မရဏရွာသူ (သို့) ပြိတ္တာရွာသူမနှင်းဖြူ
မရဏရွာသူ (သို့) ပြိတ္တာရွာသူမနှင်းဖြူ
မရေးတက်ရေးတက်နဲ့ရေးကြည့်တာပါ အမှားပါရင်ခွင့်လွတ်ပေးကြပါခမျာ
အချိန်ကား ညနေ ၄နာရီထိုးလေပြီ…
ဖိုးမောင် ရေ … ဖိုးမောင်
ဘယ်သူလဲဟ " ငါပါကွ သာထွန်းပါ ”
ဟာ ငါ့ကောင်ကြီး လာကွာ … မင်းဘယ်မှမသွားဘူးလား
" ငါယာထဲခဏသွားကြည့်မလို့ … အခုမင်းဆီလာတာက နှင်းဖြူကမင်းကို ရွာထိပ်က စွယ်တော်ပင်အောက်လာခဲ့ပါတဲ့… အဲ့ဒါငါလာပြောတာဟ ”
ဟာ ဟုတ်လား… ကျေးဇူးဘဲသာထွန်းရေ… အာ့ဆို ငါသွားလိုက်ဦးမယ်… (ကျတော့်မျက်နှာမှာအချစ်ပန်းများဝေနေလျက်)
ကျတော်သည် နှင်းဖြူရှိရာ စွယ်တော်ပင်အောက်သို့ထွက်လာခဲ့လေသည်…
နှင်းဖြူ … စောင့်နေတာကြာပြီလားချစ်လေး…"မကြာသေးပါဘူးကိုရဲ့ … စောစောကဘဲရောက်တာပါ ” အင်းပါ …ဒီနေရာမှာတွေ့မယ်ဆိုတာ ညကတည်းက ကို့ကိုဘာလို့မပြောတာလဲလို့ …" ချစ်မေ့နေလို့ပါကို” အင်းပါ ထားလိုက်တော့ … ကျွန်တော်သည် နှင်းဖြူ၏ပုခုံးလေးကိုညင်သာစွာဖက်ထားပြီး ကျန်လက်တဖက်က နှင်းဖြူ၏လက်ကလေးကိုကိုင်ကာ ကျတော့်နှလုံးသားရှိရာရင်ဘတ်နဲ့ကပ်လျက်ထားလိုက်သည်… " ကို ” ပြောလေချစ်
" ချစ် ကို့ကိုအရမ်းချစ်တယ် … ကိုလည်းချစ်ကိုအရမ်းချစ်ရမယ်နော်…”
ချစ်ရယ် မေးနေစရာလိုသေးလို့လား…ဒီစွယ်တော်ရွက်လေးကိုကြည့်လိုက်စမ်းချစ် … ဟိုဖက်ကတခြမ်းနဲ့ဒီဘက်ကတခြမ်းနဲ့ပေါင်းမှ ပြီးပြည့်စုံတဲ့သစ်ရွက်လေးတရွက်ဖြစ်လာတာ … ကို့ဘဝကလဲလေ ဟောဒီကကို့နှလုံးသားလေးနဲ့ ချစ်နှလုံးသားလေးနှစ်ခုပေါင်းမှ ပြီးပြည့်စုံတဲ့ဘဝဆိုတာဖြစ်လာတာလေ … ကို့မှာ ချစ်စရာမိန်းမဆိုလို့ … ကို့မေမေနဲ့ ဟောဒီက ကို့အချစ်လေးဘဲရှိတာပါ …
နှင်းဖြူ၏မေးစေ့လေးကိုကိုင်ကာကျတော်ဖြေလိုက်သည်…
"ယုံပါတယ်ကိုရယ် … ချစ်ကတော့လေ ကို့ကိုအရမ်းချစ်တယ် … ချစ်ဘဝမှာ ကိုသာမရှိရင် ချစ်မသေရင်တောင်ရူးသွားနိုင်တယ်ကို… ဖြစ်နိုင်ရင် ကို့ကို တာနောယက္ခဘီလူးလို ရွှေကြုတ်ထဲထည့်ပြီး သွားလေရာခေါ်သွားချင်တာ … အဲ့လောက်ချစ်တာ. သိပြီလား
အင်းပါချစ်ရယ် ကိုယုံပါတယ်…အာ့ကြောင့်ချစ်ကိုအရမ်းချစ်နေရတာ…
ကျတော်လဲ အဲ့လိုပြောပြီး နှင်းဖြူရဲ့ဘယ်ဘက်ပါးလေးကိုညင်သာစွာနမ်းလိုက်သည် … နောက်ပြီး သူ့ရဲ့ ညာဘက်ပါး… နဖူး… နှာခေါင်း …နှုတ်ခမ်း များကိုဆက်ပြီးအနမ်းပေးလိုက်သည်… နှင်းဖြူလည်းကျေနပ်သွားပြီး ကျတော့်ရင်ခွင်ထဲသို့ခေါင်းလေးဝင်ကာ လက်နှစ်ဖက်က ကျတော့ခါးကိုတင်းကျပ်သွားဖက်ထားလေသည်… ကျတော်နဲ့နှင်းဖြူနဲ့ချစ်သူဖြစ်တာတနှစ်နီးပါးကြာခဲ့ပြီဖြစ်သည်…
ချစ် မိုးလဲချုပ်တော့မယ်ဆိုတော့… ကိုတို့ပြန်ကြရအောင်နော်
" ဟုတ်ကဲ့ကို ” …မွမွ… ဟာ ဒီလိုလား ရတယ်လေ ဒီတခါကို့အလှည့် … မွမွ … နှင်းဖြူသည်ကျတော့်ပါးကိုနမ်းလိုက်ပြီး.ကျတော်လဲ တုန့်ပြန် အနမ်းလေးပြန်ပေးလိုက်ပါသည်…
ကဲ… လာ … ပြန်ကြရအောင် …ကို့ကိုလက်ပေး …
မိုးချုပ်တော့မှာမို့ ကျတော်နဲ့နှင်းဖြူသည် ရွာထဲသို့ပြန်ကြလေသည်…
ချစ်အိမ်ထိလိုက်ပို့မယ်နော်ချစ် " ရပါတယ်ကို … ချစ်အိမ်ကဟိုနားလေးဆိုရောက်pလေ… ကိုအိမ်ကမြောက်ပိုင်းကြီးမှာ အဝေးကြီးသွားရဦးမှာ. လိုက်မပို့နဲ့တော့နော်ကို … ”အင်းပါချစ်
အဲ့ဒါဆိုကိုပြန်တော့မယ် … မနက်ဖြန်ကျတွေ့မယ်နော်…" ဟုတ်ကို”
"ပြန်လာပြီလားသား … ” အိမ်သို့ပြန်လာသောကျတော့်ကိုအမေကဆီး၍မေးလိုက်သည် … ဟုတ်အမေ …
"အေးအေး သားထမင်းစားဖို့အမေခူးထားတယ် သားစားနှင့်နော်
မင်းအဖေနဲ့အမေကဟိုဘက်ရွာအကြွေးသွားတောင်းမလို့ ပြန်လာမှဘဲစားတော့မယ် ” ဟုတ် … စောစောပြန်လာနော်အမေ…
အေးပါသားရယ် …
ကျတော်လဲ အဖေအမေဖို့ဦးချပြီး ထမင်းစားတော့သည်… ကျတော်ထမင်းစားပြီးခဏအကြာ…
ဖိုးမောင်ရေ … ဖိုးမောင် … ဖိုးမောင်ရေ …
ဟ သာထွန်း အလန့်တကြားနဲ့ဘာဖြစ်လာတာလဲကွ…
"မင်း မင်းရဲ့ချစ်သူ နှင်း… နှင်းဖြူ ” အေး နှင်းဖြူဘာဖြစ်လို့လဲ ငါ့ကိုအမြန်ပြောစမ်းပါဟ " နှင်း … နှင်းဖြူ ဆုံးသွားပြီတဲ့ ”
ဟားဟား … မင်းကလဲ ငါ့ကိုလာနောက်နေပြန်ပြီ … မင်းတော်တော်အားနေလားယျောင့်" ယျောင့် ဖိုးမောင် ဒါမျိုးကနောက်စရာမှမဟုတ်ကွ … ငါတကယ်ပြောနေတာ … ” မင်းကလဲကွာ … (ကျတော်ကရယ်ပြောလိုက်သည်) မင်းပြောတာယုံချင်စရာမှမရှိတာ … ငါနဲ့နှင်းဖြူညနေကမှလတ်လတ်ဆက်ဆက်ချိန်းတွေ့ထားတာ မင်းလဲသိရဲ့သားနဲ့ လာနောက်နေတယ် …
" အေး ဟုတ်တယ် အဲ့ဒီကအပြန် သူရေချိူးမှားပြီးဆုံးသွားတာဘဲ … မင်းမယုံရင် မင်းကိုယ်တိုင်နှင်းဖြူအိမ်သွားကြည့် …
ကျတော်လဲ သာထွန်းစကားကိုကြားလျှင် …
တကယ်များဟုတ်နေမလားဆိုပြီး စိတ်ထဲ၌ အင်မတန်စိုးထိတ်လာကာ… နှင်းဖြူအိမ်သို့ အပြေးအလွှားထွက်ခွာသွားသည်…
ရောက်ရောက်ချင်း တွေ့လိုက်ရတဲ့မြင်ကွင်းကြောင့်
ကျတော့်ရင်ထဲ ကမ္ဘာပျက်သည့်အလား အရမ်းနားကျင်ကြေကွဲဖွယ်ဖြစ်လေတော့သည်… လူကြီးတွေဝိုင်းအုံနေသောနှင်းဖြူ၏အလောင်း… ဘေးမှထိုင်ငိုနေသောနှင်းဖြူ၏အမေ … ဒေါ်နှင်းမြ
ကျတော်သည်လုံးဝမခံစားနိုင်တော့သဖြင့် ထိုနေရာ၌ပင် သသိလစ်မေ့မျှောသွားခဲ့ပြီး ဘာကိုမှမသိတော့ချေ …
မနက်မိုးလင်းတော့ ကျတော်သတိရလာသည် …
"သား သတိရလာပြီလား … ”အမေ … သားနှင်းဖြူအိမ်သွားချင်တယ် …" သွားတာကသွားပါသားရယ် ဒါပေမယ့် အရမ်းလဲခံစားမနေပါနဲ့ တရားနဲ့သာဖြေပါသားရယ် … ”ဟုတ်ကဲ့ပါအမေ သားသွားပြီ
နှင်းဖြူအိမ်ရောက်တော့ အသုဘကိစ္စအတွက်လူကြီးတွေအလုပ်ရှုပ်နေကြသည်… ကျတော်လဲ ဒေါ်လေးနှင်းမြဆီသွားပြီးပြန်နှစ်သိမ့်ပေးလိုက်သည် … သို့ပေမယ် ကျတော်ရင်ထဲမှာတော့ အဒေါ့်ထက်သေလုမတက်ခံစားနေရတယ်ဆိုတာတော့ ဒေါ်လေးနှင်းမြမသိချေ…
ကျတော့်ချစ်သူရဲ့ အသုဘရက်လည်ပြီးနောက်နေ့မှစ၍
အူ. ဝိုး …ဝိုး… အူ … ဝိုး … ဝိုး…
ကျတော်အိမ်နားလေးတွင် ခွေးအူသံများကိုအဆတ်မပြတ်ကြားနေရသည်… သာထွန်းရေ … သာထွန်း …( ကျတော်ကလှမ်းခေါ်လိုက်သည်… မကြာပါဘူး သာထွန်းရောက်လာသည်… သာထွန်းရဲ့အိမ်သည် ကျတော့်အိမ်နဲ့နှစ်အိမ်ကြားတွင်ရှိသည်…
" ဟေ့ကောင် ညကြီးအချိန်မတော်ဘာဖြစ်လို့ခေါ်တာလဲကွ”မင်းမကြားဘူးလားခွေးအူသံတွေ … "အေး အာ့တော့ဟုတ်တယ် ဒီနေ့ကျမှကွာ ”
ထိုအခိုက္…
ကျတော်တို့အိမ်ခေါင်းရင်းတမာပင်ပေါ်၌ညအိပ်ကြသည့်ကျီးကန်းအုပ်ကြီးသည်ရုတ်တရုတ်ထပြန်ပြီးအချိန်မတော်ဆူညံစွာအော်နေလေသည်… ခွေးအူသံများကလဲအဆတ်မပြတ်ကြားနေလေတော့
သာထွန်းက " ယျောင့် ငါသွားအိပ်တော့မယ်ကွာ ဘာမှလဲမတွေ့ရဘူး ” အေးပါ သွားအိပ်လေ …ငါလဲအိပ်တော့မယ်
ကျတော်လဲဘာမှမထူးခြားတာနဲ့အိပ်ယာထဲဝင်အိပ်လိုက်တော့သည်
ကျွန်တော့်မိဘ၂ပါးကတော့အိမ်၌မရှိချေ … နှင်းဖြူတို့အမေ့အိမ် အားပေးနှစ်သိမ့်စကားပြောရင်း အိမ်လည်သွားနှင့်ပြီ…
ထိုအချိန်
ဒေါက် … ဒေါက် … ဒေါက်…
ဒေါက်… ဒေါက်… ဒေါက်
အိမ်တံခါးပေါက်မှတံခါးခေါက်သံကြားနေရသည်…
ဒေါက် … ဒေါက်
ဒေါက်… ဒေါက်… ဒေါက် … ဒေါက်
လက်သံကပိုမြန်လာသည် … ဘယ်သူများပါလိမ့် - သာထွန်း ဆိုလည်းအသံပြုရမည် အခုဟာက ဘာသံမှမပြု… ကျတော်လဲ တံခါးကိုဖွင့်မပေးသေးဘဲ အသာနားစွင့်အကဲခက်လိုက်သည်
ဒေါက် … ဒေါက်
ငါလခွမ်း …ဘယ်သူလဲကွ ကျွန်တော်စိတ်တွေတိုလာသည်…
တံခေါက်တာ ဘယ်သူလဲ ပြော …
"ဟီး ဟီး … ဟီး ဟီ…”
ဟ ရယ်သံပါလား အသံကမိန်းမတယောက်ရဲ့အသံ … ဒီအသံကိုကျွန်တော်ရင်းရင်းနှီးနှီးကြားဖူးနေသည်… အလို ဒါ ချစ်လေးအသံပါလား … ဒါမဲ့ ငါ့ချစ်သူလေးကသေခဲ့ပြီလေ ငါစိတ်စွဲလန်းလို့ဖြစ်မှာပါ … သို့သော် ကျတော် တံခါးဖွင့်လိုက်သည်…
ဒုန်း အမလေး
အား … အား… အား…”
"ဝုန်း … ဝုန်း … ဝုန်းး”
တံခါးဖွင့်လိုက်တော့ စောနက ကျီးကန်းများ ရုတ်တရက်ထပြန်သွားတော့ ကျွန်တော့်လန့်သွားခဲ့ရသည်…ကျတော်ဘေးဘီကိုကြည့်လိုက်တော့လဲဘယ်သူမှမရှိ…
ကျတော်အထက်ပါဖြစ်ရပ်မျိုးကိုညတိုင်းလိုလိုဖြစ်နေသည်… ညတိုင်းရယ်သံများကြားရသည်. ရယ်သံကကျတော့်ချစ်သူ နှင်းဖြူရဲ့အသံ
ဘုရား ဘုရား… နှင်းဖြူကျွန်တော့်ကိုစိတ်စွဲပြီး မကျွတ်မလွတ်သောဘုံဘဝကိုရောက်နေတာများလား … နှင်းဖြူ ချစ်လေးရေ
အမျှ အမျှ …
ဒုန်း … ဒုန်း … ဒုန်း
ဟေ့ ဘယ်သူလဲလို့မေးနေတယ်လေကွာ…ငါလခွမ်း ငါစိတ်တိုလာပြီနော် …မာန်ပါပါမေးလိုက်တော့မှ အပြင်ကမိန်းမအသံမသဲမကွဲကြားလိုက်ရသည်…
ကျတော်လဲ အမေတို့ပြန်လာပြီထင်ပြီး တံခါးကိုဖွင့်ကြည့်လိုက်တော့…
အမလေးဗျ သရဲ သရဲ … ကျတော်လဲအဲ့လိုအော်ပြီးအိမ်ထဲပြေးဝင်မယ်လုပ်တော့…
" ကို” သေချာကြည့်ပါဦးကိုရယ်…
ဟင် ဒီ အခေါ်အဝေါ်ငါကြားဖူးတယ် … ဒီအသံလဲငါကြားဖူးတယ်
ဒါ ဒါနှင်းဖြူရဲ့အသံပဲ …ကျတော်လဲ ကြောက်ကြောက်နဲ့လှည့်ကြည့်လိုက်တော့ …
ဟင် နှင်းဖြူ …ဖြူဖတ်ဖြူရောမျက်နှာနဲ့ နှင်းဖြူကိုကျွန်တော်မြင်လိုက်ပါပြီ…
" ကို”နှင်းဖြူ ကို့ ကို့ဆီကိုဘာလာလုပ်တာလဲဟင် ချစ်နဲ့ကိုနဲ့ကဘဝခြင်းခြားသွားပြီလေချစ်ရဲ့ "ချစ်သိပါတယ်ကို ကို့ကိုအရမ်းသတိရလို့ချစ်လာခဲ့တာပါ … နောက်ပြီးကို့ကိုအရမ်းချစ်တယ် ချစ် ညတိုင်း ကို့ဆီလာခဲ့ပါတယ် ကိုကတော့ချစ်ကိုသတိရောရသေးရဲ့လားဟင်” ချစ်ရယ် ကိုလဲချစ်ကိုအရမ်းချစ်ပါတယ် ပြီးတော့အရမ်းလဲသတိရတယ်ဒါမဲ့ ချစ်နဲ့ကိုနဲ့ကဘဝခြင်းကခြားသွားပြီလေ … " ဟုတ်ပါတယ်ကို ကို့ဆီလာတာကလဲ ဒါနောက်ဆုံးအကြိမ်ပါ… ဒီဘဝမှာကိုနဲ့မပေါင်းရပေမယ့် နောက်ဘဝမှာကိုနဲ့ပေါင်းရဖို့အတွက် ချစ်ဒီဘဝကလွတ်အောင်ကြိုးစားမယ်ကို…
ပြီးတော့ ချစ်ကို့ဆီက တောင်းဆိုစရာနှစ်ခုရှိတယ်” ပြောပါချစ်ရယ် ကိုဘာလုပ်ပေးရမလဲ ကိုမဖြစ်ဖြစ်အောင်လုပ်ပေးပါ့မယ်…
"ချစ်တောင်းဆိုချင်တာ ချစ်ဒီမကျွတ်မလွတ်တဲ့ဘဝကလွှတ်အောင် ကို့အနေနဲ့ ချစ်အတွက်ရည်စူးပြီးကောင်းမှုကုသိုလ်လုပ်ပေးဖို့ပါဘဲ ” ချစ်ရယ် ပြောနေစရာလိုသေးလို့လား ကိုလုပ်ပေးပါ့မယ်ချစ်ရယ် … ကိုဂတိပေးပါနော်… "ကျေးဇူးပါကို”
တောင်းဆိုစရာနောက်တခုကဘာလဲချစ်… ကို့ကိုပြောလေ
"နောက်တခုက ကို့အနေနဲ့ ချစ်ကိုနောက်ဆုံးအနေနဲ့ တခါလောက် နမ်းပေးပါလား …ကိုလုပ်ပေးနိုင်မလားဟင်” ကျတော်လဲ နှင်းဖြူရဲ့စကားကိုကြားလျှင်အရမ်းနာကျင်ခံစားရပြီး မျက်ရည်များပင် ကျလာလေသည်…
ချစ်ရယ် ဟုပါးစပ်ကရေရွတ်ကာနှင်းဖြူကိုပွေးဖက်လိုက်ပြီး အနမ်းပန်းများကိုပက်ပက်စက်စက်ချွေပေးမိလိုက်လေသည်… နှင်းဖြူလဲကျတော့်ကိုပြန်ဖက်ထားပြီး ငိုလေတော့သည်… ထိုအချိန် ကျတော်တို့ချစ်သူနှစ်ဦး ဘာစကားမှမပြောဘဲ တယောက်နဲ့တယောက်တင်းကျပ်စွာဖက်ထားပြီးငိုနေသည် … တခဏကြာမှ
" ကို ချစ်သွားရတော့မယ်ကို နောက်ဘဝမှပြန်ဆုံတော့မယ်ကိုရယ်… ကျန်းမာရေးလဲဂရုစိုက်နော်… ချစ်ကိုလဲအမြဲတမ်းသတိရနေပေးပါ
သွားပြီကိုရယ် … ထိုသို့ပြောဆိုကာ ကျတော်ချစ်သူမနှင်းဖြူမှာ ကျတော့မျက်စိရှေ့မှပျောက်ကွယ်သွားလေတော့သည်…
နောက်နေ့တွင် ကျွန်တော်သည် ကျွန်တော့်မိဘအပါအဝင် ဒေါ်နှင်းမြနဲ့ ရွာရှိလူကြီးသူမများနဲ့တိုင်ပင်ကာ မနှင်းဖြူအတွက်ကောင်းမှုကုသိုလ်များလုပ်ပေးခဲ့ပါသည်…
ကျတော်ကတော့ ကုသိုလ်ရေးတွေလုပ်တိုင်းနှင်းဖြူကိုရည်စူးပြီးအမြဲတမ်းအမျှပေးဝေပါသည်… ထို့ကြောင့် ကျတော့်ချစ်သူမနှင်းဖြူသည် ယခုအခါ ကောင်းရာဘုံဘဝကိုရောက်ရှိနေလိမ့်မည်ဟု ကျတော် ယုံကြည်မိသည်…
ပြီးပါပြီ
Credit to owner
Comments
Post a Comment