သံယောဇဉ်
သံယောဇဉ်
~~~~~~~~~~
{စ/ဆုံး}
အချိန်ကား ညဆယ့်နှစ်နာရီတိတိ။••
""ဂီးးးးဂစ်""
ရွာပြင်ထနောင်းပင်ကြီးဆီမှညငှက်တချို့ထပျံသွားလေ၏။
""အူ•••ဝူးးးးဝူးးးး""
ခွေးများ၏ဆွဲဆွဲငင်ငင်အူလိုက်သောအသံက
ကျောထဲအထိစိမ့်တက်လာရသည်။
ထိုစဉ် အမှောင်ထဲတွင်လူတစ်ဦးဒယီးဒယိုင်လျှောက်လာနေ၏။
ထိုသူကားထွန်းခိုင်ဖြစ်သည်။••
ညနေကရေချိန်များပြီးမူးမူးနှင့်ထန်းရည်သောက်ရင်း
ထန်းရည်တဲလေးမှာပင်အိပ်ပျော်သွားရသည်။••
တစ်ရေးနိုးတော့မူးမူးနှင့်ထပြန်လာရာ
အချိန်လည်းသတိမထားမိပေ။•••
""ဝှီးးးးးဖလပ်••ဖလပ်""
ညငှက်တစ်ကောင်ခေါင်းထက်မှပျံပြေးတာမို့
ထွန်းခိုင်ကျောထဲစိမ့်တက်လာလေသည်။••
မူးနေသည့်အရှိန်ကလည်းပြေနေပြီမဟုတ်ပါလား။••
မကြာမီညောင်ပင်တောသင်္ချိုင်းကိုဖြတ်သွားရတော့မည်။
လှည့်ပြန်ရမလားဆက်သွားရမလားတွေးနေရင်း••
ဆက်လျှောက်လာခဲ့သည်။•••
စွပ်ကျယ်ချိုင်းပြတ်လေးနဲ့မို့ညလေအေးအေးတွင်
အရိုးကွဲတော့မလိုခံစားရသည်။••
ထွန်းခိုင်စိတ်ထဲ မနက်လင်းတော့မည်ထင်၍
ထလာတာဖြစ်သည်။ဘယ်လောက်မူးမူးအမေမုဆိုးမကြီး
တစ်ယောက်ထဲမို့အိမ်ပဲပြန်အိပ်သည်။
ထို့ကြောင့်မူးပြီးအိပ်ပျော်သွားသော်လည်း
နိုးနိုးချင်းထလာတာဖြစ်သည်။•••
အမှောင်ထဲစမ်းတဝါးဝါးနီင့်ပင်ညောင်ပင်တော
သင်္ချိုင်းရှေ့ရောက်လာပြီဖြစ်သည်။
သင်္ချိုင်းဇရပ်ဘေးမှညောင်မုတ်ဆိတ်ပင်ကြီးမှာ
တစ္ဆေကြီးတစ်ကောင်ထိုင်နေသည့်အလား။••
ထိုစဉ်•••
""အူဝဲ••အူဝဲ••"""
""အူ•••ဝဲ••အူဝဲ•••"""
""ဟင်••ကလေးငိုသံပါလား""
ထွန်းခိုင်၏မှေးနေသောမျက်လုံးအစုံပြူးကျယ်သွားရကာ
ပြေးရန်ခြေလှမ်းပြင်လိုက်မိသည်။
ဒီအချိန်ဒီလိုသင်္ချိုင်းမှာကလေးငိုတယ်ဆိုတာ••
နာနာဘာဝတွေလှည့်စားတာသာဖြစ်ဖို့များသည်မဟုတ်ပါလား။
ထွန်းခိုင်ခြေလှမ်းပြင်ပြီးမှ••
မွေးကင်းစကလေးငိုသံအားကျောမခိုင်းရက်ပြန်။
ဘာဖြစ်ဖြစ်ထွန်းခိုင်ကလေးကိုရှာရန်ဆုံးဖြတ်လိုက်သည်။
အသံကအုတ်ဂူတွေကြားမှမဟုတ်ဘဲ
သင်္ချိုင်းဇရပ်ဆီမှလာတာမို့ထွန်းခိုင်အနည်းငယ်
စိတ်သက်သာရာရသွားကာ••
သင်္ချိုင်းဇရပ်ဆီချည်းကပ်လိုက်မိသည်။
ဇရပ်ဆီရောက်တော့ကလေးအသံမှာ
ဇရပ်ပေါ်ကလာတာပို၍သေချာသွားလေသည်။••
ပို၍သေချာအောင်မျက်လုံးကိုပွတ်ကြည့်လိုက်တော့
ဇရပ်ပေါ်တွင်လှုပ်ရှားနေသောမဲမဲ သဏ္ဌာန်လေးကို
တွေ့လိုက်ရသည်။ငိုသံမှာလည်းပို၍နီးကပ်လာခဲ့သည်။
ထွန်းခိုင်စိတ်ကိုတင်းလိုက်ကာ
ကလေးအားကောက်ချီလိုက်တော့••
မမြင်မစမ်းနက်မို့ခြေသေးသေးလေးတစ်ဖက်သာ
ကိုင်မိသည်။••
""အူ•••ဝဲ••အူ••ဝဲ""
ထွန်းခိုင်ကိုင်လိုက်သည်နှင့်ကလေး၏ငိုသံမှာ
ပိုကျယ်လာခဲ့သည်။•••
""တိတ်••တိတ်•••မငိုနဲ့နော်ကလေး""
ထွန်းခိုင်ကလေးနားမလည်မှန်းသိသော်လည်းပြောရင်း
ကလေးကိုကောက်ချီလိုက်မိသည်။•••
""ကျွတ်••ကျွတ်••မငိုနဲ့""
ပါးစပ်မှပြောလည်းပြောကာ•••ကလေးလက်ထဲရောက်လာသည်နှင့်
သင်္ချိုင်းဇရပ်ကိုအမြန်ဆုံးခွာလိုက်လေသည်။•••
"""ဟင်းးးးးဟင်းးးးးဟီးးးးဟီးးးးဟီးးးးး""
ထိုစဉ်ကျောဘက်ဆီမှရယ်သံနက်ကြီးကြောင့်
ထွန်းခိုင်ခြေလှမ်းကိုပိုသွက်လိုက်လေသည်။
လက်ထဲမှကလေးကိုတော့••
သေချာပိုက်ထားလိုက်သည်။ကလေးမှာအဆက်မပြတ်ငိုနေဆဲ။
""အူဝဲ•••အူဝဲ••အူဝဲ""
ထွန်းခိုင်အပြေးချည်းပြေးလာရာ••
အမှောင်ထဲတွင်ခြေများမှာဟိုတိုးဒီတိုက်နှင့်နာကျင်နေလေပြီ။
အိမ်ရှေ့ရောက်တော့အိမ်လေးထဲတွင်မီးလင်းနေဆဲ။
အမေ••ရေနံဆီမီးခွက်လေးထွန်းလျက်••
ပြန်မလာသေးသောသားကိုစောင့်နေရှာတာဖြစ်လိမ့်မည်။••
ထွန်းခိုင်တံခါးနားကပ်သွားရင်းအမေ့ကိုအသံပြုလိုက်မိသည်။
""အမေ••အမေ••""
""ဟေ••သားလား••လူလေး""
""အူဝဲ•••အူဝဲ""
""နောက်ကျလိုက်တာသားရယ်••ဒါနဲ့ကလေးငိုသံက""
""နောက်မှရှင်းပြမယ်အမေ••""
အမေဝါးထရံတံခါးလေးကိုဖွင့်ပေးလိုက်သည်နှင့်ထွန်းခိုင်မှာ
တိုးတိုက်ဝင်လိုက်လေသည်။•••
""အမေလုပ်ပါဦး""
ကလေးကမငိုတော့တာမို့ထွန်းခိုင်က
အမေ့အားအကူအညီတောင်းလိုက်ခြင်းဖြစ်သည်။••
ကလေးမှာ••ငိုရတာပင်ပန်းသွား၍ထင်သည်။
မှေးမှေးလေးဖြစ်နေရှာသည်။••
ဒေါ်ခိုင်း၏မိခင်ဒေါ်သေးတင်မှာအနှီးကိုခွာလိုက်ရာ••
အနှီးထဲတွင်ခါချဉ်ကောင်များအားတွေ့လိုက်ရသည်။
ခါချဉ်ကိုက်ထားသောဒဏ်ကြောင့်ကလေး
ခန္ဓာကိုယ်အနှံ့အပြားနီရဲလျက်သွေးများပင်
စို့နေလေသည်။••
""သားဒီအနှီးကြီးလွင့်ပစ်လိုက်အမေ့ကို
ဘုရားဆောင်ပေါ်က••ပရိတ်ရေယူပေး
သားလုံချည်တစ်လုံးအရင်ယူပေး••
ကလေးကိုပတ်ပေးဖို့လိုတယ်""
""ဟုတ်ကဲ့••အမေ""
ဒေါ်သေးတင်မှာသားဖြစ်သူအားဘာမှမမေးသေးဘဲ
ကဘေးတစ်ယောက်နှင့်အလုပ်ရှုပ်နေလေသည်။
ကလေးအားပရိတ်ရေနှင့်သစ်ပေးပြီး••
နနွင်းအားရေဖျော်လျက်နေရာအနံ့လိမ်းပေးရှင်း
ထွန်းခိုင်၏ပုဆိုးနှင့်ပတ်၍သိပ်လိုက်လေသည်။
ကလေးမှာငိုရလွန်းသဖြင့်အလွန်ပင်ပန်းသွားဟန်တူသည်။
လက်ချောင်းကလေးများကိုစုပ်လျက်ဗိုက်ဆာနေပုံရသော်လည်း
အိပ်ပျော်သွားလေသည်။•••
ကလေးအိပ်ပျော်သွားသည်နှင့်ဒေါ်သေးတင်မှာ
သားဖြစ်သူဘက်လှည့်လိုက်ကာ••
""ကဲ••သားဒီကလေးဘယ်ကရလာတာလဲ""
""သင်္ချိုင်းဇရပ်မှာလာပစ်ထားတာနဲ့တူတယ်အမေ
ဒါကြောင့်သားကောက်လာတာ•••
သားနဲ့ရေစက်တွေရှိခဲ့တယ်ထင်တယ်••
ဒီကလေးကိုကြည့်ပြီးအရမ်းသနားနေမိတယ်
သားဒီကလေးကိုမွေးချင်တယ်""
""အမေ့သားကလူကောင်းလေးပါ••
အမေ့သားသဘောပါကွယ်
အသက်တစ်ချောင်းကယ်ကောင်းပါတယ်""
""ကျေးဇူးတင်ပါတယ်အမေ•
အမေ့မှာမြေးရပြီလို့မှတ်လိုက်တော့••
သားနောက်ကျတာအတွက်လည်းတောင်းပန်ပါတယ်အမေ
နောက်မဖြစ်စေရတော့ပါဘူး""
""အေးပါသားရယ်••ကောင်းပါပြီကွယ်""
""ကဲ••ကဲ••သားလည်းထမင်းစားပြီးအိပ်လိုက်ဦးအမေအိပ်ရာခင်းထားနှင့်မယ်""
""ဟုတ်ကဲ့အမေ""
ထွန်းခိုင်မှာပြေးရလွှားရနှင့်တကယ်လည်းဆာနေသည်မို့
ထမင်းကိုအရင်စားလိုက်သည်။•••
ထမင်းစားပြီးအိပ်ရန်ပြင်လိုက်သော်လည်း••
ကလေးအားစိတ်မချတာမို့ထထကြည့်နေရင်း
မနက်သာလင်းသွားသည်တစ်မှေးမှမမှေးဖြစ်လိုက်ပေ။
မနက်အစောကြီးကလေးထငိုသည်မို့
ဦးသာဝတို့နွားခြံသို့ပြေးကာ••
နွားနို့ပြေးဝယ်ရလေသည်။
ကလေးလေးအားသင်္ချိုင်းမှကောက်ရလာသည်မို့
မောင်ကောက်ရဟုအမည်ပေးလိုက်လေသည်။•••
ထွန်းခိုင်မှာမောင်ကောက်ရလေး••
ရောက်လာသည်မှစ၍အပြောင်းလဲကြီးပြောင်းလဲသွားလေသည်။
နှစ်နဲ့ချီ၍သောက်လာသော
အရက်အားမောင်ကောက်ရလေးနို့ဖိုးကိုငဲ့လျက်
ဖြတ်ပစ်လိုက်လေသည်။•••
အစပိုင်းအတော်ခံစားရလေသည်။
အရက်သောက်ချိန်တန်လာလျှင်တံတွေးများ••
ယိုရွှဲကျလာကာတစ်ကိုယ်လုံးတုန်လာ၏။
လးကဖျားချင်သလိုလိုအားပြတ်သလိုလိုဖြစ်လာ၏။
တစ်ပတ်လောက်တော့အလူးအလိမ့်ခံစားရလေသည်။
ယခင်ကထွန်းခိုင်ဆိုတာ•••
တောထဲတွင်ငှက်ပစ်ထွက်လိုက်•••
အရက်ဆိုင်သို့အမြည်းအဖြစ်ရောင်းလိုက်
အရက်သောက်လိုက်နှင့်ဖြစ်သည်။
ထွန်းခိုင်မှာ••ငယ်ငယ်ကတည်းကဘာမှလက်ကြောတင်းအောင်
မလုပ်တတ်သူမို့••မောင်ကောက်ရလေးအားလည်း
ငှက်ပစ်ငှက်ဖမ်းသောငှက်မုဆိုးလုပ်ကာ••
ကျွေးမွေးပြုစုလေသည်။
ထွန်းခိုင်မှာ••ငှက်ပစ်ငှက်ဖမ်းအလွန်ကျွမ်းကျင်တာမို့
တစ်နေ့တာငှက်များအားရောင်းရသမျှသည်
သားအမိစားသောက်၍လောက်ငှလေသည်။•••
အချိန်တွေတရွေ့ရွေ့ကုန်ဆုံးလာရင်း
မောင်ကောက်ရလေး••ပင်သုံးနှစ်ပြည့်လာခဲ့ပေပြီ။
မောင်ကောက်ရ၏""အဖေ""
ဆိုသောပပီကလာပီကလာခေါ်သံလေးကို
ထွန်းခိုင်ဘဝင်တွေ့လှလေသည်။••
မောင်ကောက်ရလေား၏ဖခင်အရင်းမဟုတ်ပေမယ့်
မောင်ကောက်ရလေးအပေါ်ထွန်းခိုင်၏မေတ္တာသည်ဖခင်တစ်ယောက်ကဲ့သို့••စီးဆင်းနေခဲ့လေသည်။••
မိခင်ဖြစ်သူကငှက်မုဆိုးအစားတခြားအလုက်ပြောင်းရန်
ပြောသော်လည်း••ငှက်မုဆိုးအလုပ်သာ
သူကျွမ်းကျင်တာမို့••သူဆက်လုပ်ခဲ့လေသည်။
ထိုအလုပ်ကြောင့်သူ့ဘဝနိဂုံးရောက်ရမည်ဆိုတာ
ကြိုသိခဲ့လျှင်ထွန်းခိုင်••မိခင်စကားကိုနားထောင်မိလိမ့်မည်ဖြစ်သည်။••
ထိုနေ့ကမောင်ကောက်ရလေးကလည်း
ပုဆိုးစကိုဆွဲလျက်ဂျီကျနေလေသည်။
""ပေ••ပေ••သွားရဘူး""
""သွားရမှာသားရဲ့သားအတွက်ငှက်လှလှလေးဖမ်းလာမယ်""
""ယူဘူး••ယူချင်ဘူး""
""လာပါမြေးလေးရယ်••ဘွားနဲ့နေခဲ့""
""သားကလိမ္မာတယ်ဘွားနဲ့နေခဲ့နော်""
ထွန်းခိုင်သားကိုချော့၍ထားခဲ့ကာတောထဲထွက်လာခဲ့သည်။
ဒီနေ့မှစိတ်တွေလေးနေခဲ့သည်။•••
ငှက်လည်းတစ်ကောင်တစ်လေမှမတွေ့ပေ•••""
ထိုစဉ်မိမိရှေ့မှ••ငှက်တစ်ကောင်ဖြတ်ပြေးသေမို့
လေးဂွနှင့်ချိန်ထားလိုက်သည်။•••
သို့သော်ငှက်မှာတစ်ကိုင်းကူးသွားပြန်သည်။•••
သူကချိန်လိုက်ငှက်ကပြေးလိုက်ဖြင့်•••
ထွန်းခိုင်မှာငှက်ကိုချည်းအာရုံစိုက်နေကာ
ခြေထောက်ကိုမီးစနှင့်ထိုးလိုက်သလို
ပူကနဲဖြစ်လာ၍••
ငုံ့ကြည့်လိုက်တော့•••မြွေပွေးတစ်ကောင်
ခြုံပုတ်ထဲဝင်ပြေးသွားတာတွေ့လိုက်တော့
ထွန်းခိုင်ဆောက်တည်ရာမရဖြစ်သွားမိသည်။
မိမိမှာသူတစ်ပါးအသက်ကိုသတ်လျက်
နှစ်ပေါင်းများစွာအသက်မွေးဝမ်းကြောင်းလုပ်လာရာ
ယခု••တခြားသတ္တဝါကြောင့်မိမိဘေးတွေ့တော့မည်။
""သားးး••ငါ့သား••ငါမသေချင်သေးဘူး
သားကိုစောင့်ရှောက်ရဦးမှာ""
ထွန်းခိုင်တွေးရင်းအိမ်သို့ဦးတည်ပြေးမိသည်။
••။ ဒဏ်ရာဆီမှသွေးများယိုစီးကျနေသလို••
ခေါင်းထဲလည်းတရိပ်ရိပ်မူးလာခဲ့သည်။
အားတင်းပြေးလာရင်းအိမ်ရှေ့ရောက်တော့
ဗိုင်းကနဲပစ်လဲလေသည်။
ထွန်းခိုင်သတိရသည့်အချိန်တွင်••သူ၏ခန္ဓာကိုယ်သည်
မြေစာပုံအောက်ရောက်နေပေမည်။
အမေကသူ့အတွက်ဆွမ်းသွပ်၍အမျှဝေသော်လည်း
သူသာဓုမခေါ်ခဲ့ပေ။••
သားကသူ့အားတစာစာခေါ်လျက်ရှာဖွေနေခဲ့သည်မဟုတ်ပါလား။
ဆွမ်းသွပ်ပြီးနောက်သူ့ဝိညာဉ်သည်အိမ်ထဲဝင်မရပေ။••
သားနားသွားချင်လည်းမသွားရ။•••
ကြံရာမရသည့်အဆုံးလမ်းဘေးမှခွေးတစ်ကောင်၏
ကိုယ်ထဲဝင်လိုက်လေသည်။•••
သူရုတ်တရက်အိမ်ထဲဝင်ပြီးသားနားကပ်တော့အမေက•••
""ဟဲ့ခွေး••ထွက်သွားစမ်း""
""ဝုတ်••ဝုတ်""
""သားပါအမေရယ်လို့ပြောသော်လည်း
အမေကခွေးစကားနားမလည်ပေ။••
သူထွက်မသွားသည့်အဆုံးအမေကခဲနှင့်ထုလေသည်။
ထွန်းခိုင်အနာခံကာအမေ့ထဘီစကိုဆွဲလျက်
လူ့ဘဝကစုဆောင်းထားသော•••
သူ့ခေါင်းအုံးထဲမှငွေကိုပြလိုက်တော့အမေအံ့သြနေလေသည်။••
""သားးးလားထွန်းခိုင်လား""
သူ့စကားအမေနားမလည်တာမို့•••
ခေါင်းသာငုံ့ပြနိုင်လေသည်။••
အမေ့မှာငိုကြီးချက်မဖြင့်••
""အမလေးသားရယ်••ဘယ်လိုဖြစ်ရတာလဲ""
ဟုငိုလေသည်။အမေ့အတွက်စိတ်မကောင်းသော်လည်း
ဒီခွေးခန္ဓာကိုယ်နဲ့မှသားနားချည်းကပ်လို့ရမည်လေ။
လူ့ဘဝတုန်းကလိုသူသားကို
ဘာမှလုပ်မပေးနိုင်။•••
သို့သော်လူတွေစားစရာတစ်ခုခုကိုင်လာလျှင်ပြေးလုလျက်
သားဆီယူလာပေးနိုင်သည်။••
ကြာတော့သူလည်းလူကိုက်သောခွေးအဖြစ်နာမည်ကြီးလာကာ
ရွာထဲဘယ်မှမသွားရတော့။
သွားတာနှင့်သတ်ခံရတော့မှာဖြစ်သည်။
တစ်နေ့••အိမ်သို့••လူကြီးများနှင့်တခြားရွာမှအမျိုးသမီးကြီးတစ်ဦးနှင့်
အမျိုးသမီးတစ်ဦးရောက်လာခဲ့သည်။
အမျိုးသမီးကချစ်သူနှင့်မှောက်မှားကာ
ကိုယ်ဝန်ရလျက်••ချစ်သူကတာဝန်မယူ••
ကလေးလည်းဖျက်မချရက်တာမို့••
တိတ်တဆိတ်မွေးခဲ့သည်တဲ့။
ဒါကိုအမေဖြစ်သူက••သမီးအားကလေးအသေလေးမွေးသည်ဟုဆိုကာ
ကလေးကိုစွန့်ပစ်လိုက်ကြောင်းရှင်းပြလေသည်။
ခုတော့ကလေးလည်းအသက်ရှင်နေကာ
မိမိလည်းနောင်တရနေပြီမို့လာပြန်တောင်းတာတဲ့^••
ဒါမျိုးထွန်းခိုင်သည်းမခံနိုင်ကောက်ရလေးကို
ဘယ်လောက်တောင်မွေးခဲ့ရလို့ဒင်းတို့က
လာတောင်းရတာလဲ•••
ထွန်းခိုင်ဒေါသထွက်လာကာ••အိမ်သို့ရောက်ဘာသူ
အားလုံးကိုလိုက်ကိုက်တော့သည်။••
'"ဝုတ်•••ဝုတ်•••""
""အမလေး••လုပ်ကြပါဦး""
အမေလည်းငို၍သာနေကာ•••
သူ့ကိုကြောက်၍ဧည့်သည်တွေပြေးကုန်တော့
""သားရယ်••သားစဉ်းစားပါ•••
သူ့အမေအရင်းဆိုရင်လည်းမြေးကောက်ရကိုခေါ်သွားပါစေ
သားလည်းဘာမှလုပ်မပေးနိုင်တော့တာ•••
ပြီးတော့အမေ•••သားကိုဒီလိုပုံနဲ့
မကြည့်ရက်ဘူး•••
သားကကောက်ရလေးကိုချစ်သလို
အမေလည်းသားကိုချစ်တယ်သားဒီလိုဖြစ်နေတော့
အမေ့ရင်တွေကွဲတော့မလိုခံစားရတယ်""
အမေအကျိုးသင့်အကြောင်းသင့်ပြောတော့သူမခံစားနိုင်။
အမေပြောတာမှန်သည်။သားလေးအမေရင်းလက်ထဲမှာ
နေပါစေတော့။•••
အမေကသူ့မျက်ဝန်းမှမျက်ရည်များကိုပွတ်သုတ်ပေးရင်း
မောင်ကောက်ရလေးကိုချီလျက်•••
သူ့ကြောင့်ပြန်သွားသောဧည့်သည်တွေနောက်ပြေးလိုက်ကာ••
မောင်ကောက်ရလေးအားသူ့မိခင်ဆီပြန်အပ်လိုက်လေသည်။
ထို့နောက်သူ့ကိုအမျှဝေပေးရန်ပြောလေသည်။•••
ထို့နောက်အမေ့မှာရာသက်ပန်ရိပ်သာဝင်သွားလေသည်။
ထွန်းခိုင်မှာလည်း••သားနားသွားစရာမလိုတော့ပြီမို့
ခွေးခန္ဓာကိုယ်ကြီးကိုစွန့်လွတ်လိုက်လေသည်။
သားကောက်ရ၏မိခင်အရင်းကအမေတောင်းဆိုသည့်
အတိုင်းသူ့အတွက်အလှူပေးအမျှဝေတော့သူသာဓုခေါ်ခဲ့လေသည်။••
တရားဟောဆရာတော်ကသံယောဇဉ်နှင့်အစွဲအလမ်းအကြောင်း
တရားဟောတော့သူသားအပေါ်စွဲလမ်းသော
သံယောဇဉ်ကိုဆင်ခြင်မိသည်။•••
ခုတော့သံယောဇဉ်မီးကိုငြိမ်း၍သာဓုခေါ်နိုင်ပေပြီ။
သားလေး••ဘဝတစ်လျှောက်ချမ်းမြေ့ပါစေကွယ်••••
The end
Credit to owner!
Comments
Post a Comment