ကိုးသင်္ချိုင်းဓားပိုင်ရှင်နှင့် အာဠာဝကအောင်ကြီး


ကိုးသင်္ချိုင်းဓားပိုင်ရှင်နှင့် အာဠာဝကအောင်ကြီး

 
ူ လွတ်လပ်ရေးရပြီးစအချိန် အစိုးရအာဏာ မပေါက်ရောက်သေးသည့် ဒေသတစ်ခုတွင် သူခိုး ဓားပြများ သူတစ်လူ ငါတစ်မင်း မင်းမူနေကြသည်။
    
      ငြိမ်းချမ်းတို့ မိသားစုလေးသည် ရွာအစွန်တွင် လယ်ယာစိုက်ပျိုး၍ ဝမ်းရေးဖြည့်တင်းကြလေသည်။ငြိမ်းချမ်းတွင် အဖေမရှိတော့ပေ။အမေဒေါ်သောင်းကြည်နှင့်ညီလေး ရေချမ်းတို့သာ ရှိသည်။ထိုနယ်တွင် သူတစ်လူငါတစ်မင်း ပြုမူနေချိန် ငြိမ်းချမ်းတို့ရွာမှ သူကြီးသားစောမောင်သည်လည်း ပတ်ဝန်းကျင်ရွာများကပင် ကြောက်ရလေည်။ငြိမ်းချမ်တို့ရွာနှင့်ပတ်ဝန်းကျင်ရွာများရှိ အရက်ဆိုင်၊ကြက်ဝိုင်း၊ဖဲဝိုင်းများက အကောက်ပေးရလေသည်။စောမောင်က သူလိုချင်တာမရလျှင်လူသတ်ရမှာလဲ ဝန်မလေး။
 တောမီးလောင်တောကြောင် လက်ခမောင်းခတ်
ချိန်ဖြစ်၍ ဆိုးချင်တိုင်းဆိုး မိုက်ချင်တိုင်းမိုက် နေလေသည်။စောမောင်မိုက်ရခြင်းမှာ 
(၁)သူ၏ပင်ကိုစရိုက်ကြောင့်လည်းကောင်း
(၂)ဖခင်ဖြစ်သူက သူကြီးဖြစ်နေ၍လည်းကောင်း
(၃)စောမောင်ဘေးတွင် လူဆိုးလူမိုက်များနှင့် အလွန်မိုက်၍ အားကိုးရသော အာဠာဝက အောင်ကြီးဆိုသူ ရှိနေသောကြောင့်ဖြစ်သည်။
အာဠာဝက အောင်ကြီးမှာ အာဠာဝကဆေးပေါက်ထား၍ တုတ်၊ဓား၊သေနတ် စသော လက်နက်များဖြင့် သူ့အားမသတ်နိုင်ပေ။
တုတ်နှင့်ရိုက် တုတ်ကျိုး၊ဓားနှင့်ခုတ် ဓားပဲ့သော ကြောင့် လူတိုင်းကကြောက်ရွံ့ကြသည်။

             ငြိမ်းချမ်းမှာ နာမည်နှင့်လိုက်အောင် အေးအေးဆေးဆေးနေတတ်သူဖြစ်သည်။မိသားစုနှင့်အတူ လုပ်ကိုင်စားသောက်ပြီး အားလပ်သည့် အချိန်များတွင် ရွာဦးကျောင်းမှ ကပ္ပိယကြီးထံသွား၍ ကပ္ပိယကြီးပြောသော ဗဟုသုတများကို နားထောင်လေ့ရှိသည်။ကပ္ပိယကြီးလည်း ငြိမ်းချမ်းတို့လာလျှင် ထန်းလျက်၊ရေနွေးကြမ်းများနှင့် ဧည့်ခံလေ့ရှိသည်။ငြိမ်းချမ်း၏ညီလေး ရေချမ်းမှာ အသက်ရှစ်နှစ်သားဖြစ်၍ ဆရာတော့်ကျောင်းတွင် ပညာသင်နေသည်။ 
ရေချမ်းမှာ ငြိမ်းချမ်းကဲ့သို့ပင် အေးအေးဆေးဆေးနေတတ်သည်။ငြိမ်းချမ်းတို့ ညီအကိုမှာ တစ်ယောက်ကိုတစ်ယောက် ချစ်ခင်ကြသည်။

    ""သားရေချမ်း အမေ့ကိုရွာဦးကျောင်း ဆွမ်းချိုင့်ပို့ပေးဦး""

 .""ဟုတ်အမေ ပေး""

   ""ညီလေး မြန်မြန်ပြန်လာခဲ့နော် မနက်စာ မစားရသေးဘူး""

    ""ဟုတ်အကို ဆွမ့်ချိုင့်ပို့ပြီး ပြန်လာခဲ့မယ် ""

ငြိမ်းချမ်းသည် ကပ္ပိယကြီးဆီ ညတိုင်းသွား၍ တစ်ညတွင်
         ""ငြိမ်းချမ်း ဒီည မင်းကို ကိုးသင်္ချိုင်းဓားအကြောင်းပြောမယ်
  ကိုးသင်္ချိုင်းဓားဆိုတာ သင်္ချိုင်းကိုးခုက သံတွေကို လောကီနည်းမျိုးစုံနဲ့ပြုလုပ်ထားတဲ့ဓားကွဲ့""

   ""အဲ့ဓားက ဘာစွမ်းလို့လဲ ကပ္ပိယကြီး""

""အေး အဲ့ဒီဓားက တုတ်ပြီး၊ဓားပြီးတဲ့သူကို ခုတ်လို့ရတယ်""

""အဲ့ဒီဓားက ခုလုပ်လို့ရလား""

 ""ငါ့မှာရှိတဲ့ ဓားလုပ်တဲ့ကျမ်းစာအုပ် မိုးတွင်းတုန်း
က ခြကိုက်လို့ မရှိတော့ဘူး ""

  ""အဲ့ဒါဆို အဲ့ဓားက လုပ်လို့မရဘူးပေါ့""

.""အေး ဒါပေမဲ့ရှေးခေတ်တုန်းက ကိုးသင်္ချိုင်းဓားတစ်လက်လုပ်ပြီး ရှေးလူကြီးတွေက မသမာသူတွေ လက်ထဲရောက်သွားမှာစိုးလို့ လုံခြုံတဲ့နေရာမှာ အစီအရင်တွေလုပ်ပြီး ဝှက်ထားခဲ့တယ် ကြားဖူးတယ် အဲ့ဒါလည်း ထိုက်တဲ့သူမှ ရမှာပါ""

  
             ""အော့ အွတ်အွတ် အွတ်""

""ကဲ ကြက်တောင်တွန်နေပြီ မင်းလဲပြန်တော့ ငါလဲအိပ်တော့မယ်""

       ""ဟုတ် ကပ္ပိယကြီးသွားပြီနော်""

  ငြိမ်းချမ်းတစ်ယောက် ကိုးသင်္ချိုင်းဓားအကြောင်း စဉ်းစားပြီး တော်တော်နှင့်အိပ်မပျော်။မိုးလင်းခါနီးမှ အိပ်ပျော်သွားသည်။

       ""ဟဲ့ ငြိမ်းချမ်း ထတော့လေ"" ငြိမ်းချမ်း သူ့အမေနှိုးမှ နိုးလေသည်။ထုံးစုံအတိုင်း စိုက်ပျိုးပင်များအား ရေလောင်းပေါင်းသင် ပြုလုပ်လေသည်။

    ထိုနေ့က စောမောင်တို့ ဖဲရှုံးသောကြောင့် အကြွေးတင်လေသည်။ဖဲကြွေးပေးရန် အရက်ဝိုင်း၊ကြက်ဝိုင်းများမှ အခွန်ကောက်ရာ မလောက်သဖြင့် ရွာရှိလယ်ယာခင်းများတွင်ပါ အခွန်ကောက်လေသည်။ပိုက်ဆံမပေးက သီးနှံများနှင့် ကြက်၊ဝက်များပါ အဓမ္မယူဆောင်လေသည်။မကျေနပ်၍ တုတ်ဆွဲ
ဓားဆွဲ လုပ်ပါက အာဠာဝက အောင်ကြီးနှင့် တွေ့ပေးသည်။

    ""အမေ့ သားဒီနေ့ ဟိုအစွန်က အခင်းကို မြက်သွားရှင်းဦးမယ်""

."အေးသား မွေပါးကင်းပါး ဂရုစိုက်နော်""

  ""ဟုတ်အမေ့ သားသွားပြီ"" ဟုပြောကာ ပေါက်တူးဆွဲ၍ ထွက်ခဲ့သည်။ငြိမ်းချမ်းသွားသည့် စိုက်ခင်းမှာ တဲနှင့်အတော်ဝေးသည်။

   ငြိမ်းချမ်းပေါင်းသင်နေစဉ် ရှေ့မှ ယုန်ကလေးတစ်ကောင်ဖြတ်ပြေးသွားသည်။ညီဖြစ်သူက တိရစ္ဆာန်လေးများ ချစ်တတ်သဖြင့် သူ့ကိုပေးရန် ငြိမ်းချမ်းက ယုန်လေးကို လိုက်ဖမ်းလေသည်။ယုန်လေးပြေးရာနောက် လိုက်ရာ သူမရောက်ဖူးသည့် နေရာတစ်ခုသို့ ရောက်သွားသည်။
          သို့သော် ထွက်လာရာနှင့် အဝေးကြီးမရောက်သေးသဖြင့် ဆက်လိုက်လေသည်။ရေချမ်းသည် ယုန်ကလေးအား လူတစ်ရပ်ခန့်ရှိသော ဂူပေါက်အတွင်းသို့ ဝင်သွားသည်ကိုတွေ့သဖြင့် ဂူပေါက်အတွင်းသို့ ကြည့်လိုက်ရာ ဂူထဲတွင် အလင်းရောင်ကောင်းစွာရှိသဖြင့် ဝင်လိုက်ခဲ့သည်။ဂူထဲသို့ လျှောက်လာရာ ခြေလှမ်းဆယ်လှမ်းခန့်အရောက်တွင် အလွန်ကျယ်သော လှိုဏ်ဂူကြီးဖြစ်နေသည်။
ဂူအတွင်းရှိ နရံများတွင် ဆေးရေးပန်ချီများတွေ့ရပြီး ဂူအလယ်တွင် ကျောက်စာကြီးတစ်ခုနှင့် ဝင်းလက်နေသော အရာတစ်ခုအား တွေ့လိုက်သည်။ထိုကျောက်စာအနီးသို့ ကပ်ကြည့်လိုက်ရာ ကျောက်စာပေါ်တွင် ဝင်းလက်နေသော အရာဝတ္တုသည် ဓားတစ်လက်ဖြစ်သည်။အောက်မှ ကျောက်စာမှာ ရေညှိများတတ်နေပြီး သေချာပွတ်တိုက်မှ မြင်လိုက်ရသည်။ကျောက်စာအပေါ်တွင် ရှေးခေတ်ပုံစံ စာလုံးကြီးဖြင့် ""ကိုးသင်္ချိုင်းဓား""
ဟု ရေးထားပြီး အောက်မှ စာကို 
ဆက်ဖတ်ကြည့်ရာ 

 ""မကောင်းသူပယ် ကောင်းသူကယ်ဖို့          
  
      မဟာမြေထု အခြေပြု၍

   တိုင်းကျော်ပေါ်ထင် ဆရာရှင်တို့ 

        စီရင်ကြိုးပမ်း အခန်းခန်းသော
   
       လောကီကျမ်းတို့ အသုံးပြု၍

         ရှာဖွေလောင်းစု အထူးပြုပြီး           

      ပြုလုပ်လေသော ဤဓားမဟာသည်

   ၁၁၁၂ခု နယုန်လပြည့်ကျော် ၉ရက်နေ့ပြီး၏""
ဟု တွေ့ရလေသည်။ငြိမ်းချမ်းလည်း ကိုးသင်္ချိုင်းဓားမှန်းသိ၍ ယူလိုက်လေသည်။ဓားယူပြီး ခုနက တွေ့ခဲ့သော
ယုန်လေးအား ပတ်ရှာရာ မတွေ့သောကြောင့် လာလမ်းအတိုင်း ပြန်ခဲ့လေသည်။

 ငြိမ်ချမ်းတို့ အိမ်တွင်မူ-----
             
          စောမောင်တို့အုပ်စု ရွာနားရှိ လယ်ယာစိုက်ခင်းများကို လိုက်၍အခွန်ကောက်ရာ ငြိမ်းချမ်းတို့အိမ်သို့ ရောက်ရှိ၍ အခွန်တောင်းရာ မပေးသဖြင့် ငြိမ်းချမ်းတို့စိုက်ပျိုးထားသော အပင်များရှိ သီးနှံများအား ခူးယူလေသည်။ငြိမ်းချမ်းညီရေချမ်းမှ မကျေနပ်သဖြင့် ဖိနပ်ဖြင့်ပစ်ရာ စောမောင်အား ထိသောကြောင့် ဒေါသထွက်ပြီး ရေချမ်းအားရိုက်လေသည်။ရေချမ်းအမေ ဒေါ်သောင်းကြည်က ဝင်ပြောရာ အာဠာဝက အောင်ကြီးမှ ဒေါ်သောင်းကြည်အား ခြေထောက်ဖြင့်ကန်၍ ခေါင်းအား တုတ်ဖြင့်ရိုက်လေသောကြောင့် ဒေါ်သောင်းကြည်မှာ သတိမေ့သွားသည်။စောမောင်လဲအောင်ကြီးအား ဲ လက်လွန်မှာစိုး၍ ခေါ်ပြီးပြန်ကြလေသည်။

     ငြိမ်းချမ်းမှာ ကိုးသင်္ချိုင်းဓားဆွဲ၍ပြန်လာရာ ခေါင်းမှ သွေးများထွက်၍သတိမေ့နေသော မိခင်နှင့် ဘေးတွင်ငိုနေသော ရေချမ်းအားတွေ့လေသည်။
       
    ""ညီလေး ဘာဖြစ်တာလဲ""

   ""စောမောင်တို့အုပ်စုလာပြီး အသီးတွေခူးလို့ သားကဖိနပ်နဲ့ပေါက်တာ အဲ့ဒါကို စောမောင်နဲ့အောင်ကြီးက အမေ့ကိုရိုက်သွားတာ""

ထိုအချိန်တွင် ကပ္ပိယကြီးရောက်လာကြီး

    ""ဘာတွေဖြစ်နေကြတာလဲ""ဟုမေးသဖြင့် အကြောင်းစုံပြောပြပြီး 
      ""ကပ္ပိယကြီး အမေ့ကိုကြည့်ထားပေးပါ ကျွန်တော်ဟိုကောင်တွေကို သွားရှင်းဦးမယ်""ဟု
ပြေပြီး ကိုးသင်္ချိုင်းဓားအားကျစ်ကျစ်ပါအောင် ဆုပ်၍ ထွက်သွားလေရာ ကပ္ပိယကြီးပင် တားချိန်မရတော့
    ငြိမ်းချမ်း၏ခြေလှမ်းများက ရွာပြင်ရှိစောမောင်တို့ရှိရာ ထန်းတောသို့ ဦးတည်လေသည်။

  ထန်းတောရှိ ကွပ်ပြစ်ပေါ်တွင် ထန်းရည်သောက်နေသော လူများမြင်သဖြင့် အသံမျာ့း တိတ်ဆိတ်သွားပြီး စောမောင်က သွားရှင်းဟူသောသဘောဖြင့် အောင်ကြီးအား မျက်စပစ်ပြလေသည်။အောင်ကြီးလဲ ကွပ်ပြစ်ပေါ်မှ ဆင်းကာ ငြိမ်းချမ်းဆီသို့ လာသည်
ငြိမ်းချမ်းလည်း ဓားဖြင့် အောင်ကြီးအား ခုတ်လိုက်ရာ အောင်ကြီးခေါင်းပြတ်၍ မြေကြီးပေါ်သို ကျလေသည်။ကွပ်ပြစ်ပေါ်ရှိ လူအားလုံး ပါးစပ်အဟောင်းသားဖြင့် ကြောင်သွားသည်။အောင်ကြီး၏ခန္ဒာကိုယ်အား ခြေထောက်ဖြင့်ကန်လှဲပြီး စောမောင်တို့ဘက်လာရာ ကွပ်ပြစ်ပေါ်ရှိလူများ ဝရုန်းသုန်းကား ထပြေးကြသည်။
သို့သော် စောမောင်၏ ကံကြမ္မာမှာ ဆိုးလွန်း၍ သူလုပ်ခဲ့သည့် ဒုစရိုက်များက ခွင့်မလွှတ်။စောမောင်ထပြေးစဉ် ကွပ်ပြစ်ကျွံကျပြီး ခြေထောက်မှာ ညပ်နေလေသည်။စောမောင်သည် ပြောမရတော့ ဖြင့် ငြိမ်းချမ်းအား 
    
      ""ငါ ငါတောင်းပန်ပါတယ်ကွာ ငါ့အသက်ကို ချမ်းသာပေပါ""

  ""မင်းကို ခွင့်လွှတ်မယ်ထင်နေလား 
  မင်းဘဝကူးကောင်းအောင် ရတနာသုံးပါးသာ အာရုံပြုထား""ဟု ပြောဆိုပြီး ဓားဖြင့် ခုတ်ပိုင်းလိုက်တော့သည်။်

ထိုနေ့မှစ၍ စောမောင်နင့် အာဠာဝကအောင်ကြီးတို့၏ဘဝမှာ နိဂုံးချုပ်၍ မရဏလမ်းသို့ ကူးသွားတော့သည်။ငြိမ်းချမ်းမှာ ကပ္ပိယကြီးပြောသဖြင့် ကိုးင်္ချိုင်းဓားအား ရွာဦးကျောင်းဆရာတော်ထံတွင် လှူလိုက်တော့သည်။

                                           မြင်းခြံသား----KTH

Credit to owner 

Comments