★ ★ သမန်းကျား၏ ချစ်ပုံပြင်★ ★

>>>မူရင်း ရေးသူ Credit ပါ<<<

★ ★ သမန်းကျား၏ ချစ်ပုံပြင်★ ★ [စ\ဆုံး]

ရခိုင်ရိုးမတောကြီး၏တောတွင်းတစ်နေရာ။

တစ်တောလုံးတစ်တောင်လုံးသည် ယနေ့အတွက်ငြိမ်သက်တိတ်ဆိတ်လွန်းလှသည်။

"ချွတ်...ဂျွတ်..ဂျွတ် .."

သစ်ရွက်ခြောက်များအားနင်းဖြတ်၍ လျှောက်လာသောခြေသံများကြားလိုက်ရခြင်းနဲ့အတူ
လူနှစ်ယောက်သည် တောတွင်းတစ်နေရာမှထွက်လာပြီး အတန်ငယ် ရှင်းလင်းနေသော မြက်ခင်း ပြင်တွင် ရပ်လိုက်ကြသည်။

တစ်ယောက်မှာ အသက်[၅၀] အရွယ်လူကြီးတစ်ယောက်ဖြစ်ပြီး..
နောက်တစ်ယောက်မှာကား အသက် ဆယ့်ခွန် ဆယ့်ရှစ်အရွယ် လူငယ်လေးတစ်ယောက်ပင်ဖြစ်သည်။
 
လူငယ်ကား အသက်အရွယ် ငယ်ရွယ်သော်လည်း
အရွယ်နဲ့မမျအောင်ပင် ခန္ဓာကိုယ် ကကျစ်လစ်သန်မာသော သူတစ်ယောက်ပင်ဖြစ်သည်။

  "ကဲ နောင်ရိုး အသင့်ဖြစ်ပြီလား "

      "ဟုတ်ကဲ့ ဦးလေး
 ကျွန်တော်အဆင့်သင့်ဖြစ်ပါပြီ"

  "ကဲ...ဒါဆို စလိုက်ရအောင်"

နောင်ရိုးဆိုသောလူငယ်က လက်ယက်ချည်ထည် အကျီအားချွတ်လိုက်သည်။

နောက်တဆက်တည်းပင် ရိုးရာသင်တိုင်း ချည်ထည်
ပုဆိုးကိုပါ ဆွဲချွတ်ချလိုက်သောအခါ နောင်ရိုးဆိုသောလူငယ်ကား တကိုယ်လုံး မိမွေးဖမွေးအတိုင်းရှိနေတော့သည်။

ဦးလေးဖြစ်သူက တူဖြစ်သူ အဝတ်အစားများအောက်ကောက်လိုက်ရင်း အနီးအနားရှိ အမြင့်ဆုံးဟုဆိုရမည်ဖြစ်သော သစ်ပင်ပေါ်သို့ အရွယ်နဲ့မမျ ပေါ့ပါးဖြတ်လတ်စွာ တက်ရောက်သွားတော့သည်။

 သစ်ပင်ထိပ်ဖျားသို့ ရောက်အောင်တက်လိုက်ရင်း
ခွတစ်ခုတွင်ထိုင်လိုက်ရင်း တူဖြစ်သူနောင်ရိုးဆီလှမ်းကြည့်လိုက်တော့သည်။

  နောင်ရိုးဆိုသော လူငယ်လေးကား မြေကွက်လပ်ပေါ်တွင် မျက်လုံးမှိတ်ကာ ငြိမ်သက်ရင်း
ပါးစပ်တလူပ်လူပ်ဖြင့် ရှိနေသည်။
[မန္တန်တပုတ်အား ရွတ်ဆိုနေခြင်းပင်ဖြစ်သည်။]

ခနအကြာ နောင်ရိုးမျက်လုံးများဆတ်ခနဲ ဖွင့်လိုက်တော့သည်။

ထူးခြားစွာ နောင်ရိုး မျက်လုံး နှစ်လုံး ဟင်္သာ ပြဒါးကဲ့သို့
ရဲရဲ နီနေလျက် ရှိနေသည်ကို တွေ့လိုက်ရတော့သည်။

ထို့နောက် ........

     "ဖြောင်း....ဖြောင်း.......ကျ ား....."

ထူးဆန်းလွန်းလှသော အခြေအနေတစ်ခုသည်
မျက်လှည့်ပြကွက်တစ်ခုက်ို ကြည့်နေရသည်အလား
လျှပ်တပျက်ပြောင်းလဲသွားတော့သည်။

လက်ခမောင်းနှစ်ဖက်အား တဖြောင်းဖြောင်း ခတ်ရင်း
မှ ကျား ဟုကျယ်လောင်စွာအော်ဟစ်ရင်း နောက်ဂျွမ်းပစ်လိုက်သော နောက်ရိုးကား လေပေါ်မှပြန်ကျအလာတွင် နဂိုပုံစံ မဟုတ်တော့ပဲ 
ကျားတစ်ကောင်အဖြစ်ပြောင်းလဲသွားသောကြောင့်
ပင်ဖြစ်သည်။

  "ဝေါာင်း"

ကျယ်လောင်သော ဟိန်းဟောက်သံကြီးတစ်ချက်ပြု လိုက်ရင်း နောင်ရိုးတစ်ဖြစ်လဲ ကျားကြီးသည်
ထိုနေရာမှ တဆင့်တောတွင်းသို့ ဝင်ရောက်ပျောက်ကွယ်သွား တော့သည်။

ဦးငပွေးတစ်ယောက်ကား အပင်ပေါ်မှနေရင်း
ရင်တမမ ဖြင့်စိုးရိမ်မကင်းဖြစ်နေမိသည်။

 တကယ်က သူတို့မျိုးနွယ်စု တစ်ခုလုံးသည်
မျိုးရိုးစဉ်ဆက် လက်ဆင့်ကမ်းအမွေအဖြစ် ဒီသမန်းကျား
ပညာရပ်အား သင်ယူလာခဲ့ကြသည်မှာ သူ့လက်ထက်အထိပင်ဖြစ်သည်။

ခုသူသည် ဒီပညာအမွေအားနောက်ဆုံးဆက်ခံသူပင်ဖြစ်သည်။

သူကား တကိုယ်တည်းလူပျိုကြီးမို့ ညီမဖြစ်သူမှမွေးသော တူဖြစ်သူနောင်ရိုးအားဒီပညာရပ်အားလက်ဆင့်ကမ်းအမွေအဖြစ်ပေးနေခြင်းပင်ဖြစ်သည်။

နောင်ရိုးအားမွေးရင်း သူ့ညီမသည်မီးတွင်းထဲဆုံးပါးသွားခဲ့သလို
နောင်ရိုး အဖေသည်လည်း နောင်ရိုး ငါးနှစ်သား
အရွယ်လောက်မှာပင် ငှက်ဖျားရောဂါ ဂါဖြင့်
သေသွားခဲ့သည်။

ထို့ကြောင့်တစ်ကိုယ်တည်း လူပျိုကြီးသူ့အတွက်
နောင်ရိုးကို အဖေလိုတမျိုး အမေလိုတစ်မျိုး အချစ်ပိုခဲ့ရသည်။

ဒီနေ့သည် 
သမန်းကျားပညာရပ်အား ပထမဆုံး လက်တွေ့သင်ပေးသော နေ့ဖြစ်သည်။

ထို့အတူ ...
သူ့စိတ်တွင်း စိုးရိမ်ပူပန်စိတ်များ ဖြင့်ရှိနေသည်။

ဒီပညာရပ်သည်လူတစ်ယောက်မှ ကျားတစ်ကောင်အဖြစ်ပြောင်းလဲသောအခါ မမျော်လင့်သော အခက်အခဲများလည်းကြုံ တွေ့ရတတ်
သောကြောင့်ပင်ဖြစ်သည်။

ပထမအဆင့် လူမှကျားအဖြစ်သို့ပြောင်းလဲရာတွင်
သမန်းကျားဂါထာအား အသုံးပြု ရသလို စိတ်အတွင်း
မိမိသည် ကျားတစ်ကောင်ဖြစ်သည်ဟု ယုံကြည်စိတ်ပြင်းထန်နေဖို့လည်း လိုသည်။

 ယုံကြည်စိတ်မပြင်းထန်ပဲ မန္တန်သည် မစွမ်းနိုင်ပေ။
ထို့အတူ ယုံကြည်စိတ်မရှိပဲ ကျားတစ်ကောင်အဖြစ်သို့
ပြောင်းလဲသွားနိုင်မည်မဟုတ် ....
ယခုပထမအဆင့်ကား ရှောရှော ရူရူ အောင်မြင်သွားခဲ့ပြီဖြစ်သည်။

ဒုတိယအဆင့် 
ကျ ားအဖြစ်အမဲလိုက်ရာတွင် တကယ့်ကျားအစစ်များနဲ့ရင်ဆိုင်တွေ့ပါက 
ကိုယ်မနိုင်လျှင် အသက်ဆုံးရူးရတတ်သည်။

နောက်ဆုံးအဆင့် သမန်းကျားသည် သူမူလ လူသားဘဝအားပြောင်းလဲရန် ကျားဘဝအဖြစ်ပြောင်းလဲသော ယခုနေရာအား
အချိန်မှီ ပြန်ရောက်လာဖို့လိုအပ်သည်။

အကယ်၍ အကြောင်းအမျိုးမျိုးကြောင့် သတ်မှတ်နေရာသို့ ပြန်မလာနိုင်ပါက လူသားအဖြစ်ကို
ပြန်လည်ပြောင်းလဲနိုင်တော့မည်မဟုတ်ပဲ တစ်သက်လုံး
ကျားဘဝဖြင့် နေထိုင်သွားရမည်ဖြစ်သည်။

ထိုအကြောင်းအရာမျ ားကြောင့် ဦးငပွေး တစ်ယောက်
ရင်တထိတ်ထိတ်ဖြင့် စိုးရိမ်ပူပန်နေခြင်းပင်ဖြစ်သည်။

  အတန်ငယ်ခန့်ကြာသွားသောအခါ
အဝါစင်းကြားဖြင့် ကျားကြီးတစ်ကောင်သည်
သစ်ပင်များကြားမှ မြေကွက်လပ်ဆီ သို့ လျှင်မြန်စွာပြေးလွားရောက်ရှိလာတော့သည်။

ကျားကြီးပါးစပ်တွက်ကား "ချေ " အသေတစ်ကောင်အားလည်ပင်းကိုက်ခဲကာလာခြင်းပင်ဖြစ်သည်။

ကျားကြီးက ချေ အားမြက်ခင်းပြင်ပေါ်တွင်ကိုက်ထားရာမှလွတ်ချလိုက်သည်။

     "ဟေး......"

       "ဝေါာင်း.......ဝေါင်း......ဝေါင်း....."

ဦးငပွေးက အသံပြုလိုက်သောအခါ ဦးငပွေးရှိနေရာ သစ်ပင်အောက်ကျားကြီးက ပြေးလာရင်း မာန်ဖီဟိန်းဟောက်ကာ ခုန်၍ ခုန်၍ ဦးငပွေးအား ရန်ပြုရန်ကြိုးစားတော့သည်။

သို့သော် ဦးငပွေး 
ဆီရောက်အောင်တော့ဖြင့်မခုန်နိုင်ချေ ။

 ဦးငပွေး ကားနဂိုကတည်းက
 ကြိုသိ၍ သစ်ပင်၏ ခပ်မြင့်မြင့်ကျားမခုန်နိုင်လောက်
သောနေရာတွင်တက်နေသောကြောင့်ပင်ဖြစ်သည်။

ထို့နောက်
ဦးငပွေးသည် သူ့လက်အတွင်းကိုင်ထားသော 
နောင်ရိုး၏ အဝတ်အစားများအား ကျားကြီးရှေ့ ပစ်ချလိုက်သည်။

 ကျားကြီးသည် မာန်ဖီဟိန်းဟောက် ရပ်သွားကာ အဝတ်အစားအား နမ်းရူံနေတော့သည်။

[လူသားဘဝအားပြန်လည်ရယူရာတွင် မိမိအဝတ်အစားတွင် စွဲနေသော ကိုယ်ရနံဖြင့်
လူသားဘဝအား အမှတ်ရစေခြင်းဖြစ်သည်။]

ဦးငပွေး ကြည့်နေစဉ်မှာပင် လေးဖက်ထောက်အနေအထားဖြင့်
လူအသွင်ပြန်လည် ရောက်ရှိနေကာ
 ကုန်းကုန်းကွကွ ရှိနေသော နောင်ရိုးအားတွေ့လိုက်ရတာကြောင့်
ဦး ငပွေး သစ်ပင်ပေါ်မှ အလျှင်အမြန်
 ဆင်းလာခဲ့တော့သည်။

"လူလေး.....အဆင်ပြေရဲ့လား"

"ဟင် ကျွန်တော် ဘယ်လိုဖြစ်သွားမှန်းမသိဘူး
ဦးလေး...."

"ကဲ....အဝတ်အစား ဝတ်လိုက်အုံး  
ရော့ရေဗူးယူ ပါးစပ်ကသွေးတွေလည်း
 ပလုတ် ကျင်းလိုက်အုံး...."

  "ဟာ..ကျွန်တော့်ပါးစပ်မှာ
 သွေးတွေရောက်နေပါလား
 ဘယ်လိုဖြစ်တာလဲ "

  "ဟိုမှာ ကြည့်လိုက်ပါအုံး ငါ့တူရဲ့ 
ပထမဆုံးအမဲကောင်"

  "ဟုတ်ပါရဲ့ ဒါကျွန်တော်ဖမ်းလာတာလား"

   "ဟုတ်တာပေါ့ကွာ မင်းကိုယ်တိုင်ကျားအဖြစ်နဲ့
အမဲလိုက်လာခဲ့တာ"

နောင်ရိုးလည်း သူ့အဝတ်အစားများကောက်ဝတ်ရင်း
ပါးစပ်အတွင်းမှသွေးများအားရေဖြင့် ပလုပ်ကျင်းထွေး
ထုတ်လိုက်သည်။
ထို့နောက်
ချေအား ရှေ့လက်နှစ်ချောင်းပူးချည်၊ နောက်လက်နှစ်ချောင်း ပူးချည်လိုက်ရင်း ဝါးတစ်ချောင်းလျို သွင်းရင်း တူဝရီးနှစ်ယောက်
ရှေ့တစ်ယောက် နောက်တစ်ယောက်ထမ်းရင်း
ပျော်ရွင်စွာ ရွာသ်ို့ ပြန်လာခဲ့ကြတော့သည်။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

  

နံနက်ခင်း။

ဖိုးခေါင်တောင်ကျေ းရွာလေးသည် မနက်ခင်းအလင်း
ရောင်အောက်တွင် တောတောင်ကြီးများအားနောက်ခံထား၍ ကြည့်ရသည်မှာ အင်မတန် သာယာနေလျက်ရှိသည်။

အိမ်ခြေ ၅၀. နီးပါးခန့်သာရှိပြီး ရွာသားများကား
အမဲလိုက်၊ တောင်ယာစ်ိုက်လုပ်ငန်းဖြင့် ရိုးသားစွာ
အသက်မွေး ဝမ်းကျောင်းပြု လုပ်ကြသူများဖြစ်သည်။

မြို့ပြနဲ့ အဆက်အသွယ် ကင်းဝေကာ တကယ့်
တကယ့် သီးခြားအေးချမ်းရာနေရာလေးပင်ဖြစ်သည်။

      "ဒူ.....ဒူ.......ဒူ......"

မောင်းသံတဒူဒူကြားလိုက်ရခြင်းနဲ့အတူ ရွာသားများလူပ်လူပ်ရွရွဖြစ်ကာ စုရုန်းရင်း ရွာလည်တွင်ရှိသောရွာ သူကြီးအိမ်သို့ရောက်လာခဲ့ကြတော့သည်။

   ရွာသူကြီးက အသင့်စောင့်ဆိုင်းနေဟန်ဖြင့်မတ်တပ်ရပ်ကာ
 သူခြံဝိုင်း အတွင်းရောက်လာသော ရွာသားများအားတစ်ချက်ဝေ့ကြည့်လိုက်သည်။

   "ကျုပ်ရွာသားတွေကို အရေးတကြီးဆင့်ခေါ်ရတဲ့
အကြောင်းကတော့ ကျုပ်တို့ရွာအတွက် ဝမ်းသာစရာ
သတင်း ပြောစရာ ရှိလို့ပါပဲ
 အဲသတင်းက ဘာလဲဆိုတော့ ကျုပ်တို့ရွာမှာ ကျုပ်အပါဝင် သေစာရှင်စာ တောင်အနိုင်နိုင် 
တတ်ခဲ့ ရတယ် ရွာက ဝေးလံခေါင်သီတဲ့ ဘယ်သူမှ 
မလာချင်ကြဘူး...
ခုတော့ ရွာကခလေးတွေကို စာသင်ဖို့ ကျောင်းဆရာမတစ်ယောက်
 မနက်ဖြန်ရောက်တော့မယ်
ကျုပ်နဲ့ ရွာသားတချို့မနက်ကျရင် သွားကြို ကြမယ်....
နောက်တစ်ခုက ပျက်စီးယိုယွင်းနေတဲ့ စာသင်ကျောင်း
လေးကို မနက်အဖြန် ပြန်လည်ပြု ပြင်ထားကြဖို့ပါပဲ.....
ကဲ ကျုပ်ပြောချင်တာ ဒါလောက်ပါပဲ ကို့အိမ်ကိုယ်ပြန်လို့ရပါပြီ...."

သူကြီးစကားအဆုံးမှာ ရွာသားများသူကြီးအိမ်မှ အလျို လျို ထွက်ခွာသွားကြတော့သည်။
အားလုံးရင်ထဲတွင် ပျော်ရွင်နေကြသည်ကို သူတို့မျက်နှာများက ဖုံးဖိမရ ပေါ် လွင်နေသည်။

နောင်ရိုးစိတ်အတွင်းမှာလည်း ထိုသတင်းကြောင့် အထူးပင်ပျော်ရွင်နေမိသည်။

သူငယ်ငယ်ကတည်းက ရွာကျောင်းလေးတွင်ဆရာမရှိ။
ဝေးလံခေါင်သီလှသော သူတို့ရွာလေးသို့ ဘယ်သူမှမလာချင်ကြ ထို့ကြောင့်သူသည်စာတတ်
ချင်ပေမယ့်စာသင်ခွင့်မရရှိခဲ့ချေ ..။

ထို့ကြောင့် 
ဒီသတင်းသည် သူတို့တစ်ရွာလုံးအတွက် အပျော်ရွင်
ရဆုံးသတင်းပင်ဖြစ်ပေလိမ့်မည်။

 မြပန်းဖြူ အနေဖြင့် ဒီဖိုးခေါင်တောင်ရွာလေးသို့ရောက်ရှိလာခဲ့သည်မှာတပတ်ခန့်ပင်ရှိပြီဖြစ်သည်။
သူမကျောင်းဆရာမစလုပ်စဉ်ကတည်းကပင် ဆုံးဖြတ်ချက်တခုချပြီးမှ ကျောင်းဆရာမအလုပ်အားရွေးချယ်ခဲ့ခြင်းဖြစ်သည်။

သူမဆုံးဖြတ်ချက်ကား 
သူမကျောင်းဆရာမဖြစ်လျှင် ပညာတကယ်လိုချင်လျှက်နဲ့
ပညာသင်ခွင့်မရသော ဒီလိုအရပ်ဒေသများသို့ သွားရောက်မည်ဟုစိတ်ကူးထားခဲ့ခြင်းပင်ဖြစ်သည်။

ခုတော့ သူမရောက်လာခဲ့ပြီဖြစ်သည်။
မြို့ပြတွင်ကျင်လည်နေထိုင်ခဲ့ရသော သူမအတွက်
ယခုလို တောတောင်ထဲမှ ရွာငယ်လေးတစ်ရွာသို့
ရောက်ရှိလာသူအတွက် အခက်အခဲအမြောက်အမြား
ကြုံ ရသည်။
သို့သော်သူမစိတ်မပျက်မိ
သူမစိတ်က ဆုံးဖြတ်ချက် တစ်ခုအတွက်ဘယ်တော့မှနောင်တရမိလိမ့်မည်မဟုတ်ချေ ။

 သူမအတွက်ရွာထဲတွင်သီးသန့်အိမ်ငယ်လေးတစ်လုံးဆောက်လုပ်ပေးထားခြင်းနဲ့အတူ ညအိပ်လျှင်ရွာထဲမှကောင်မလေးတစ်ယောက်က 
အဖော်အဖြစ်လာအိပ်ပေးတတ်သည်။
စားသောက်ရေးအတွက်မူကား ထမင်းစားခါနီးတိုင်း
ရွာထဲမှ တအိမ်တစ်ခွက်ဖြင့် ဟင်းလာပေးကြသည်မှာ
သူမပင်တားယူရသည်။
ဆင်းရဲသော်လည်း သဘောမနောကောင်းလွန်းလှသော
တောသူတောင်သားများပင်ဖြစ်သည်။

   ဒီနေ့မနက်ကျောင်းရောက်တော့ သူမအတွက် ထူးခြားမူတစ်ခုကြု ံတွေ့လိုက်ရသည်။

   သူမစားပွဲပေါ်တွင် ငှက်ပျောဖက်ဖြင့်ပတ်လျက်
စည်းနှောင်ထားသော သစ်ခွလေးတစ်ခိုင်အားတွေ့လိုက်ရသည်။

  ဘယ်သူလာထားမှန်းမသိ။
သို့သော် သစ်ခွပန်းလေးကား အဖြူ ရောင်လွလွ တွင်အနက်စက်ကလေးများ ဟိုတစက် ဒီတစက်ဖြင့်
အလွန်လှပသော သစ်ခွပန်းပင် ဖြစ်သည်။

  ဒီပန်းကို ဘယ်သူကလာထားတာလဲဆိုသော
မေးခွန်းအားတွေးမနေတော့ပဲ သူမသစ်ခွပန်းခိုင်လေးအား ဆံညှပ်ဖြင့်ခေါင်းပေါ်တွင်
ပန်လိုက်မိသည်။

  နေ့လည်ပိုင်း စာသင်ချိန် သူမစိတ်တိုနေမိသည်။
မတ်ိုပဲ နေမလား ကျောင်းက အတန်ငယ်နိမ့်ပြီး ဘေးမှ ဝါးများယက်ကာ အကာအဖြစ် ကာရန်ထားသည်မို့ 
ထိုဝါးကပ်များကြားမှ လူတစ်ယောက် သူမစာသင်နေသည်ကို ဘယ်အချိန်ကတည်းကရပ်ကြည့်နေသည်မသ်ိ ။

သူမ သတိထားမိချိန် အထိ ထိုသူသည်ထိုနေရာမှာပင်ရှိနေသေးသည်ကို ဝါးကပ်များကြားမှ ရိုးတိုး ရိပ်တိတ်တွေ့နေရသည်။
 သူမစ်ိတ်မရှည်တော့ စိတ်မြန်လက်မြန် ရှိသူပီပီ..
သူမကျောင်းပေါ်မှ ဆင်းလိုက်ရင်း ထိုသူရပ်နေရာ
နေရာသို့ အလျှင်အမြန် သွားလိုက်သည်။

  "ဒီမှာ ....ဒီမှာ ရှင်ဘာသဘောလဲ
ကျွန်မကို ဘာသဘောနဲ့ ကြည့်နေတာလဲပြော
ရှင်ဒီနေရာမှာရှိနေတာ အတော်ကြာနေပြီ ဆိုတာ ကျွန်မသိတယ်နော် "

"ကျွန်တော်.....ကျွန်တော်......"

ထိုသူသည် သူမထက်အနည်းငယ် ငယ်ရွယ်ပုံရပြီး
သူမ သူမတွေ့သွားခြင်းကြောင့် အနည်းငယ်ရှက်အမ်းအမ်းဖြစ်နေပုံလည်း ရသည်။

    "ရှင် ဘာအခုမှ အူကြောင်ကြားလုပ်မနေနဲ့
ကျွန်မမေးတာ မဖြေရင်ရွာလူကြီးဆီတိုင်ရလိမ့်မယ်"

"ဟာ...သူကြီးဆီတော့ မတိုင်ပါနဲ့ ဆရာမ 
ကျွန်တော်ပြောပါ့မယ်....."

ထိုသူကား ရွာလူကြီးဆီတိုင်မည်ဆိုသောစကားကြောင့်
ပြာပြာ သလဲဖြင့် သူမအား ပြန်ပြောလာခြင်းဖြစ်သည်။
ထိုသူ့မျက်နှာတစ်ခုလုံးသည်ရဲတက်လာပြီးမျက်ရည်များ
ဖြင့်ရစ်ဝဲတက်လာသည်ကို တွေ့လိုက်ရခြင်းကြောင့်သူမပင် အံ့အြသင့်သွားမိသည်။

"ကျွန်..တော်..ဆရာမကို..နှောင့်ယှက်ချင်လို့မဟုတ်ပါဘူးဆရာမ.....
ကျွန်တော်...စာသင်ချင်လို့ လာကြည့်မိတာပါ...

"ဟင်"

ထိုသူကား သူ့စကားဆုံးသည်နဲ့ ထိုနေရာမှ ရုတ်ချည်းပင် ထွက်ခွာသွားတော့သည်။

သူမစာသင်ချိန်တစ်လျှေက်လုံး
စိတ်မကောင်းဖြစ်နေမိတော့သည် ။

မနက်တိုင်း သူမစားပွဲပေါ်သ်ို့ သစ်ခွပန်းခိုင်လေးများသည်
စဉ်ဆက်မပြတ်ရောက်လာနေတတ်သည်။
သို့သော်လာပို့သူကိုကား ယခုအချိန်ထိသူမ မတွေ့ရသေး သူမဒီရွာလေးသို့ရောက်ရှိနေခဲ့သည်မှာပင်
တစ်လတင်းတင်းပြည့်ခဲ့ပြီဖြစ်သည်။

သစ်ခွပန်းများစတင်လက်ခံရရှိသည့်နေ့နဲ့တွက်လျင် သုံပးတ်ပင်ကျော်သွားခဲ့ပြီဖြစ်သည်။

ပန်းများကား အရောင်အသွေးစုံလင်လှသော သစ်ခွပန်းများဖြစ်သလို ရှားပါးသစ်ခွမျိုးများဟုသူမထင်သည်။ သူမတစ်ခါမှပင်မတွေ့ဖူးချေ ။

မနက်အစောကြီးကတည်းက နောင်ရိုးသည်
တောထဲမှ မျိုး ယူလာက အိမ်တွင်ပျိုးထားသော သစ်ခွရုံလေးအတွင်း ယနေ့အတွက် အဝါ ရောဖျော့ဖျော့
သစ်ခွ ခိုင်လေး တစ်ခိုင်းအား ဂရုတစိုက်ခူးလိုက်သည်။

သူ့စိတ်အတွင်း ဒီပန်းလးပန်လျှက်လှပနေမည်ဖြစ်သော
ဆရာမလေးမျက်နှာအား မြင်ယောင်နေမိသည်။

ကျောင်းဝင်းတစ်ခုလုံးသည်မနက်အစောကြီးမို့ တိတ်ဆ်ိတ် ငြိမ်သက်နေလျှက်ရှိသည်။

သစ်ခွပန်းအား ဆရာမစားပွဲတွင်တင်ပြီး အသာအလှည့်အထွက်.......

.."ဟင်.....ဆရာမ"

သူအားဘယ်အချိန်တည်းက စောင့်ကြည့်နေမှန်းမသိသော မြပန်းဖြူ အားတွေ့လိုက်ရတော့သည်။

"ပန်းလာပေးတာပဲ ပေါ်တင်လာပေးလို့ရပါတယ်
ရှင့်သစ်ခွပန်းလေးတွေ ကျမကြိုက်တယ် ."

  "ဟုတ်ကဲ့ ကျွန်တော်
 ဆရာမ စိတ်ဆိုးမှာစိုးလို့ပါ "

"ဒါနဲ့ ရှင်ဟိုတခါလာကြည့်တာ
 စာသင်ချင်လို့ ဟုတ်လား ....."

"ဟုတ်ကဲ့ ဆရာမ ကျွန်တော်ငယ်ငယ်
ကတည်းက စာအရမ်းသင်ချင်ခဲ့တယ်
သင်ခွင့်မရခဲ့ဘူး ဒါကြောင့် လာကြည့်နေခဲ့မိတာပါ"

သူမစိတ်အတွင်းစိတ်မကောင်းကြီးစွာဖြစ်ခဲ့ရသော
ထိုကိစ္စအတွက် ထိုသူက်ို ကူညီရန် သူမဆုံးဖြတ်ချက်ချလိုက်မိသည်။

"ရှင်တကယ် ..စာသင်ချင်တယ်ဆိုရင်မနက်ဖြန်
ကျောင်းကိုလာခဲ့ "

"ဗျာ....ဆရာမ...ဒါပေမယ့်..."

"ဘာလဲ...ရှင်ကခလေးတွေနဲ့ရောပြီး
စာသင်ရမှာရှက်လို့လား....
ကဲဘာမှ ပြောမနေနဲ့ မနက်ဖြန် ကျောင်းလာခဲ့...."

"ဟုတ်..ဟုတ်ကဲ့...�ကျေးဇူးပါပဲ ဆရာမ"

"အော် ဒါနဲ့ ရှင့်နာမည် ဘယ်လိုခေါ်လဲ..."

"နောင်ရိုး...ပါ..."

"အော်ကိုနောင်ရိုး ကျွန်မ
နာမည်ကိုလည်းမှတ်ထားပေါ့.....
မြပန်းဖြူ တဲ့"

နောက်တစ်နေ့မှာပင် နောင်ရိုးကျောင်းသို့ရောက်လာခဲ့သည်။

နောင်ရိုးသည်စာသင်ချိန်အတွင်း ပီဘီခလေးငယ်တစ်ဦးပမာပင် သူမသင်ပေးသမျ 
မျက်လုံးအဝိုင်းသားဖြင့် စိတ်ဝင်တစားနားထောင်နေတတ်သည်။

နေ့စဉ်ရက်ဆက်မပျက်သူမအတွက်မရိုနိုင်သော သစ်ခွလေးများ နောင်ရိုးယူလာပေးတတ်သည်။

ရက်မှလပြောင်းလာသောအခါ
ရင်းနှီးမူ သံယောဇဉ်လေးများသူမတို့ ခိုင်မလာခဲ့မိကြတော့သည်။

တစ်ခါတရံ စာသင်နေချိန်အတွင်းသူမကိုတခါတလေ သတိလက်လွတ်ငေးကြည့်နေတတ်သော နောင်ရိုးအကြည့်များကြောင့်အသက်ရူမှားခဲ့ရသည်ကအခါခါ.....။

ခုတော့ စာသင်နှစ်ကုန်ဆုံး၍ သူမနေရပ်ပြန်ရပေတော့မည်။

မနက်ဖြန်ဆိုလျှင် ဒီရွာလေးနဲ့ခနခွဲရအုံးမှာမို့
တစ်ရွာလုံးစ်ိတ်မကောင်းဖြစ်ရသလို သူမသည်လည်း
ရိုးသားအေးချမ်းလှသော ဒီရွာလေးအား သံ�ယောဇဉ်�
ငြိတွယ်မိနေခဲ့ပြီဖြစ်သည်။

  "ဆရာမ...မနက်ပြန်တော့မယ်ဆို..ဟုတ်လား"

  "ဟုတ်တယ်နောင်ရိုး..မနက်ဖန် ပန်း ပြန်တော့မယ်"

နောင်ရိုးကား စိတ်မကောင့်းဖြစ်နေဟန်ဖြင့်
 နွမ်းလျသော
မျက်နှာဖြင့် သူမထံလာရောက်မေးမြန်းနေခြင်းပင်ဖြစ်သည်။

 "နောက်ပြန်မလာတော့ဘူးလားဟင်...ဆရာမ"

"အော် ...ကိုနောင်ရိုးရေ..နောက်နှစ်စာသင်ချိန်ရောက်ရင်ကျွန်မပြန်လာမှာပေါ့..."

  "အော်...ဝမ်းသာလိုက်တာ ဆရာမရေ
ကျွန်တော်က ဆရာမလာတော့ဘူးထင်လို့ 
စိတ်မကောင်းဖြစ်နေတာ....."

"အော်လာမှာပေါ့ ကိုနောင်ရိုးရေ ပန်း လည်းဒီရွာလေးကို သံ�ယောဇဉ်� ဖြစ်နေပါပြီ...ရှင်...."

  ."အော်ဒါနဲ့ ဆရာမ မနက်ပြန်ရင် ကားဂိတ်ရှိတဲ့အနီးဆုံးရွာထိ ကျွန်တော်လိုက်ပို့ပေးပါရစေ....."

  "အော်..ဟုတ်ကဲ့ ကိုနောင်ရိုး"

မနက် ရှစ်နာရီခန့်သူမပြန်မည်ဆို၍ ရွာထိပ်ထိတစ်ရွာလုံးလိုက်ပို့ကြသည်။

စိတ်မကောင်းဖြစ်ကျန်နေခဲ့သော ရွာသားများအား
လက်ပြရင်း နေမမြှင့်ခင် ကားဂိတ်ရှိသော ရွာရောက်ရန်
ခရီးဆက်ခဲ့ကြသည်။

နောင်ရိုးကျောတွင်ကား ရွာသားများလက်ဆောင်ပေးသော ပစ္စည်�း ခြင်းကြီးကအပြည့်အမောက်။

  "ကိုနောင်ရိုး မောနေပြီလား ပစ္စည်�း တွေကအလေးကြီးတွေ..."

  "ကျွန်တော်..တို့တောသားတွေအတွက်
ဒါလောက်ကတော့အပျော့ပါ ဆရာမ
မောရင်နားချင်နားရအောင်လေ....."

   "အော်...ရပါတယ် ကိုနောင်ရိုးနေမမြင့်ခင်အနီးဆုံး
ရွာရောက်ဖို့လိုတယ် မနားတော့ဘူး..."

နောင်ရိုးပြောလည်းပြောစရာပင် တောလမ်းတောင်လမ်း
သွားလာကျင့်မရှိသောသူမချွေးတွေပျံနေကာ ပစ္စည်�း ခြင်းကြီးထမ်းထားသောနောင်ရိုးကိုပင်မှီအောင်လိုက်နေရသည်။

  တောင်ကြားတောလမ်းလေးများကားကျောက်စရစ်
ခဲသေးများဖြင့် သွားလာနေကျမဟုတ်က သွားလာရန်မလွယ်ကူချေ ...။

ရွာနဲ့ အနည်းငယ်လှမ်းသောနေရာသို့
မတုိ့ရောက်ခဲ့ပြီဖြစ်သည်။
တောင်နှစ်လုံးကြား
လျိုမြောင်လေးတစ်ခုအားဖြတ်လျောက်ရန် လျိုမြောင်
လမ်းအတိုင်းလျောက်အလာ...."

      "ဟင်"

ရှေ့မှလျောက်နေသောနောင်ရိုးကား လျောက်နေသောခြေလှမ်းရပ်တန့်ကာရှေ့သို့ အံ့အြတကြီးစိ်ုက်ကြည့်နေသည်။

  "ဘာဖြစ်လို့လဲ......ကိုနောင်ရိုး....အောင်မလေး

ကျား....ကျားကြီး...."

နောက်မှလျှောက်လာသော သူမနောင်ရိုးအနီးရောက်သောအခါ ရှေ့မှမြင်ကွင်းအား
သေချာတွေ့လိုက်ရတော့သည်။

သူမတို့ရှေ့တွင်ကျားကြီးတကောင်ရှိနေခြင်းပင်
ကျားကား ကျားနာတစ်ကောင်ဖြစ်ဟန်တူသည်။

နောက်ခြေတချောင်း ကထော့နဲ့ ထောနဲ့ဖြင့် 
ရှေင်လွဲမရသော အခြေအနေတွင် ကျားနဲ့လူထိပ်တိုက်
တွေ့ကြပြီဖြစ်သည်။

နောက်တစ်ခုကား ယခုကျားသည်ရှောင်သွားမည့်ကျားမျိုးမဟုတ်
ကျားနာသည် တောတိရိစ္ဆန်များအားအမဲလိုက်ရန်မ
လွယ်ကူသောကြောင့် လူသားများနေထိုင်ရာ ရွာအနီး
သို့ လာရောက်ကာ နွားများ ဆိတ်များ အားအလွယ်တကူ ဖမ်းယူစားသောက်တတ်သလို
လူအားလည်း စားတတ်သည်။

ထို့ကြောင့်အခြေအနေကို တွက်ဆမိသော နောင်ရိုးသည် ပခုံးထက်မှ ခြင်းကြီးအားဘေးသို့အသာချလိုက်သည်။

ကျားကြီးကားငြိမ်သက်စွာဖြင့် နောင်ရိုးတို့နှစ်ယောက်အား မမှိတ်မသုန်စိုက်ကြည့်နေသည်။

ကျားသဘာဝကား ဘယ်တော့မှ လူသားအားမျက်နှာချင်းဆိုင်ဝင်မဆွဲရဲ
နောက်မှ ဝင်ဆွဲတတ်သည်။
လူသားအားစားသောက်လျှင်ပင် မှောက်လျက်အနေအထားဖြင့်မျက်နှာ
အားကွယ်ဖျောက် စားသောက်တတ်သည်။

  "ဆရာမ ရွာကို....အမြန်ပြေးတော့....."

"ကိုနောင်ရိုးကော...."

"ဆရာမ..အမြန်ပြေးတော့
 ဒီကျားက ချောင်းနေပြီ
နှစ်ယောက်ပြေးဖို့ မဖြစ်နိုင်ဘူး....
အမြန်ပြေးဆရာမ"

သူမစိတ်မှာလည်းအင်မတန်မှကြောက်လန့်နေပြီး
ဒီနေရာမှ ထွက်ပြေးချင်နေမိသည်။
ကျားအားမျက်နှာခြင်းဆ်ိုင်အနေအထားတွင် နဖူးတွေ့ဒူးတွေ့ တွေ့နေရသောကြောင့် နောင်ရိုးစကားဆုံးသည်နဲ့ ထိုနေရာမှကြောက်လန့်တကြားရွာဆီသို့ ပြေးလာခဲ့တော့သည်။

နောင်ရိုးကားမျက်လုံးမှိတ်ကာငြိမ်သက်ရင်း
ပါးစပ်လူပ်ရုံမျ သမန်းကျားဂါထာ တီးတိုးရေရွတ်နေမိသည်။

မိမိသည်ကျားတစ်ကောအဖြစ်ရှိနေပြီဆိုသောစိတ်အားယုံကြည်မူအားအမြင့်ဆုံးသို့ပို့လိုက်သည်။

  "ဖြောင်း....ဖြောင်း.....ကျား....."

လက်ခမောင်းခတ်သံကျယ်လောင်စွာပြုရင်း
ကျား..ဟုကျယ်လောင်စွာအော်ဟစ်ရင်း နောက်ဂျွမ်းတပတ်ပြန်အကျလာတွင် ကျားတစ်ကောင်အဖြစ် ပေါ့ပါးစွာမြေပေါ်ကျလာတော့သည်။

ကျားနာကား မြပန်းဖြူ ထွက်ပြေးချိန်ကပင်လူပ်ရှားမူစတင်ကာရှေ့သို့တိုးလာရာ
သူရှေ့တွင်ကျားတစ်ကောင်ရှိနေခြင်းကြောင့် အံ့အြသင့်သွားဟန်ရှိသည်။

    "ဝေါင်း....ဝေါင်း...ဝေါင်း"

တောင်ကြားလျိုမြောင်အတွင်း ကျားနာတစ်ကောင်နဲ့
လူသား သမန်းကျားတစ်ကောင်၏ တိုက်ပွဲသည်
ပြင်းထန်စွာဖြင့် ကိုက်ခဲတိုက်ခိုက်နေကြတော့သည်။

နောင်ရိုးအတွက်မူကား ဒီတိုက်ပွဲတွင်အနိုင်ယူနိုင်လျှင်ပင် လူသားအဖြစ်သို့ပြန်ရနိုင်တော့မည်မဟုတ်ပေ။

သူစိတ်ထဲတွင်နှစ်နှစ်ကာကာချစ်ရသောချစ်သူအတွက်
ဒီဆုံးဖြတ်ချက်ကို သူရွေးချယ်ခဲ့ခြင်းပင်ဖြစ်သည်။

မြပန်းဖြူ တစ်ယောက်အမောဖောက်မတတ် ရွာဆီသို့
ပြေးလာရင်း ရွာသားများအား အကြို းအကြောင်းပြောပြလိုက်သည်။

ရွာသားများနဲ့သူမတို့ ကျားနဲ့ ဆုံသောနေရာအားပြန်ရောက်သောအခါ
သွေးအိုင်အတွင်းလဲကျ သေဆုံးနေသော
ကျားနာတစ်ကောင်တွေ့လိုက်ရတော့သည်။

နောင်ရိုးတစ်ယောက်ကားထူးဆန်းစွာပျောက်ဆုံးနေတော့သည်။

ထိုအချိန်မှစ၍ နောင်ရိုးအားသူမနောက်ဆုံးအကြိမ်တွေ့ခွင့်ရခဲ့ခြင်းပင်ဖြစ်သည်။

သူမသည်ဒီရွာလေးမှာပင် ကျောင်းဆရာမအဖြစ် ဆက်လက်လုပ်ကိုင်ခဲ့သည်။

ထိုအဖြစ်အပျက်အပြီးတစ်နှစ်အတွင်း ညရောက်တ်ိုင်း
ကျားတစ်ကောင်ဟိန်းသံအား ညတိုင်းရွာသားများကြားရသည်။

ကျားဟိန်းသံကြားရတိုင်း ဦးငပွေးတစ်ယောက်မျက်ရည်ကျနေတတ်သည်။

အကယ်၍သာ ယခုဟိန်းနေသော ကျားသည် လူသားတဖြစ်လဲ သမန်းကျား နောင်ရိုးဆိုသည်ကိုသာ
ရွာသားများနဲ့ ဆရာမလေးသိခဲ့လျှင်မူ.......။

ကြို းစားလျက်

ရာဝန

Credit to owner 

Comments