ကဝေပျိုအငြိုးနဲ့ နတ်ဆိုးချစ်သူ/ အခန်း ၁
ကဝေပျိုအငြိုးနဲ့ နတ်ဆိုးချစ်သူ
========================
အခန်း [၁]
အချိန်ကား ည[၁၁] နာရီကျော်ဝန်းကျင်ခန့်မျရှိချိန်ဖြစ်၏ ။
လမိုက်ညဖြစ်ခြင်းကြောင့်ကောင်းကင်ကား
အနက်ရောင်ဝတ်ရုံလွာကြီးအားဆင်မြန်းထားသလို
ပိန်းပိန်းပိတ်အောင်မှောင်မဲနေသည်။
ယနေ့ညအတွက်မူကား ကြယ်တလုံးတလေမျပင်
ကောင်းကင်ပြင်တွင်မတွေ့နိုင်ချေ ။
လူနေရွာငယ်လေးတစ်ရွာသည်ကား
ညအမှောင်ထု
အောက်တွင် တိတ်ဆိတ်စွာဖြင့် အိပ်မောကျနေလျှက်ရှိသည်။
ရွာသားများမှာကား လယ်ယာကိုင်းကျွန်း လုပ်ကိုင်သော ကျေးလက်နေလူတန်းစားများဖြစ်
သောကြောင့် မနက်စောစောထကာ လုပ်ငန်းခွင်ဝင်
ရန်ညဖက်နေဝင်မိုးချုပ်သည်နဲ့ ခနတဖြုတ် ဝိုင်းဖွဲ့ကာ
စကားစမြည်ပြောဆို ကြရင်း လူစုခွဲအိပ်ယာ
ဝင်ခဲ့ကြပြီ ဖြစ်သည်။
ရွာကလေးသည်ကား ယခုမူကား တိတ်ဆိတ်ငြိမ်သက်လျှက်ရှိနေသည်။
တခါ တခါ ရွာလယ် လမ်းတလျှောက် မဲမဲ မြင်ရာ
ထိုးဟောင်နေသော ခွေးတစုမှ လွဲလျှင် ကျန်အသံဗလံများ မရှိပေ ။
ရွာကလေးအပြင်ဖက် ခပ်ကျကျတောစပ်တွင်ကား သစ်လုံးအိမ်ငယ်ကလေးတစ်လုံးရှိနေပြီး
သစ်လုံးအိမ်ကလေးတွင်းမှ ထွန်းညှိထားသောဆီမီးရောင်သည် ဖွင့်ထားသောပြတင်းပေါက်မှ တဆင့် အပြင်သို့ အနည်းငယ်မျ လျံကျလင်းနေလျှက်ရှိနေသည်ကိုတွေ့နေရ၏ ။
သစ်လုံးအိမ်ဧည့်ခန်းအတွင်းတွင်ကား သစ်သားစားပွဲတလုံးရှိနေပြီးထိုစားပွဲအားဝိုင်းပတ်ကာဝါးထိုင်ခုံလေးများအစီအရီချထား၏ ။
ထိုစားပွဲပေါ်တွင် ရေနံဖြင့်ထွန်းညှိရသော လက်ဆွဲ မီးအိမ်တလုံးအား ထွန်းညှိထားပြီး ဧည့်ခန်းအတွင့်သင့်တင့်သော အလင်းရောင်ရရှိနေကာ
အပြင်သို့ လျှံထွက်နေသော အလင်းသည်ကား ထိုမီးအိမ်မှ အလင်းပင်ဖြစ်နေတော့၏ ။
ငြိမ်သက်စွာဖြင့် ရှိသောကြောင့် လူမရှိဟု ထင်စရာရဖိသော်လည်း အခန်းအတွင်း ဝါးကုလားထိုင်ပေါ်တွင် မျက်နှာချင်းဆိုင်အနေအထားဖြင့်
လူနှစ်ယောက်တိတ်ဆိတ်ငြိမ်သက်စွာဖြင့် ရှိနေကြသည်။
အမျိုးသမီးနှစ်ယောက်ပင်ဖြစ်သည်။
တစ်ယောက်မှာကား ပျို မြစ် နုငယ်သော ၁၈ နှစ်အရွယ်
ကောင်မလေးတစ်ယောက်ဖြစ်ပြီး အခြားတစ်ယောက်မှာကား အသက် ၂၅ ဝန်းကျင်ခန့်မျ
အမျိုးသမီးတစ်ယောက်ပင်ဖြစ်သည်။
ထူးခြားမူအနေဖြင့်ကား အသက်အနည်းငယ်မျ ကြီးသောအမျိုးသမီးသည်သူ၏ရှည်လျှားနက်မှောင်သော ပိတုံးရောင်ကေသာအားဖားလျားချ
ဖြန့်ချထားခြင်းနဲ့အတူအနက်ရောင်ထက်အောက်ဆင်တူဝတ်ဆင်ထားကာထမီအထက်ဆင်အားအောက်ချ ဝတ်ဆင်ထားမူကြောင့်
ယခုလိုညအချိန်မျိုးတွင် ယခုလိုသာမာန်မဟုတ်ပဲ ဝတ်စားထားခြင်းမျိုးကထူးဆန်းနေ၏ ။
ဆီမီးရောင်ဝါကျင့်ကသူတို့မျက်နှာအား ထင်ဟပ်နေသဖြင့်သူတို့နှစ်ယောက်မျက်နှာအား ထင်ရှားစွာဖြင့်တွေ့နေရပြီး နှစ်ယောက်စလုံး၏ မျက်နှာတွင်ကား စိုးရိမ်ခြင်းသောက တခုအား ထိန်းချုပ်ထားနိုင်စွမ်းကင်းမဲ့စွာပေါ်လွင်နေသည်။
"ဒင်.....ဒင်....ဒင်....ဒင်..."
အိမ်ဧည့်ခန်းနံရံတွင်ချိတ်ဆွဲထားသောရှေးဟောင်း တိုင်ကပ်နာရီမှ
ည[၁၂] ထိုးသံသည် တိတ်ဆိတ်ငြိမ်သက်စွာ ထိုမိန်းမနှစ်ယောက် ကိုယ်ခန္ဓာ အားဆတ်ခနဲ တုန်ခါသွားစေသည်။
"ကဲ..ညီမလေး မမ သွားရတော့မယ်
မမ မှာတာတွေ မမေ့ပါနဲ့ "
"အဟင့် ...ဟင့်...မမရယ်..မသွားလို့မရဘူးလား"
အမ ဖြစ်ဟန်တူသော အမျိုးသမီးကြီးပြောစကားကြောင့်
အမျိုးသမီးငယ်လေးမှာနဂိုကတည်းကငိုချင်စိတ်ကိုထိန်းချုပ်ထားရသည်မှာမခံစားနိုင်တော့ဟန်ဖြင့် မျက်ရည်များကျဆင်းလာရင်း ရိူက်သံတဝက်ဖြင့် အစ်မဖြစ်သူကို တားလိုက်ခြင်းပင်ဖြစ်၏ ။
အမ ဖြစ်သူကား ဝဲတက်လာသောမျက်ရည်အား မျက်တောင်တဖျတ်ဖျတ်ခပ်ကာ ထိန်းလိုက်ရင်း....
"မရတော့ဘူး ညီမလေး ဒီနေ့ညဟာ ဒင်းနဲ့မမ
တစ်ယောက်ယောက်သေမှ ဇတ်လမ်းပြီးမှာ..
ဒါပေမယ့်.......”
အစ်မဖြစ်သူသည် စကားအားဖြတ်လိုက်ရင်း အိပ်ခန်းတခုအားလှမ်းကြည့်လိုက်သည်။
ထို့နောက် အိပ်ခန်းဆီသို့ဝင်သွားလိုက်တော့သည်
အခန်းအတွင်းမူကား အသက် ၅ နှစ်အရွယ်ခန့် ကလေးငယ်တစ်ယောက် နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေသည်ကို အပြင်မှဝင်လာသော မီးရောင်တစွန်းတစဖြင့်တွေ့နေရ၏ ။
အမျိုးသမီး သည်ကလေးငယ် အိပ်နေရာအနီးတွင်
ထိုင်ချလိုက်ရင်း ကလေးငယ် နဖူးဆီမှ ဆံစများအားသပ်တင်ပေးရင်း မျက်ရည်များကျဆင်းလာနေတော့၏ ။
ပြီးနောက် ကလေးငယ်ပါးပြင်အား ဖွဖွလေး ငုံနမ်းလိုက်ရင်း.....
"အမေ့ကို ခွင့်လွတ်ပါ သားလေးရယ်..
သားလေးဆီ အမေပြန်လာချင်မှပြန်လာနိုင်တော့မှာ
အဟင့်....."
အမျိသမီးကားရိူက်သံတိုးတိုးဖြင့် တိုးတိုးလေးသားဖြစ်သူအားကြည့်ကာပြောလိုက်ရင်းမျက်ရည်များသုတ်လိုက်ကာ အပြင်သို့ ပြန်ထွက်လာခဲ့သည်။
ညီမဖြစ်သူကားစားပွဲပေါ် ခေါင်းမှောက်လျှက် ကိုယ်ခန္ဓာတသိမ့်သိမ့် တုန်ယင်လျှက် ရိူက်ငိုနေလျှက်
ရှိနေသည်။
"ညီမလေး တကယ်လို့ မမပြန်မလာနိုင်ရင်
သားလေးကိုခေါ်ပြီးဝေးရာ ထွက်သွားပေးပါ ..သားလေးကိုပြုစုစောင့်ရှောက်ပေးပါ၊
နူတ်ဆက်ခဲ့ပါတယ် ……မမသွားပြီ..."
"ဟင်...မမ...မမ...အဟင့်....အဟင့် ..မမ. "
အစ်မဖြစ်သူကားစကားဆုံးသည်နဲ့ အိမ်ပြင်ထွက်၍
အမှောင်အတွင်းတိုးဝင်သွားပြီဖြစ်သည်။
ညီမဖြစ်သူ၏ အော်ခေါ်သံအားတချက်မျပင် စောင်းငဲ့မကြည့်ခဲ့ ။မခံစားနိုင်၍ ဖြစ်ဟန်တူသည်။
သူမ မျက်ဝန်းတွင်လည်း မျက်ရည်များက တာကျိုး၍ထွက်လာသော ရေများကဲ့သို့ အတားအဆီး မရှိကျဆင်းနေတော့၏ ။
ညီမဖြစ်သော အမျိုးသမီးငယ်လေးသည် အစ်မဖြစ်သူ
ထွက်သွားပြီးအတန်ကြာသောအခါ ပြတင်းပေါက်ဆီသို့
သွားရောက်ရင်း အပြင်ဖက်သို့ မျော်ကြည့်နေမိသည်။
သူမမျော်ကြည့်ပြီး မရှေးမနှောင်းမှာပင် ကောင်းကင်ပြင်ပေါ်သို့ စကောအရွယ်အစားခန့်ရှိသော
အနီရောင်အလုံးကြီးတစ်လုံးသည် တဖြည်းဖြည်း အောက်ခြေမြေပြင်မှ ကောင်းကင်ပေါ်မြင့်တက်လာသည်။
ထို့အတူ ဆန့်ကျင်ဖက်အရပ်ဆီမှ ပုံစံတူအရွယ်တူ အနီရောင်အလုံးတစ်လုံးတက်လာကာ ထိုအနီရောင်အလုံးကြီးနှစ်လုံးသည် ကောင်းကင်ပေါ်တွင် တစ်လုံးနဲ့တလုံးပြင်းထန်သော အရှိန်ဖြင့်ဆန့်ကျင်ဖက်အရပ်ဆီမှ ရွေ့လျှားလာကြရင်း
ဆောင့်တိုက်ကြလေတော့သည် ။
အနီရောင်အလုံးကြီးနှစ်လုံးမှာ ပုံစံတူ အရွယ်အစားတူ
ဟုအမှတ်တမဲ့ထင်ရသော်လည်း သေချာကြည့်ပါက တစ်လုံးမှာ အနည်းငယ်ကြီးကာ အရောင်များပိုလင်းနေသည်။
တစ်လုံးနဲ့တစ်လုံးသည်ကား ပြင်းထန်သို့အရှိန်ဖြင့်ဆောင့်ရင်းနောက်သို့ ဝေးကွာသွား
လိုက်တဖန်ပြန်လည်၍ ရှေ့သို့ဆောင့်တိုက်ရင်းဖြင့်
ကြိမ်ဖန်များစွာ ရှိနေကြသည်။
ပြတင်းပေါက်မှ ရပ်ကာကောင်းကင်ပေါ်မှ မြင်ကွင်းအား
ရင်တလှပ်လှပ်ဖြင့် မျက်တောင်ခပ်ရန်ပင်မေ့လျှော့နေသည့်အလား စိတ်ဝင်တစား ငေးမောကြည့်နေတော့သည်။
(ယခုလို စကော အရွယ်အစားခန့် အနီရောင်အလုံးကြီးနှစ်လုံး တစ်လုံးနဲ့တလုံးဆောင့်တိုက်နေသော မြင်ကွင်းကို
သာမာန်ကြည့်ပါက အဘယ်ကြောင့်ဟု နားမလည်ပဲ
အံ့အြသင့်ရုံသာ အံ့အြမိမည်ဖြစ်သော်လည်း တတ်သိနားလည်သူများက ယခုမြင်ကွင်းမှာ စုန်းတောက်သည် [ဝါ] တနည်း စုန်းမများပညာပြိုင်နေသော မြင်ကွင်းဟုခန့်မှန်းသိရှိမည်ပင်ဖြစ်သည်။)
တစ်နာရီခန့်မျကြာသွားသောအချိန်။
"အောင်မလေး....မမရယ်...အဖြစ်ဆိုးလှချည်လား
မမရယ်...အီး...ဟီး...ဟီး..."
ပြတင်းဝမှ စုန်းပညာပြိုင်သော မြင်ကွင်းအားရပ်ကြည့်နေသော မိန်းမပျို လေးသည် ယောင်ယမ်းအော်ဟစ်လိုက်ရင်း ခလေးငယ်တစ်ယောက်ကဲ့သို့ပင် အသံထွက်ငိုကြွေးလိုက်တော့၏။
သူမငိုကြွေးရသော အကြောင်းအရင်းကား ပညာယှန်ပြိုင်နေသော စုန်းမီးကြီး နှစ်လုံးမှတစ်လုံး
သည် အရောင်များမှေးမှိန်ကာ အောက်သို့ အရှိန်ဖြင့်
ပြုတ်ကျသွားခြင်းကြောင့်ပင်ဖြစ်သည်။
ပြုတ်ကျသွားသော မီးလုံးကား အတန်ငယ်သေးကာ
အရောင်မှိန်သော မီးလုံးပင် ထိုမီးလုံးမှာ သူမအစ်မဖြစ်
နေသောကြောင့်ပင်ဖြစ်သည်။
ကောင်းကင်ယံတွင်ကား တလုံးတည်း ကျန်နေသော မီးလုံးကြီးကား အရောင်တဝင်းဝင်းဖြင့် သူမတို့ အိမ်ဖက်
အရပ်ဆီသို့ ရွေ့လျှားလာနေသည်ကိုတွေ့လိုက်ရခြင်းကြောင့် မိန်းမပျိုလေးရင်ထိတ်သွားမိသည်။
သူမတို့အမြန်ပြေးမှ ဖြစ်တော့မည် သူမသည် မျက်ရည်များသုတ်ကာ အံကြိတ်လိုက်ရင်း အိပ်ခန်းအတွင်းအိပ်ပျော်နေသော ကလေးငယ်အားနိူးလိုက်ရင်း အိမ်ဘေးတောစပ်မှတဆင့် မီးလုံးကြီးနဲ့
ဆန့်ကျင်ဖက်အရပ်ဆီသို့ကလေးငယ်အားလက်ဆွဲကာပြေးလာခဲ့တော့၏ ။
အမှောင်ထဲတွင်မမြင်မစမ်းမို့ အလဲလဲ အပြို ပြို
ကလေးငယ်ကား အိပ်မူန်စုံဝါးဖြင့် ပြေးသာပြေးနေရသည်ဘာအတွက်ပြေးနေရသည်မသိ။
"အဒေါ်… သားတို့ ဘယ်သွားနေတာလဲဟင်
အမေကော… ဘယ်မှာလဲ"
"အော်..သားအမေ ဆီကို အရေးတကြီးကိစ္စ ရှိလို့
ထွက်သွားတာ အဲဒါ အဒေါ်တို့ကို နောက်ကလိုက်
လာခိုင်းထားလို့ သားလေးရဲ့..."
မိန်းမပျိုလေးသည်ခလေးငယ်အမေးကို ပြန်ဖြေရင်းနောက်သို့ လှည့်ကြည့်လိုက်သောအခါ
အတန်ငယ်ဝေးကျန်ခဲ့သော သူမတို့ အိမ်ကလေးအနီးကောင်းကင်ပြင်တွင် ဝဲပတ်နေလျှက်ရှိသော မီးလုံးကြီးအားတွေ့လိုက်ရသည်။
"ငါတို့ မိသားစုကို ပြိုကွဲအောင်လုပ်ခဲ့တဲ့ နင့်ကိုတသက်လုံး မကျေဘူးဟေ့ ..ဘယ်အချိန်ဖြစ်ဖြစ်
ဒီရန်ကြွေးကို ငါလာယူမယ် . ..တချိန်မှာ ဒီအကြွေးကို
ငါလာယူမယ်....ဘယ်လိုနည်းနဲ့ မဆို နင့်ဆီက
အကြွေးကို ရအောင်လာယူမယ်..."
မိန်းမပျိုလေးမှာ နာကျည်းခက်ထန်စွာရေရွတ်ပြောဆိုလိုက်ရင်း ကလေးငယ် လက်အားဆွဲကာ အမှောင်ထုဆီသို့ တရွေ့ရွေ့ဖြင့်တိုးဝင်သွားလေတော့သည်။
-------------------------------------------------------
ရွေတောမြိုင် ရွာကလေးသည် အိမ်ခြေ ငါးဆယ်ကျော်ခန့်မျဖြင့်ဖွဲ့စည်းထားပြီး စနစ်တကျတည်ရှိထားခြင်းမဟုတ်ပဲ တောသဘာဝပီပီ
ဟိုနေရာ တအိမ် ဒီနေရာတစ်အိမ် ဆောက်လုပ်ထား
ခြင်းကြောင့် တအိမ်နဲ့တအိမ်သည်ကား အတန်ငယ်
ဝေးကွာနေသည်။
ရွေတောမြိုင်ကား တောကျကာ မြို့အရပ်နဲ့ ဝေးလံ၍
ခေါင်သီလွန်းလှသည်။
သို့သော်
ရွေတောမြိုင် တွင်အစည်ကားဆုံးကာလတစ်ခုကားရှိသည်။
ယင်းမှာ ရွာဦးထိပ်တွင်တည်ထားသော ရွေတောမြိုင်
ဟုခေတ်အစဉ်အဆက်က ခေါ်တွင်ကာ သမိုင်းအထောက်အထား အတိအကျမရှိသော ရှေးဟောင်း စေတီတော်တဆူရှိသည်။
စေတီတော်၏ သတင်းကား အနယ်နယ်အရပ်ရပ်သို့
တိုင်ကျော်ကြားလွန်းလှသည်။
အကြောင်းမဲ့ကျော်ကြားခြင်းမျိုးကားမဟုတ်နှစ်စဉ် ဘုရားပွဲတော်ကာလဖြစ်သော တန်ခူးလတွင် ဘုရားစိန်ဖူးတော်မှ ဓတ်တော်သည် ကွန့်မြူ းထွန်းလင်း
ခြင်းအတွက်ကြောင့်ပင်ဖြစ်သည်။
သို့အတွက်
တန်ခူးလကာလ ဘုရားပွဲလတွင် ဓတ်တော်ဖူးမျော်လိုသော အနယ်နယ်အရပ်ရပ်ရှိ ဘုရား
ဖူးခရီးသွားများသည် လှည်းဖြင့်တဖုံ၊ လှေဖြင့်တသွယ်
တဖွဲဖွဲရောက်ရှိလာတတ်ပြီး ဘုရားပွဲငါးရက်တာ ကာလအတွင်း နေ့ညမပြတ် ဘုရားတောင်အောက်ခြေရှိ
ကွင်းပြင်ကြီးသည် ကြက်ပျံမကျ စည်ကားလွန်းလှသည်။
စျေးဆိုင်တန်းများ မိုးလင်းပေါက်ထိ ဖျော်ဖြေကပြတတ်သော ဇတ်ရုံကြီးများကလည်း သုံးလေးရုံသာမက တခြားသော ရဟတ်ကြီးများ
မျက်လှည့်ရုံကြီးများကလည်း နေ့ချင်းညချင်းပင်ပေါ်ပေါက်
လာတော့သည်။
မြနှင်းတစ်ယောက် ရွေတောမြိုင်ဘုရားပွဲနီးကပ်လာသည်နဲ့ အမျ ရင်တခုန်
ခုန်ဖြင့်ရှိနေသည် ။
သူမလည်း အများနည်းတူ ဘုရားပွဲစျေးတွင် လူငယ်သဘာဝလျှောက်လည်လိုသည်။
သို့သော်တခြားလူများအတွက် ယခုလို ကိစ္စမျိုးသည်
အထူးတလည် မခက်ခဲလှသော်လည်း သူမအတွက်ကား မလွယ်ကူလှချေ ။
သူမအသက်(၁၈)နှစ်ပင်ပြည့်ချေပြီ ယခုထိဘုရားပွဲသို့မရောက်ဖူးသေးချေ ။
သူမ မိခင်သည် ဘုရားပွဲလိုက်ပို့ရန်ပြောသမျ အကြောင်း
ပြချက်အမျိုးမျိုးပေးကာ ငြင်းတတ်သည်။
နောက်တခုကားသူမသည် အပေါင်းအသင်းရွယ်တူ
သူငယ်ချင်းမရှိပေ ။
သူမအားရွာထဲမှရွယ်တူ မိန်းခလေးများသည်သူမအား
အပေါင်းအသင်းလုပ်လေ့မရှိ ။
သူမငယ်စဉ်ကပင်ရွယ်တူခလေးများကြားသွားကစားရန်
သွားသော် သူမအားကစားဝိုင်းအတွင်းမည်သူမျပေးမဝင်ကြပေ။
"စုန်းမကြီး သမီးသွား ငါတို့နားမလာနဲ့သွား "
သူမသည် ငယ်စဉ်ကတည်း ထိုကစကားများအားနားမလည်သော်လည်း အရွယ်အနည်းငယ်ရောက်မှ ထိုစကားများ၏ အဓိပ္ပါယ်
ကိုနားလည်ရတော့သည်။
သူမအမေသည်ရွာထဲမှပြောစကားများအရ စုန်းမကြီးတစ်ယောက်အဖြစ်ရွာသားများသတ်မှတ်ကာ
သူမတို့မိသားစုအားအဆက်အဆံမပြု ကြချေ ။
သို့သော်လည်းသူမအမေအားရွာသားများသည်
စုန်းချွတ် အမှောင့်ပယောဂ တစ်ခုခုကပ်သည်ကအစ
သူမမိခင်အား လာခေါ်တတ်ကြသည် ။
မိခင်ကြီးနဲ့သူမနှစ်ယောက်တည်းသာနေသောအိမ်ကလေးတွင် သူမမိခင်သည် အတူမနေပဲ သီးသန့်အ်ိမ်ငယ်လေးတစ်လုံးတွင်ခွဲနေတတ်သည်။
သူမအားလည်းထိုအိမ်ငယ်လေး တွင်သာအချိန်ပြည့်ရှိနေတတ်သည်။
ထမင်းဟင်းများအားလည်းသူမနဲ့မစားပေ နေ့စဉ် အသား
စိမ်း ငါးစိမ်းများအားသူမကပင်ပို့ပေးရသည်။
သူမမိခင်သည် ထူးခြားသည်ကားအမှန်ပင်ဖြစ်သည်။
မြူခိုးအလင်္ကာ
အပိုင်း ၂ ဆက်ရန်
မူရင်းရေးသားသူအား လေးစားစွာ ⭐ခရက်ဒစ်⭐ ပေးပါသည်။
Comments
Post a Comment