လိပ်ပြာခွဲတဲ့ည
လိပ်ပြာခွဲတဲ့ည
============ (စ/ ဆုံး) ဖတ်ရင်းနဲ့ငိုရမယ်
မေတ္တာရပ်ခံခြင်း
==============
ဤဇာတ်လမ်းသည် စိတ်ကူးဖြင့်ရေးသားသောဇာတ်လမ်းမဟုပ်ပါ
အမှားများပါခဲ့ရင်သည်းခံခွင့်လွှတ်ပေးစေချင်ပါတယ်
ပြီးတော့ မေက ဝါသနာအရစာရေးတာပါ စာရေးဆရာမလဲမဟုပ်ပါဘူးရှင့် စာရေးဆရာမ မဟုပ်တဲ့အတွက် စာဖတ်ပရိတ်သက်အတွက် အနှစ်သာရရှိချင်မှရှိပါလိမ့်မယ်
ကြိုးစားရေးထားတာကိုတော့ အသိမှတ်မပြု့ရင်တောင်မှ သည်းခံနားလည်စေချင်ပါတယ်
+++++++++++++++++++++++++++++++++++
အေးမြတဲ့ဆောင်းတစ်ညမှာ မီးလင်းဖိုကမီးအနွေးဓာတ်ကလွဲလို့ ကျန်တဲ့အနွေးဓာတ်မရှိဘူး ညသန်းခေါင်ယံအချိန် ပုရစ်အော်သံကလွဲရင်လဲ တစ်ခြားဘာအသံမှလဲမကြားရဘူး အလုံးဟာ တိတ်ဆိတ်ငြိမ်သတ်ပြီး အိပ်မောကျနေတဲ့အချိန် ရွှေပိုးမေတစ်ယောက် အိပ်မပျော်ဘူးဖြစ်နေတယ် အိပ်ယာထပ်မှာလူးလိမ့်ပြီး ဟိုကြည့် ဒီကြည့်ဖြင့် ထထိုင်လိုက်သည် ဘေးနားမှာရှိတဲ့သူတစ်ယောက်ကို အိပ်ယာနှိုးလိုက်သည် သူ့ရဲ့အမွှာအစ်မဖြစ်သည်
ပိုးအိမ် ပိုးအိမ် ခနထပါ မေ အိမ်သာသွားချင်လို့
ဟာ မေကလဲ ဒီမှာအိပ်ကောင်းနေတဲ့ဟာကို
ဟင့် ထပါ ခနလေးလိုက်ခဲ့ပေးပါနော်
မလိုက်ဘူးဟာ သွားချင်ရင် တစ်ယောက်ထဲသွား သူများအိပ်နေတာကို
မလိုက်လဲနေပေါ့ဟာ မနက်ဖြန် လိမ္မော်ခြံထဲသွားရင် မခေါ်ဘူးထားခဲ့မယ်
ပြောပြီးတော့ မေတစ်ယောက်တည်းအိမ်အောက်ထပ်သို့ဆင်းလာခဲ့သည် မေမေနဲ့ဖေဖေအခန်းကိုကြည့်တော့လဲ အိပ်မောကျနေကျသည် အိမ်အနောက်တံခါးမကြီးကနေ အိမ်သာကို လှမ်းမြင်နေရသည် ဒါပေမဲ့ မသွားရဲ မသွားရင်လဲထွက်ကျတော့မည် မေအိမ်သာကို အမြန်လေး ပြေးသွားလိုက်သည် အိမ်သာတက်နေစဉ် နားထဲတွင်မြင်းခွာသံကြားနေရသည် စိတ်ထင်လို့ပဲနေမှာပါလို့မှတ်ပြီး အိမ်သာတက်မြဲတိုင်းတက်နေလိုက်သည်
ရုတ်တရက်
အမလေး ကယ်ကြပါဗျို့ ကျုပ်မိန်းမကို ဓားမြတွေ သက်လိုက်ပြီ
ဓားမြဗျို့ ဓားမြ
ဟင် ဓားမြ ဆိုပါလား
ဒိုင်း ဒိုင်း ဒိုင်း ဒိုင်း
ဒါသေနပ်သံပဲ သေနပ်သံကြောင့် တစ်ရွာလုံးထိပ်လန့်ပြီး လန့်နိုးကုန်ကြသည် မေတစ်ယောက် အိမ်သာထဲကနေမထွက်ရဲ
ဒါဖေဖေပြောပြောနေတဲ့ တောပုန်းတွေဖြစ်မယ် ထိုအချိန် ရွာထဲကလူတချို့ရဲ့အသံကိုကြားနေရသည် ကလေးငိုသံတွေ မိန်းမငိုသံ တောင်းပန်နေတဲ့အသံတွေ အသံတွေကတဖြည်းဖြည်းအိမ်နဲ့နီးကပ်လာသည် မေအပြင်ကို ချောင်းကြည့်တော့ မေတို့အိမ်ရှေ့ခြံဝိုင်းထဲမှာ ရွာထဲကလူတွေအများကြီး ကြောက်လန့်တကြား ငိုကြွေးနေကြသည်
ထိုတောပုန်းများက ဗမာစကားမတတ်ဘူး ထင်သည် လီဆူးတိုင်းရင်းသားစကားဖြင့်ပြောသည် ရွာသားတွေကိုလဲ သူ့သေနပ်ဖြင့်ချိန်ကာ ဒေါသတကြီးဖြင့် အော်နေတာကို ရွာသားတွေထဲက လူတစ်ယောက်မှထကာ လီဆူးစကားဖြင့်ပြန်ပြောသည် ထိုလူကိုမြင်ဖူးသလိုရှိလို့ သေသေချာချာကြည့်လိုက်မှ
ဟင် ဖေဖေ
ဒိုင်း
တောပုန်းခေါင်းဆောင်နဲ့တူတဲ့တစ်ယောက်က ဖေဖေ့ကို သေနပ်ဖြင့်ပစ်လိုက်တာ မေတွေ့လိုက်ရသည်
ဖေဖေသေနပ်မှန်ပြီးလဲကျသွားတော့ မေမေ့ရဲ့အော်သံနဲ့ ပိုးအိမ်ရဲ့ငိုသံကို မေကြားလိုက်ရသည်
ရှင်တို့လူယုပ်မာတွေ ရှင်တို့ကို မကျေနပ်ဘူး သက်ပစ်မယ်
မေမေက တောပုန်းခေါင်းဆောင်ကိုလက်ညှိုးထိုးကာ ပြောလိုက်သည်
တောပုန်းအဖွဲ့ထဲမှလူတစ်ယောက်က မေမေ့ကို ဆံပင်ကနေစောင့်ဆွဲပြီးမြေကြီးမှ ဒရွတ်တိုက်ဆွဲခေါ်ကာ သူတို့ရဲ့ခေါင်းဆောင်ရှေ့ကိုပစ်လိုက်သည် ပိုးအိမ်ကတော့ ဖေဖေ့ရဲ့အသက်မဲ့နေတဲ့ ခန္ဓာကိုယ်ကို ဖတ်ကာ ငိုကြွေးနေသည်
အဲ့ဒိ့မြင်ကွင်းကို မေမြင်ပြီး ကျောက်ရုပ်ကြီးလို စုံရပ်ကြည့်နေမိသည် မေက အမှောင်ထဲကနေကြည့်နေတော့ အရာအားလုံးကို အထင်းသားမြင်နေရသည် သူတို့ကတော့ မေ့ကိုတွေ့ပုံမပေါ်ဘူး
အကယ်၍တွေ့သွားရင်လဲ ခုလိုပြန်ရေးပြနိုင်မည်မထင်ပေ ထိုအချိန်သေနပ်သံထပ်ကြားရပြန်သည်
ဒိုင်း ဒိုင်း
အော်သံတွေငိုသံတွေ ဆူညံကာငြိမ်ကျသွားသည်
ခနလေးအတွင်းမှာ မျက်စိရှေ့တွင် မေမေနဲ့ ပိုးအိမ်မြေကြီးပေါ်ကိုပုံလျက်သားလဲကျသွားသည် မေငိုဖို့ပင်မေ့သွားသည် ကြောင်တောင်တောင်ဖြင့် ရပ်ကြည့်နေမြဲတိုင်အသက်ရှူဖို့ပင်မေ့သွားသည် မေ့အနောက်ကို လူတစ်ယောက်ရောက်လာသည်ကိုပင်သတိမထားမိပေ ထိုလူက မေ့ကိုပါးစပ်ကိုပိတ်ကာ ချီလိုက်တော့မှ မေအော်မိသည်
အု အု အူး အူး အု
အုအုဆိုတဲ့အသံတိုးတိုးလေးကလွဲရင် မေအသံမထွက်နိုင်ပါ
ထိုလူက
ရူး တိုး တိုး မအော်နဲ့ ဦးလေးပါ မကြောက်နဲ့သမီး
ဒါဦးခွန်းသ အသံပဲ မေ့ဖေဖေရဲ့ညီအရင်း မေမော့ကြည့်လိုက်တော့ ပါးစပ်နားကို လက်ညှိုးကပ်ကာ တိုး တိုး မအော်နဲ့ အသံမထွက်မိစေနဲ့ဆိုတဲ့ စကားကိုပြောသည် မေအသံမထွက်ရဲပါဘူး ဦးလေးခွန်းသက မေ့ကိုအိမ်အနောက်ဘက် ကဂိုဒေါင်ထဲကိုခေါ်သွားသည် ဂိုဒေါင်ထဲရောက်တော့ အိပ်တွေရဲ့အနောက်ဘက်ကို သွားခိုင်းသည် သူကတော့ ကုပ်ချောင်းချောင်းနဲ့ပေါ့ ဟိုကြည့်ဒီကြည့်နဲ့မြေပေါ်က တစ်ခုခုကိုလက်ဖြင့်ဟိုစမ်း ဒီစမ်းလုက်နေသည်
သူတစ်ခုခုကို တွေ့သွားတယ်ထင်သည် သူ့လက်ထဲမှာ သံကွင်းတစ်ခု ကိုတွေ့သည် သံကွင်းကိုဆွဲမလိုက်တော့ မြေအောက် တံခါးပွင့်သွားသည်
လာသမီး ဒီထဲကိုဝင်နေ
ဦးလေးပြောတဲ့အတိုင်း မြေကြင်းထဲကိုဆင်းလိုက်သည် ထိုအချိန်မေနောက်ဆုံးမြင်လိုက်ရတာက မေတို့အိမ်ကြီးမီးလောင်နေတာကိုမေမြင်လိုက်ရတာပါပဲ
သမီး မေ သတိရပြီလား
ဦးဦး သမီးဘယ်ရောက်နေတာလဲ
ဦးဦးတို့ တောထဲရောက်နေတာ သမီးဗိုက်ဆာပြီလား
ဖေဖေနဲ့မေမေယော
သမီးရဲ့ဖေဖေနဲ့မေမေယော ပိုးအိမ်ယော တောပုန်းတွေသက်လို့သေသွားပြီလေ
ဟင် သေသွားပြီ ဒါဆို ညကသမီးမြင်တာ တကယ်ကြီးပေါ့နော်ဦးဦး
မေမယုံချင်ပါ ဒါပေမဲ့ မေကိုယ်တိုင်တွေ့ခဲ့ရတာ လေ
ဦးဦးကတော့ မျက်နှာမကောင်းပါ မျက်ရည်တွေစီးကျပြီး ငိုနေတာမေတွေ့လိုက်ရတယ်
သမီး တစ်ခုခုစားလိုက်လေနော် သမီးဘာမှမစားပဲသတိမေ့နေတာ နှစ်ရက်ရှိသွားပြီ ဦးလေးငှက်ပျောသီးတွေခူးထားတယ် စားလိုက်နော် စားပြီးရင် ဦးလေးတို့အိမ်ပြန်ကြမယ်
ဟုပ်ကဲ့
ဦးလေးခူးထားတဲ့ငှက်ပျောသီးတွေကို မေစားပြီးတော့ ဦးလေးကမေ့ကိုကျောပိုးကာ အိမ်ပြန်လာခဲ့ကြသည် တောထဲမှာ ကျေးငှက်သံလေးတွေကလွဲလို့ ဘာမှမကြားရပေ
ဦးလေးက မေ့ကိုကျောပိုးရင်းနဲ့ အိပ်ချင်အိပ်ဆိုလို့ မေအိပ်ပျော်သွားခဲ့တယ် အိမ်ပြန်ရောက်တာတောင်မေမသိလိုက်ပါ
မေအိပ်ယာနိုးတော့ အိမ်တစ်အိမ်ရဲ့အခန်းတစ်ခုကိုရောက်နေသည်
အခန်းအပြင်ဘက်မှာလဲစကားပြောသံတွေကြားနေရသည်
သူတို့ပြောနေတာက မေ့ကိုဒီရွာကနေဝေးတဲ့နေရာမှာထားဖို့ အန္တရာယ်မရှိအောင် မေ့ကို မေ့မေမေရဲ့ဇာတိဖြစ်တဲ့ရန်ကုန်ဆိုတဲ့မြို့ကိုပို့ဖို့ ပြောနေကြတာဖြစ်သည် ဦးလေးခွန်းသက မေ့ကို မေ့မိဘတွေရက်လည်ပြီးမှ ပို့လို့ရမယ်ဆိုပြီးပြောနေကြသည်
ရက်လည်တဲ့နေ့ ရောက်တော့ မနက်ပိုင်းဟိုဘက်ရွာဘုန်းကြီးကျောင်းသံဃာတော်၅ပါးကြွလာတယ် မေတို့ခြံဝိုင်းထဲမှာတော့ ပြာပုံဖြစ်နေတဲ့မေတို့အိမ်ရယ် သံဃာတော်တွေ ထိုင်ဖို့ဝါးကွပ်ပစ်လေးတစ်ခုရယ် တရားနာလာတဲ့လူတွေရယ် ပြည့်နေတာပေါ့ ဦးဦးနဲ့မေက ရှေ့ဆုံးကနေရေစက်ခွက်တွေကိုင်ပြီး အမျှဝေနေကြတာ ဦးဦးကတော့ ငိုလို့ပေါ့ ရွာသားတွေကလဲငိုလိုက်ကြတာ မေတောင်ငိုဖို့သတိမရဘူး
ညနေစောင်းတော့ ရွာထဲက နတ်ဆရာမ အဖွားကြီးတစ်ယောက် မေ့ဆီကိုရောက်လာတယ် ဖွားကြီးက မေ့ကိုလဲမြင်ယော
သမီးလေး ပိုးမေ ဆိုပြီးပြေးဖက်ပါလေတယ်
မေလဲလန့်ပြီးအော်တာ ငယ်သံတောင်ပါတယ် ဦးဦးက အိမ်အနောက်မှာ ထင်းပေါက်နေရာကနေ ရဲတင်းကြီးကိုင်ပြီးတော့
ပြေးထွက်လာပါတယ်
ဟေ့ ခင်ဗျား ဘာလုပ်တာလဲ ခုလွှတ် ကျုပ်တူမလေးကို
ဦးဦး သမီးကိုကယ်ပါ သမီးကြောက်တယ်
ဦးဦးကလဲ ဖွားကြီးကိုတွန်းထုပ်တာပေါ့ မေကလဲရုန်းတယ် နောက်ဖွားကြီးက ဦးဦးကိုပြောလိုက်တဲ့စကားဟာ မေ့ကိုကြောင်တောင်တောင်ဖြစ်သွားစေတယ်
မောင်ငယ် ငါလေ နင့်အစ်မ မမှတ်မိတော့ဘူးလားမောင်ငယ်ရယ်
ဟင် အစ်မ ဟုပ်လား
ဟုပ်ပါတယ် မောင်ငယ်ရယ် နင့်အစ်ကိုရဲ့မိန်းမ ရွှေပိုးအိမ်နဲ့ရွှေပိုးမေ တို့အမေ နင့်အစ်မပါ အီး ဟီး ဟီး
အစ်မရာ ဖြစ်မှဖြစ်ရလေ ကျွန်တော် ဘာလုပ်ရမလဲဗျာ
ထိုအချိန် ဘေးအိမ်က လူတွေရွာထဲကလူတွေရောက်လို့လာပါတယ် အကုန်လုံးကလဲစိတ်ဝင်တစားကြည့်နေကြတာ မေကတော့ ဦးဦးငိုတာကိုကြည့်ပြီး လိုက်ငိုမိသည် ဘာတွေဖြစ်တယ် ဆိုတာကိုမေနားမလည်ပါ
သမီး မေမေ့သမီးလေး အသက်ရှင်သေးတယ် မေမေဝမ်းသာလိုက်တာ သမီးရယ် မေမေကလေ သမီးလေးကို မီးထဲပါသွားပြီထင်ပြီးမေမေလိုက်ရှာနေတာ သမီးဖေဖေနဲ့မမက သမီးကိုစောင့်နေကြတာ သမီးမေမေတို့နဲ့လိုက်ခဲ့နော်
ဟာ အစ်မရယ် မလုပ်ပါနဲ့ဗျာ တူမလေးကိုမခေါ်ပါနဲ့ဗျာ ကျုပ်တောင်းပန်ပါတယ်
မောင်ငယ် ငါ့သမီးကိုစိတ်မချဘူး အဲ့တော့ ငါပြန်ခေါ်ရမယ်
ကျုပ်ရှိတာပဲအစ်မရာ ကျုပ်တူမလေးကိုစောင့်ရှောက်မှာပါ
ဘာပဲဖြစ်ဖြစ် ငါ့သမီးကိုစိတ်မချဘူးဟယ်
အစ်မစိတ်ချပါဗျာ ကျုပ်တူမလေးကို သမီးရင်းလေးတစ်ယောက်လိုစောင့်ရှောက်မှာပါ
သမီးရယ် မေမေတို့နဲ့လိုက်ခဲ့ပါနော်
သမီးကြောက်တယ် ဦးဦး သမီးကြောက်တယ် အီး ဟီး ဟီး
မကြောက်နဲ့ သမီး ဦးဦးရှိတယ်
မေကကြောက်တယ်ဆိုတာ ထိုအဖွားကြီးကိုကြောက်တာပါ သူကသူ့ကိုယ်သူမေမေဆိုပြီးတော့ မေ့ကိုအတင်းဖတ်ထားတာကိုး မေသိတဲ့မေ့ရဲ့မေမေက ငယ်ငယ်ချောချောပါ ထိုဖွားကြီးလို ရုပ်ဆိုးဆိုးကြီးလဲမဟုပ်ပေ
သမီးရယ် မေမေလေ မကြောက်ပါနဲ့သမီးရယ်
မေကြောက်လွန်းလို့ အသားတွေပါတစ်ဆက်ဆက်တုန်သည် ဦးဦးကိုဖက်ကာ ငိုနေမိသည်
အစ်မစိတ်ချမ်းသာအောင် ကျုပ်ဘာလုပ်ပေးရမလဲ ကျုပ်ကအကုန်လုပ်ပေးမယ် ဒါပေမဲ့ တူမလေးကိုတော့မပေးနိုင်ဘူး
ငါဒီရွာမှာငါ့သမီးလေးကိုစိတ်မချဘူး မောင်ငယ်
ရန်ကုန်ကသူ့အဖိုးဖွားတွေဆီပို့ထားပေးပါ ငါတို့ကိုလဲခေါ်သွားပါ ဟိုရောက်ရင် သမီးလေးကို ဘယ်သူကိုပေးမယ်ဆိုတာငါပြောမယ်
ဟုပ်ကဲ့ပါအစ်မ ကျုပ်ဖြစ်အောင်လုပ်ပေးပါ့မယ်
သမီးလေး လိမ်လိမ်မာမာနေနော်
မေလှည့်ကြည့်တော့ ဖွားကြီးမျက်လုံးတွေက မျက်ရည်စတွေနဲ့ မေ့ကိုစိတ်ပူနေတဲ့ ပုံစံ စိတ်မချတဲ့ပုံစံ နဲ့ပါ ကြည့်နေရင်းနဲ့ဖွားကြီးလဲ ပစ်လဲသွားပါတယ် ရွာသားတွေ ဝိုင်းပြီးပြု့စုပေးလို့ ဖွားကြီး သတိရပြီးသူ့အိမ်သူပြန်သွားပါတယ်
ဦးဦးက မေ့ကိုဖတ်ထားတာမေအသက်ရှူပါကျပ်လာသည်
ဦးဦး သမီးအသက်မရှူနိုင်ဖစ်နေပြီ
ထိုကဲ့သို့ပြောလိုက်တော့မှ အသက်ရှူချောင်သွားသည်
သမီး ကြောက်နေသေးလား
ဟုပ်ကဲ့ ကြောက်တယ်
မကြောက်နဲ့တော့နော် ဦးဦးရှိတယ်
မေခေါင်းလေးညှိမ့်ပြလိုက်သည်
သမီးလေးကို ကျုပ် မခွဲနိုင်ဘူးအစ်မရယ် ဒါပေမဲ့ အစ်မကမိခင်လေ ကျုပ်ဆီမှာသမီးလေးကိုထားခဲ့ဖို့စိတ်မချတာ သဘာဝကျပါတယ် အစ်ကိုရာ ကျုပ်ကို တစ်ယောက်တည်းထားရက်ခဲ့တယ်နော် ကျုပ်အစ်ကို့ကိုသတိရနေမှာပါ
ရန်ကုန်မြို့ကြီးဆီကိုရောက်ပါပြီ ရွာက ဆရာတစ်ယောက်နဲ့ အစ်ကိုနဲ့အစ်မ တူမလေးပိုးအိမ်တို့ရဲ့ လိပ်ပြာကိုချုပ်ကာ ဆရာရယ် တူမလေးရယ် ကျုပ်ရယ် ရန်ကုန်ဘူတာကြီးကိုရောက်နေကြပါပြီ
ရန်ကုန်မှာရှိတဲ့အစ်မရဲ့ဆွေမျိုးတွေဆီကို သံကြိုးစာပို့ထားပြီးလို့ လာကြိုဖို့လဲမှာထားပါတယ်
ဟေ့ မောင်ခွန်းသ ဆိုတာ နောင်ကြီးလား
ဟုပ်ပါတယ်
ကျွန်တော်က မမဝင်းရဲ့မောင်ပါ
ဟုပ်ကဲ့ ဒါကျုပ်တူမလေး ခင်ဗျားတူမလေးပါပဲ
တူမလေးက ချစ်စရာလေး
လာလာတူမလေး နောင်ကြီးတို့အထုပ်တွေ ကို ကျုပ်ကားနောက်ခန်းမှာထားထားတယ်
မေကတော့ ဦးဦးပေါင်ပေါ်မှာ ထိုင်ရင်း အိပ်ပျော်သွားပါတယ်
ဆရာ ဟိုရောက်ရင်ကျုပ်တို့လုပ်စရာရှိတာလုပ်ပြီးရင် ပြန်ကြတာပေါ့ဗျာ ကျုပ်ကြာကြာမနေချင်ဘူး
အေးပါခွန်းသရာ ငါသိပါတယ်
သမီးလေးကိုကျုပ်သနားတယ်ဗျ သမီးလေးရှေ့မှာတင် အစ်ကိုနဲ့အစ်မ တူမလေးက အသက်ခံလိုက်ရတာမြင်တော့ သမီးလေးလဲထိပ်လန့်နေမှာအသေချာပဲ
အဲ့အချိန်ထဲက သမီးလေးက အရီအပြုံးမရှိတော့ဘူး ကစားတာလဲမတွေ့ရဘူး တခြားကလေးတွေကစားဖို့လာခေါ်တာတောင် မကစားဘူး
စကားတပြောပြောနဲ့ရောက်လာပါပြီ
နှစ်ထပ် ပြင်ထောင်အိမ်ကြီး ရှေ့မှာ ကားကရပ်သွားသည် ကားပေါ်ကဆင်းတဲ့ထိသမီးလေးကမနိုးသေးပေ
အိမ်အပေါက်ဝတွင် ကျုပ်တူတော်မောင်နှစ်ယောက်ကပြုံးပြုံးကြီးဆီးကြိုနေသည်
သူတို့တွေက အစ်ကိုနဲ့အစ်မရဲ့သားပါပဲ သမီးလေးမေရဲ့အစ်ကိုအရင်းတွေပေါ့ နယ်မှာမငြိမ်းချမ်းတော့ ရန်ကုန်ကိုပို့ထားခြင်းဖြစ်သည်
ညီမလေး လာပါအုံးကိုကိုကြီးဆီကို
ဟင် ကိုကိုကြီး
ဦးဦးချီထားရင်းနဲ့ ကိုကိုကြီးငိုဖတ်ထားလိုက်သည် ကိုကိုလေးကတော့ ကားနောက်ခန်းက အထုပ်တွေကူဝိုင်းသယ်ပေးရင်းအိမ်ထဲသို့ဝင်သွားသည် မေကတော့
ကိုကိုကြီးလည်ပင်းကိုဖတ်ကာ ငိုနေမိသည်
ညီမလေးမေကလဲ ကလေးကျနေတာပဲ မငိုနဲ့တိတ် တိတ်
စတီခုံ တွေတန်းစီထားတဲ့ဧည့်ခန်းမဆောင်တစ်ခုတွင်းမှာ မေ့မေမေပြောပြောနေတဲ့ မေ့ဖွားဖွားရယ် ဦးဦးရယ် မေတို့ရွာကဆရာရယ် မေမေ့ညီမနဲ့မောင်ရယ် ကိုကိုကိုကြီးနဲ့ကိုကိုလေး ပြီးမေ လူရှစ်ယောက်ထိုင်နေကြသည်
ကိုကိုကြီးကိုဖွားက
သား ရွှေဘုန်းခန့် ညီလေးနဲ့ညီမလေးကိုခေါ်ပြီး မုန့်သွားစားချေ
ဖွားစကားပြောမလို့
ကိုကိုကြီးကမေနဲ့ကိုကိုလေးကိုခေါ်ကာ အပြင်မုန့်ဆိုင်ကိုခေါ်သွားသည်
အဒေါ် ကျုပ်ပွင့်ပွင့်လင်းလင်းပဲပြောတတ်တယ် စကားပြောရိုင်းတယ်ထင်ရင်တောင်းပန်ပါတယ်
ရပါတယ် မင်းပြောတက်သလိုပြောပါ
ဟုပ်ကဲ့
ဒါကျွန်တော်တို့ရွာက ဆရာပါ အခု အစ်ကိုနဲ့အစ်မရဲ့ဆန္ဒအရ သမီးလေးမေကို လိပ်ပြာခွဲမလို့ပါ အစ်ကိုနဲ့အစ်မ စိတ်ချယုံကြည်ရတဲ့သူဆီကို သမီးလေးကိုထားခဲ့မှာပါ
ဒီညပဲလိပ်ပြာခွဲမယ် မနက်ဖြန်ဆိုကျုပ်တို့ပြန်မယ်
ပြန်မယ် ဒီမှာအေးဆေးနေပါအုံးလားကွယ်
ကျုပ်မနေချင်ဘူးအဒေါ် ကျုပ်ဆက်နေရင် သမီးလေးကိုခွဲနိုင်မှာမဟုပ်ဘူး
မင်းသဘောပါပဲကွယ်
ည ၈နာရီထိုးပြီ ဆရာတစ်ယောက်ဘုရားစင်အရှေ့မှာ ဘုရားရှိခိုး တရားထိုင်ကာ ပိုင်ရာဆိုင်ရာတွေကိုအပ်နှံပြီး ပါးစပ်မှလဲ ဂါထာလိုလိုရွတ်ဖတ်နေပါတယ်ဆရာက သူ့ဆောင်လွယ်အိပ်ထဲမှပုလင်းလေးတစ်လုံးကို ဖွင့်ကာ စားပွဲတစ်ခုပေါ်တင်ထားလိုက်သည်
ပုလင်းအဖုံးဖွင့်ဖွင့်ချင်းမှာပင် လေခပ်ပြင်းပြင်းတွေတိုက်လာခဲ့ပါတယ် ဆရာက ဂါထာတစ်ပုဒ်ရွတ်ဆိုလိုက်တော့ လေတိုက်တာတွေငြိမ်ကျသွားသည်
ဆရာက ချိန်ခွင် ခပ်သေးသေးတစ်ခုကိုယူကာ အရွယ်တူဂွမ်းလုံးလေးတွေကို ထုပ်ပြီး ဂွမ်းလုံးတစ်ခုနဲ့ မေ့အသားကို ပွတ်ခါ ထိုဂွမ်းလုံးလေးကိုချိန်ခွင်ထဲထည့်လိုက်သည်
ဒါငါတို့ဘက်
ကျန်ဂွမ်းလုံးလေးကို ပုလင်းလေးရဲ့ထိပ်ကိုပွတ်ခါ ကျန်တဲ့ချိန်ခွင်တစ်ဖက်ကိုထည့်လိုက်သည်
ဒါနင်တို့ဘက်
ဆရာပြောတာကို မြင်စေ ကြားစေ ပြောနိုင်စေ
သေသေချာချာနားထောင်ပါ ဒီလူအုပ်ထဲမှာ ကလေးကိုပေးခဲ့ချင်တဲ့သူရှိနေရင် ချိန်ခွင်ကို ငါတို့ဘက်ကိုစောင်းပေးပါ
ချိန်ခွင်လေးမှာ တုတ်တုတ်မျှပင်မလှုပ်
ဆရာကထပ်ပြောသည်
နင်တို့သမီးကို နင်တို့က ဒုက္ခရောက်တာမြင်ချင်လို့လား
နင်တို့နဲ့သမီးလေးက ဘဝတွေခြားနေပြီ အတူတူနေဖို့ရာမဖြစ်နိုင်ဘူး
ဒါ့ကြောင့် နင်တို့စိတ်ချရတဲ့ သူဆီကိုအပ်နှံမှရမယ်
သမီးရဲ့ဦးလေး ခွန်းသကို ပေးမယ်ဆို ငါတို့ဘက်ကိုစောင်းပြပါ
ချိန်ခွင်လေးမှာ မလှုပ်ပေ
ဒါဆို ဒီမိသားစုထဲက အကြီးကဲဆီမှာအပ်ချင်တယ်ဆို စောင်းပြပါ
ထိုအခါ ချိန်ခွင်လေးမှာ လေမတိုက်ပါပဲ သွက်သွက်ခါအောင်လည်နေပါတော့တယ်
ကြည့်နေတဲ့သူတွေမှာ ငိုတဲ့သူကငို မျက်ရည်ဝဲတဲ့သူကဝဲ
အဲ့လိုမလုပ်နဲ့လေ သေသေချာချာ ပြပါ
ပြောလိုက်တော့ချိန်ခွင်လေးမှာ တိခနဲရပ်သွားပြီးတော့ ဘေးတစ်ဖက်ကိုစောင်းကျသွားပါတယ်
ဒါဆိုရင် သမီးလေးကိုသူ့အဖွားဆီမှာထားခဲ့ပြီဆိုတာသေချာတယ်နော်
ချိန်ခွင်လေးမှာ စောင်းမြဲတိုင်းစောင်းနေသည်
ကဲနောက်ဆုံးအနေနဲ့တစ်ခုကူညီမယ် မိသားစုနဲ့သမီးလေးကို ဘာမှာချင်လဲ ဆရာ ခန္ဓာကိုယ်ငှားမယ်
ပြောလဲပြောပြီးယော ဆရာ တစ်ကိုယ်လုံးတုန်လာပြီးတော့ ငိုပါတော့တယ်
သမီးရယ် မေမေသမီးလေး သား သားတို့ရေ သားတို့သမီးတို့ကိုမေမေထားခဲ့ရတော့မယ်
ဆရာက ယောက်ျားတစ်ယောက်ပါ ဒါပေမဲ့ မိန်မအသံထွက်နေပါတယ်
ထူးဆန်းစွာ ထိုအသံမှာမေမေ့အသံပဲဖြစ်သည် မေကောင်းကောင်းမှတ်မိသည်
မေမေလား မေမေ သားတို့ကိုစ်ိတ်ချပါမေမေရယ်
သားညီလေးနဲ့ ညီမလေးကို စောင့်ရှောက့်မှာပါ
သားကြီး ညီလေးနဲ့ညီမလေးကို သေချာစောင့်ရှောက်နော် မေမေစိတ်ချမယ်နော်
ဟုပ်ကဲ့စိတ်ချပါမေမေ သားကတိပေးပါတယ်
မေမေ သမီဆီကိုမြန်လာခဲ့နော် သမီးစောင့်နေမယ်
သမီးလေးရယ် မေမေ့ဆီလာပါအုံး မေမေသားတှိုသမီးတို့ကိုတစ်ခါလောက်ပွေ့ဖတ်ပါရစေ
မေမေ အီး ဟီးဟီး ဟီး မေမေ
သားလေး သမီးလေး မေမေသွားတော့မယ်နော် အဖွားစကားကိုနားထောင်သိလား
အမေ အမေကို ကျွန်မရဲ့ကလေးတွေကိုအပ်ပါတယ် အမေရယ်
သူတို့လေးတွေကိုစောင့်ရှောင့်ပေးပါအမေ အမေ့ကိုသမီးကန်တော့ခဲ့ပါတယ်
ပြောလဲပြော ကန်တော့ကြီးတော့ မေမေ့လိပ်ပြာထွက်သွားပါတယ်
ခနကြာတော့ ပိုးအိမ်
ကိုကိုကြီး ကိုကိုလေး
ဆရာ့အသံက ကလေးတစ်ယောက်ရဲ့အသံ လို့ဖစ်သွားပါတယ
ဟင် ညီမလေး ပိုးအိမ်
ကိုကိုကြီး ပိုးအိမ် ကန်တော့ပါတယ် ကိုကိုလေးကိုလဲကန်တော့ပါတယ်
မေ ပိုးအိမ်ခနလောက်ဖတ်ထားလို့ရမလားဟင်
ပိုးအိမ် မမ မေနေ့တိုင်းသတိရနေတာ မမကို
ပိုအိမ်က မေ့ကိုဖတ်ပြီး ငိုသည် မေကလဲပြန်ဖတ်ကာ ငိုမိသည် ပတ်ဝန်းကျင်က လူတွေဆွေမျိုးတွေက ဒီအဖြစ်ပျကိကိုမြင်တော့ ငိုနေကြပါတယ်
ပိုးအိမ်က အိမ်အပြင်ကိုကြည့်ကာ သူသွားရတော့မယ်တဲ့ ပြီးတော့ မေ့ကိုစကားတစ်ခွန်းတိုးတိုးလေးပြောသွားတယ် ဘယ်သူမှမသိလိုက်မကြားလိုက်ဘူး အဲ့ဒိ့နေ့ကစပြီး မေ အမြဲတမ်းတစ်ယောက်တည်းပျော်ပျော်နေတတ်သွားတယ် ဘာ့ကြောင့်ဆို မေ့တို့အမွှာတွေလေ ခွဲလို့မရဘူး
ခုဆိုရင် ရွှေပိုးမေဆိုတဲ့ကျွန်မ တက္ကသိုလ်ကျောင်းသူကြီးတစ်ယောက်ဖြစ်နေပါပြီ ကိုကိုကြီးဆိုရင် စင်ကာပူ နိုင်ငံမှာ အလုပ်တွေလုပ်နေပါတယ် ကိုကိုလေးဟာဆိုရင်လဲ တည်ငြိမ်အေးဆေးပြီး မေ့ကိုအရမ်းဂရု့စိုက်ပြီး ချစ်တဲ့အနီးကပ်စောင့်ရှောက်ပေးတဲ့ ကိုယ်ရံတော်ကြီးဖြစ်လို့နေပါပြီ
ဦးဦးခွန်းသကတော့ မေတို့မိသားစုပိုင်တဲ့ခြံလုပ်ငန်းတွေကို ဦးစီးလုပ်ကိုင်နေတဲ့ လူပျိုကြီးပါပဲ
လိပ်ပြာခွဲတဲ့ည ဆိုတာထက် ကြေကွဲစရာကောင်းတဲ့ မိသားစုခွဲခွာချိန်လေးပါ
်
ခုလိုသည်းခံပြီးအဆုံးထိဖတ်ပေးတာကျေးဇူးတင်ပါတယ်ရှင့်။
စာရေးသူ ရွှေဖူးမေ👸
မူရင်းရေးသားသူ အား crdပေးပါသည်။
Comments
Post a Comment