲ...။အင်း...ခက်တာက သူ့နောက်ကိုလိုက်နေတဲ့ အကုသိုလ်အကျိုးဆက်တွေကိုတော့ဖြင့်
သူရှောင်နိုင်မှာမဟုတ်ဘူးဆိုတာ သူမသိလေဘူးကွယ်.........."
ဘွားမယ်စိန်က ထိုမျှသာပြောလေသည်။
မောင်တိုးတို့ကလည်းခေါင်းလေးတငြိမ့်ငြိမ့်ဖြင့်
သံဝေဂရနေကြ၏။
မောင်စိုင်တို့ရွာသားများ ဒေါ်ဗန်းကြီးအားလိုက်လံရှာဖွေပါသော်လည်း ဒေါ်ဗန်းကြီးတစ်ယောက်
မြိတ်ကုန်းရွာ၌မရှိတော့ပေ။
မြိတ်ကုန်းရွာမှထွက်ပြေးသွားသော ဒေါ်ဗန်းကြီးအား မည်သူမှရှာမတွေ့ကြတော့။
ထိုသို့ဖြင့် မောင်စိုင်တို့အိမ်၌ သုံးရက်မျှနေထိုင်ပြီးသည်နှင့်ဘွားမယ်စိန်တို့သည် သောငျထှနျးရှာသျို့ပွနျဖို့ရနျ
ပြင်ဆင်ကြတော့၏။
မောင်စိုင်နှင့်မောင်စိုင်၏မိခင်တို့မှ ဘှားမယျဈိနျတို့အား
ဆက်လက်နေထိုင်ကြဖို့ပြောပါသော်လည်းဘွားမယ်စိန်က ....
"ဘာမှမပူကြလေနဲ့...မောင်ရင်လည်း အငြိုးတွေကိုဖြေဖျောက်လိုက်တော့...မောင်ရင်ငြိုးထားတဲ့သူကလည်း သူ့အကုသိုလ်နဲ့သူပေးဆပ်ရတော့မှာမို့ ဒီအငြိုးကိုဒီမှာပဲဖြတ်တောက်လိုက်ပြီး
မိဘကိုလုပ်ကျွေးပြီးပျော်ပျော်ရွင်ရွင်နေကြပါ။
ကုသိုလ်ပြုသူအတွက် ကောင်းကျိုးဟာ ကိုယ်နဲ့မကွာလိုက်ပါတတ်သလို...အကုသိုလ်ပြုလုပ်သူအတွက်လည်း ဆိုးကျိုးဟာ လိုက်ပါလာစမြဲပဲ....အချိန်ကာလ...အနှေး...အမြန်သာ ကွာခြားသွားတာပါကွယ်"
ဟု....မောင်စိုင်အားဆုံးမခဲ့ရှာသည်။
ပြီးနောက်သောင်ထွန်းရွာသို့ပြန်လာခဲ့ကြတော့၏။
ပြီးပါပြီ။
(စာဖတ်သူတို့လည်း ...မကောင်းမှုရှောင်ပြီး
ကောင်းမှုကုသိုလ်များပြုလုပ်နိုင်ကြပါစေ)
ယဉ်မင်း(ကန့်ဘလူ)
(youtubeချန်နယ်များစာမူသုံးချင်ရင် ခွင့်ပြုချက်ယူကြပါ)
#credit
Comments
Post a Comment