Posts

Showing posts from July, 2022
Image
Image
Image
Image
Image
Image
Image
Image
Image
Image
Image
Image
Image
Image
Image
Image
Image
Image
Image
Image
Image
Image
Image
Image
Image
Image
Image
Image

နှုတ်ဆက်လေသော ဝိညာဉ်၊ အပိုင်း ၂

Image
နှုတ်ဆက်လေသော ဝိညာဉ်၊ အပိုင်း ၂ နောက်ပါးမှ အသံကြောင့် လှည့်ကြည့်မိတော့ ကွယ်လွန်သူ ဒေါ်မိမိသွယ်၏ အစ်မ ဒေါ်စန်းစန်းမြပင်။ "စောကြီး ရှိသေးတယ်လေ ဒေါ်လေး" "စောတယ် မလုပ်နဲ့ နင် ညီမတွေ ညီတွေ ညစာစားဖို့ ရှိသေးတယ်" "ပြီးရောလေ သားတော့ ၁၂ နာရီမှ ပြန်ခဲ့မယ်" "၁၂ နာရီ " ဒေါ်စန်းမြ ခဏမျှ စဥ်းစားလိုက်ပြီး  "၁၂နာရီ အထိ လုပ်မနေနဲ့ စောစောပြန်အိပ် ၁၂ နာရီ ဆို ဝိညာဥ်တွေ အိမ်ပေါ်က ဆင်းတာ " "ဟာ အဒေါ်လေးကလဲ ကြောက်စရာမရှိ ကြံဖန်ကြောက်နေတယ်" "ကြောက်လို့တော့ ဘယ်ဟုတ်မလဲဟယ် နင်ကလဲ " "မဟုတ်ရင်လဲ သွားတော့" "အေးပါဟယ်" ဒေါ်စန်းမြ တစ်ယောက် မင်းအောင်ကို ပွစိပွစိ ပျစ်တောက်တောက်ပြောရင်း နာရေးအိမ်မှ ထွက်ခွာသွားလေတော့သည်။ မင်းအောင်လဲ ထန်းရည်လေး သောက်လိုက် အမြည်းလေး စားလိုက် ဖဲဝိုင်းတွင်သာ အချိန်ဖြုန်းလျှက်ပင်။              ။ ။ "ဒေါ်လှပြုံးရေ ကျွန်တော်ပြန်တော့မယ်" ဒေါ်လှပြုံး ဆိုသည့်မှာ ဒေါ်မိမိသွယ် အစ်ကို၏ ဇနီးပင်။ ဒေါ်လှပြုံး သူကို တစ်ချက်ကြည့်ပြီး "ပြန်တော့မှာလား ဒီမှာ ညအိပ်ပါလား" "မအ...

🔥နှုတ်ဆတ်လေသောဝိညာဥ်🔥

Image
🔥နှုတ်ဆတ်လေသောဝိညာဥ်🔥 🔥ဝတ္ထုတို(စ/ဆုံး)🔥 "အစ်ကိုတစ်ဦး၏ ကိုယ်တွေ့ဖြစ်ရပ်မှန်" ဒေါမိမိသွယ် ဆုံးသွားသည့်တိုင်အောင် ကျွန်တော်တို့ နေသည့် အိမ်လေးသို့ မရောက်ဖူးခဲ့ပေ။ ဒီနေ့ မြေချပင်။ ဒေါ်မိမိသွယ်သည် ခန္ဓာကိုယ် အောက်တစ်ပိုင်းသေကာ အမျိုးသမီး ရောဂါဖြင့်သာ ကွယ်လွန်ခဲ့ခြင်းပင်။ အဒေါ်လေးမှာ သမီး ၂ဦးရှိသည်။ မြေချချိန် ဖြစ်သဖြင့် ကျွန်တော်တို့ ကျေးရွာဓလေ့အတိုင်း ကလေးနှင့် မိခင် လိပ်ပြာခွဲကြလေသည်ပေါ့။ ထိုကဲ့သို့ လိပ်ပြာခွဲချိန်တွင် ကလေး နှစ်ယောက်၏ အဝတ်နှင့် ကွယ်လွန်သူ၏ အဝတ်အား ချိန်ခွင်ခွက်အတွင်းထည့်၍ ကလေး နှင့် မိခင်အား ခွဲယူလေခြင်း ဖြစ်သည်။ မှတ်ချက်။ ။ ကလေး၏ အဝတ်အစားများ ရှိသော ဘက်သည် အလေးသာခဲ့လျှင် မိခင်က ကလေးကို စိတ်စွဲမနေပေ။ မိခင် ရှိသော ဘက်တွင် အလေးသာခဲ့လျှင် မိခင်သည် ကလေးကို စိတ်ဆွဲနေခြင်းပင်။ ကျွန်တော်တို့ ရွာ ဓလေ့ပင်။ "မသန်းမြ ကလေးတွေကို မိသွယ်ကတော့ လိပ်ပြာခွဲမပေးဘူး ဘယ်လိုလုပ်ကြမလဲ" ထွက်ပေါ်လာသည့်က ဘိုးသာထွန်း၏ အသံပင်။ ဒေါ်သန်းမြ သက်ပြင်းကို ဖွဖွရှိုက်ရင်း "မပေးတော့လဲ ဘာတက်နိုင်မှာလဲ ဘိုးသာထွန်းရယ် ကလေး နှစ်ယောက်က်ကို သူအဖေ တစ်ယောက် ကျ...