နှစ်ထပ်ကျောင်းဆောင်


#နှစ်ထပ်ကျောင်းဆောင် ( စ/ ဆုံး ) ( ဖြစ်ရပ်မှန်။ အမည်လွဲ )
        
       ကျောင်းဆောင်ကြီးကို ကြည့်လိုက်သည့်နှင့် ပြည့် ကြက်သီးများထသွားလေသည်။ ပြည့် ဒီနှစ် ဆယ်တန်းကျောင်းသူ တစ်ဦးဖြစ်ပေသည်။ ပြည့် တို့ကျောင်းသည် အထက်တန်းကျောင်းဖြစ်၍ ၅ တန်းမှ ၁၀ တန်းထိ ကျောင်းသူကျောင်းသားများနှင့် အခန်းပေါင်းများစွာရှိလေသည်။
   
     ၉ တန်း ၁၀ တန်းကျောင်းသူကျောင်းသူများသည် နှစ်ထပ်ဆောင် တွင် စာသင်ရလေသည်။ နှစ်ထပ်ဆောင် အောက်ထပ်တွင် ၉ တန်းများဖြစ်၍ အပေါ်ထပ်တွင်ဆယ်တန်းမျာစဖြစ်လေသည်။
    
         နှစ်ထပ်ကျောင်းဆောင်သည် အောက်ထပ်တွင် အခန်းလေး ခန်းရှိ၍ အပေါ်တွင် အခန်း လေးခန်းရှိလေသည်။ အခန်း နှစ်ခန်းစီ၏ အလည်တည့်တည့်တွင် လှေကားများရှိလေသည်။ 
 
         ပြည့်အခန်းသည် အပေါ်ဆောင် တွင်ဖြစ်သည်။ လှေကားက တက်လာလျှင် ဘယ်ဘက်ကို နှစ်ခန်း ညာဘက်ကို နှစ်ခန်းဖြစ်ပေသည်။
  
      ဘယ်နှစ်ခန်းသည် B နှင့် C အခန်းဖြစ်သည်။ ပြည့် အခန်းက လှေကား အတိုင်းတက်လာလျှင် ညာဘက်ကို ကွေ့သည့်နှင့် တွေ့သည့် A ခန်းဖြစ်သည်။
 
           ပြည့်အခန်းပြီး နောက်တစ်ခန်းသည် အခန်းပျက်ဖြစ်ပေသည်။ ကျောင်းဆောင်ကြီးသည် အချိန်ကြာမြင့်ပြီဖြစ်၍ အစွန်းဆုံး အခန်းသွားရာ လမ်းများပင် ပျက်စီးနေ၍ ကျောင်းသူကျောင်းသားများ အသွားနည်းလေသည်။
    
         ပြည့် ကျောင်းကြီးကို ကြည့်၍ စိတ်ထဲ မသိုးမသန့်ဖြစ်လာလေသည်။

         ဟေး ပြည့်ဖူးအိမ် 
           ခေါ်သံကြောင့် ပြည့်လှည့်ကြည့်လိုက်လေသည်။

 နင် ဒီနေ့ကျောင်းကို စောစောရောက်နေပါလား သူငယ်ချင်း သန္တာ အသံဖြစ်ပေသည်။
   
          ပြည့် ခါတိုင်းဆို ကျောင်းကို စောစောလာလေ့မရှိပေ။ အကြောင်းအရင်းက ပြည့် ပထမဆုံး ကျောင်းစတက်ရက်ကတည်းက စိတ်ထဲ နှစ်ထပ်ကျောင်းဆောင်ကြီး ကို စိတ်ထဲထင့်နေလေသည်။
    
       ပြည့်ဖူးအိမ်သည် သရဲအလွန်ကြောက်တတ်သော ကောင်မလေးတစ်ယောက်ဖြစ်ပေသည်။ သို့သော် သရဲရှိသော နေရာ တစ်ခုခု ရောက်လျှင် စိတ်ထဲ အလိုလို သိနေလေသည်။

     မသန့်ရှင်းသည့်နေရာဆို ဝင်လိုက်သည်နှင့် ပြည့်လက်ပေါ်က အမွှေးလေးများထောင်တက်သွားလေတော့သည်။ ခန္ဓာ တစ်ခုလုံး အေးစိမ့်ပြီး တက်လာခဲ့လေသည်။ စိတ်အထင့်မဟုတ်ပေ။ ထိုသို့ဖြစ်ပြီးတိုင်း ပြည့်အဲဒီနေရာကို စုံစမ်းလိုက်သည့်နှင့် ပြသာနာ တစ်ခုခုရှိနေလေသည်။
   
       သို့သော်လည်း ပြည့်ကိုယ်တိုင်က သရဲအလွန်ကြောက်တတ်သည့်က တစ်ကြောင်း ။နှလုံးကလည်း အလန့်မခံနိုင်တာကြောင့် ပြည့်ထိုသို့နေရာများကို အမြဲ ရှောင်တတ်လေသည်။
 
       ပြည့် ဆယ်တန်းစတက်သည့်နေ့ကစ၍ ကျောင်းဆောင်နဲ့ပတ်သတ်ပြီး တစ်ခုခု ရှိနေမည်ကို စိတ်ထဲကသိနေသည့်မို့ ကျောင်းခေါင်းလောင်းထိုးခါနီး ၅ မိနစ်အလိုမှ ပြည့်ကျောင်းကို လာတတ်လေသည်။ ပြည့်အိမ်နှင့်ကျောင်းသည် အများဆုံး သွားရမှ ၃ မိနစ်လောက်သာဖြစ်၍ နီးနီးလေးပင်ဖြစ်လေသည်။
 
       ဒီနေ့ ကျောင်းကို စောစော ရောက်နေရသည့်အကြောင်းမှာ ကျောင်း၌ ဝါဆိုသင်္ကန် ကပ်ရန်ကိစ္စနှင့်ပက်သတ်၍ ဆရာမ မှာထားသော်ကြောင့်စောစောရောက်လာခဲ့ခြင်းဖြစ်ပေသည်။
 
      ငါ့ကို အတန်းပိုင်ဆရာမ အလှူ အတွက်မှာထားတယ်လေ။ နင်လည်းပါတာဘဲမဟုတ်လာ သန္တာကို ပြန်မေးလိုက်လေသည်။
 
       အင်းပါ ဒါကြောင့် မိပြည့် စောစောရောက်နေတယ်ပေါ့။
        ဒါပေါ့ ။
  
       နင် ကျောင်းကို ဘာလို့စောစောမလားတာလဲ ပြည့်။
         နင် သရဲတစ္ဆေ ရှိတယ်ဆိုတာကို ယုံလာ ။

   သန္တာ အမေးကို မဖြေဘဲ ပြည့် ပြန်မေးလိုက်လေသည်။
       ရှိတယ် ဆိုတာတော့ ငါ့ယုံတယ် ပြည့်။
         ဒါမဲ့ ငါမမြင်ဖူးဘူး။

          နင်ယော မြင်ဖူးလား ပြည့်။
        ငါ့လည်း အကောင်အထည်လောက်ထိ မမြင်ဖူးပါဘူး။

          ဒါဆို နင်က မြင်ဖူးတယ်သဘောပေါ့။
           အင်။
   
      ငါ ပြောပြပါလား။

          ဒီလို ငါ ငယ်ငယ်တုန်းက အိမ်မှာ မေမေနဲ့ ငါ့နဲ့နှစ်ယောက်ဘဲရှိတယ် ။ အဖေက ခရီးထွက်သွားတယ်။ ကိုကြီး မကြီးကိုငယ် တို့ ကျူ ရှင်တက်နေရာတဲ့ချိန်ပေါ့။ ငါအသက်က ၇ နှစ်လောက်ဘဲရှိသေးတယ်။
        
          အဲဒီနေ့က မုန့်စားချင်လို့မေမေကိုပူဆာတာ။ မေမေက အိမ်မှာလူမရှိတဲ့ အပြင် ဟင်းချက်နေလို့ လိုက်မဝယ်ပေးဘူး။ ညနေ ၇ နာရီကျော်ကျော်လောက်ပေါ့။ မုန့်ဆိုင်နဲ့ အိမ်က နီးနီးလေး။ အဲဒါကြောင့် ငါ့ကို မုန့်ဆိုင်သွားခိုင်းလိုက်တယ်။
    
  မေမေက အိမ်ရှေ့ထိ လိုက်ပို့ပေးတာပေါ့။ အဲဒီမှာ မိန်းမတစ်ယောက်လာတယ်။ မေမေက အဲဒီမိန်းမကို အမ ဒီလမ်းထိပ်သွားမှာလားလို့မေးတော့ ။အဲဒီမိန်းမက ခေါင်းညိတ်ပြတယ်။ မေမေက ဒါဆို အမရေ သမီးက အဲဒီလမ်းထိပ်က မုန့်ဆိုင်သွားမှာခေါ်သွားပေးနော်။ အဲခလေးက အမှောင်ထဲ တစ်ယောက်တည်းမသွားရဲဘူး။ သရဲအရမ်းကြောက်တတ်တာပြောပြီး ငါ့ကို အဲဒီ မိန်းမနဲ့ထည့်လိုက်တာပေါ့။
 
        အင်း ဆက်ပြော။
  
    အိမ်နဲ့ လမ်းထိပ်က အလွန်ဆုံးရှိမှ လေးအိမ်ကျော်လောက်ပေါ့။ ပြီးတော့ သွားနေကျလမ်းမို့ မေမေ မလိုက်လည်း ဘာမှတော့မဖြစ်ဘူး။ ဒါမဲ့ ငါကိုက ကြောက်တတ်တာလေ။ အိပ်ခန်းထဲတောင် မေမေနဲ့တူတူ ဝင်အိပ်တာ။ တစ်ယောက်တည်းမအိပ်ရဲတဲ့ သတ္တိခဲကြီးလေ။

         အဲလိုလာ ပြည့်။
          ဟုတ်တယ်။ ငါသရဲအရမ်းကြောက်တတ်တာ။
   
       နင်ပုံကြည့်ရတာ ကြောက်တတ်ပုံမပေါ်ဘူး။

     ငါ့က ငါ့အားနည်းချက်ကို ဘယ်တော့ ထုတ်ပြောလေ့မရှိဘူး။ မြွေဆိုလည်း အသကုန်ကြောက်တတ်တာ။ ကျောင်းက ကောင်တွေ ကောင်မလေးတွေကို မြွေရုပ်နဲ့ စလို့ ငါ့ဆီရောက်လာတာမှတ်မိတယ်မလား။

          အင်း အဲတုန်းက နင် ချွှေးစေးတွေထွက်ပြီး မူးလည်းသွားတာလေ။
  
       ဟုတ်တယ် ငါ့အရမ်းကြောက်ပြီးရှော့ဖြစ်သွားတာဟ။
         ဟုတ်လာ ။
           နင်ကတော့လေ။
           ဒါနဲ့ ခုနားက ကိစ္စ ထပ်ပြောပြ။

             အင်း မေမေက အဲဒီမိန်းမနဲ့ အပ်လိုက်တော့ ငါ့လည်း အဖော်ပါတယ်ဆိုပြီး စိတ်ချလက်ချနဲ့ရှေ့ကသွားတယ်။ အဲဒီမိန်းမက နောက်က ပါလာတယ်ဆိုပြီးပေါ့ဟ။ ထူးဆန်းတာက ငါ့အဲဒီမိန်းမကို ငါ့တို့ရပ်ကွက်မှ တစ်ခါမှမမြင်ဖူးဘူး။
 
            ဟုတ်လာ ပြည့်။
              ကလေးဆိုလည်း ကိုယ့်အိမ်ပတ်ဝန်းကျင်နားလောက်တော့ သိတာပေါ့ ဟုတ်ဘူးလား။
      
       အဲဒါတော့ ဟုတ်တယ် ပြည့်။
             ငါ့လည်း လမ်းထိပ်ကိုရောက်ပြီး အဲဒီမ်ိန်းမကို လှည့်ကြည့်တဲ့ချိန် အဲမိန်းမ မရှိတော့ဘူး။

         တကယ်။
           တကယ်ပေါ့။
  
      ငါလည်း မုန့်ဆိုင်မဝင်ဘဲ ငါ့အိမ်နားထိ အဲဒီမိန်းမကို လိုက်ကြည့်တယ်။ ပြီးရင် အိမ်တွေကိုပါကြည့်တာ။ အိမ်တွေအကုန်လုံးက ခြံတံခါးပါ ပိတ်ထားကြတာ။
  
        အဲဒီချိန်ကျမှ သေချာ ပြန်စဉ်စားတော့ အဲမိန်းမက မျက်လုံးတွေလည်း နီနေတာဘဲဟ။
  
       ငါ ကြက်သီးတွေထလာပြီ ပြည့်။
          ငါရောဘဲ။
   
       အဲချိန်ကျမှ ငါ့လည်းကြောက်ပြီး မုန့်ဆိုင်ကို တစ်ချူ ိးတည်းပြေးတာ ဖိနပ်ပါ လမ်းမှာ ကျွှတ်ကျန်ခဲ့တာ။ ညနေဘက် ကိုငယ် ကျူ ရှင်က ပြန်ရောက်မှ ငါ့ကို ကျောပိုးပြီး လာခေါ်ရတယ်။
   
     ဟယ် ကြောက်စရာကြီးနော် ပြည့်။
           အင်းဆို။
    
       ငါ့တစ်ပတ်လောက် ဖျားသွားတယ်။
           ဒါနဲ့ နင် ကျောင်းကို စောစောမလာတဲ့ အကြောင်းရှိလာ။ 
         ရှိတာပေါ့။

           ငါ့ပြောပြ ပြည့်။
         နင်ကြောက်တတ်လာ သန္တာ ။
        အရမ်းကြီးတော့မဟုတ်ဘူး။

         ငါ့ ဒီနှစ်ထပ်ဆောင်ကို ပထမဆုံးနေ့က စောစာရောက်တယ်။ ခုံနေရာကောင်းကောင်းလေး လိုချင်လို့ပေါ့။
   
   နောက်ကကျလည်းမကောင်းဘူး။ ဘေးကဆိုလည်း အလင်းပြန်တာတွေရှိတယ်။ ရှေ့ကဆိုလည်း မြေဖြူ မုန့်တွေနဲ့မို့ နေရာလာရွှေးတာ။

           အဲဒါ ငါအခန်းထဲ စဝင်လိုက်ကတည်းက တစ်ခန္ဓာလုံး ကြောစိမ့်တက်သွားတယ်။ ငါ့လက်က အမွှေးလေးတွေတောင် ထောင်တက်သွားတယ်။

             နင်ပြောချင်တာက သန္တာ စကားမဆက်ဘဲ လက်ညှို းလေးထိုးပြီး နှစ်ထပ်ဆောင်ကို ပြလိုက်လေသည်။
   
       သူတို့နှစ်ယောက်လုံး နှစ်ထပ်ဆောင်ပေါ်မရောက်သေးဘဲ။ မုန့်ဆိုင်မှာ ထိုင်နေရင်း နှစ်ထပ်ဆောင်ကိုကြည့်ပြီး ပြောနေကြခြင်းဖြစ်ပေသည်။
 
             ဟုတ်တယ် သန္တာ ဒီအဆောင်က တစ်ခုခုဘဲ။
       ပြည့်ရေ နင်ပြောမှ ငါ့ လန့်လာပြီ။

          နှစ်ယောက်စကားပြောပြီး မုန့်စားနေလိုက်လေသည်။

      အတန်းပိုင် ဆရာမ လာမှ နှစ်ယောက်သား နှစ်ထပ်ဆောင်ဘက်ကို တက်လာခဲ့လေသည်။

        အခန်းထဲတွင် မည်သူမှ ရောက်၍ ရှိမနေပါ။ ပြည့်နှင့်သန္တာဘဲရှိသည်။ အတန်းပိုင် ဆရာမက ဆရာမနားခန်းထဲ ကျန်နေခဲ့လေသည်။
   
          အခန်းထဲတွင် ရောက်နေလျှင်လည်း စိတ်ထဲ အေးစိမ့်နေလေသည်။ ပြည့် ခုံထဲ လွတ်အိတ်ထည့်လိုက်သည်နှင့်   

 ရှပ်. . .ရှပ်. . .
နောက်က ခြေလှမ်းသံကြားလိုက်ရလေသည်။ 
   
      ပြည့်လှည့်ကြည့်သော်လည်း နောက်မှာမည်သူမှ ရှိမနေပေ။ သန္တာ ကရှေ့မှာ ဆရာမစားပွဲတွင် ခုံခင်းများ ပန်းအိုးများချနေလေသည်။
    
         တစ်ခုခု ဆိုတာ သေချာနေပါပြီ။ ပြည့် အတတ်သိနေလေပြီ။
  
      ဒီလိုနဲ့ ဝါဆိုသင်္ကန်းကပ်မည့်ကိစ္စအား အတန်းပိုင်ဆရာမနှင့်တူ အတန်းခေါင်းဆောင် အသင်းခေါင်းဆောင်များ ဝိုင်းဝန်းစီစဉ်လိုက်လေသည်။
 
          ဒီနေ့က ကြာသပတေးနေ့ဖြစ်၍ ကြားမှာ သောကြာ။စနေ။တနင်္ဂနွေ ထပ်လိုအပ်သည်များကို ပြင်ဆင်မည် ။ တနင်္လာနေ့ ဝါဆို သင်္ကန်းကပ်မည်ကို ကျောင်းသားခေါင်းဆောင်များကို အတန်ငယ်များကို ကြေငြာခိုင်း၍ အလှူ ငွေ စေတနာပေါက် ကောက်ခံ ခိုင်းလိုက်လေတော့သည်။
   
         မနက် အစည်းအဝေးကိစ္စနဲ့ အလုပ်ရှုပ်နေသည်မို့ စာသင်ချိန် အချူ ိ့ လစ်ဟာခဲ့လေတော့သည်။
  
       ကျန်ဆရာမများက ကိုယ့်အချိန်နဲ့ကိုယ်ဝင်ခဲ့လေသည်။
ကျောင်းသူကျောင်းသားများလည်း တစ်ချိန်ပြီးတစ်ချိန်သင်ယူနေရင်း ထမင်းစားကျောင်းဆင်းချိန်ရောက်ခဲ့လေသည်။
   
         ဒီနှစ် မိုးဦးကောင်းသည်ဆိုရမည်ပေ။ ကျောင်းစတက်နေ့ကတည်းက မိုးတဖွဲဖွဲကျနေလေသည်။ထမင်းစားချိန် ၁ နာရီမှ နှစ်နာရီထိ အချိန်ရလေသည်။

           ပြည့် ထမင်းစားပြီး ကျောင်းပြန်တက်လာခဲ့လေသည်။ကျောင်းစတက် တက်ချင်းအချိန်သည် မြန်မာစာဖြစ်လေသည်။

     မိုးကလည်း တဖွဲဖွဲအေးစိမ့်နေလေသည်။ဒီကြားထဲ သင်သည့်ဆရာမ က မြန်မာစာ ဝတ္ထု ရှင်းပြနေလေသည်။ ထမင်းကလည်း စားပြီးစဖြစ်နေလို့လားမသိ ။ ဆရာမ က ရှေ့က ရှင်းသလောက် နောက်ကတပည့်များ မျက်လုံးများစင်းလာပြီး ချော့သိပ်နေသလားစည်းစိမ်တွေ့နေလေသည်။
           
       ပြည့်ခုံသည့် ပြတင်းပေါက်နားကဖြစ်လေသည်။ ပြတင်ပေါက်က လှမ်းကြည့်လျှင် ကော်ရံတာ တစ်လျှောက် တိတ်ဆိတ်နေလေသည်။ အနောက်ဘက်က အဆောင်လွတ်ဆို ပိုပြီးငြိမ်သက်နေလေသည်။
  
     ထိုစဉ်. . ကော်ရံတာလမ်းမှ
        ရှပ်. . .ရှပ်. . .ရှပ်. . 
  
     ပြည့်ပြတင်းပေါက်ကနေ ဖျက်ခနဲ့ကြည့်လိုက်သည်နှင့် မိန်းခလေးတစ်ယောက်အရိပ်အယောင်လည်းဝါးတားတားလေးတွေ့လိုက်ရလေသည်။
 
         သေသေချာချာကြည့်သည်နှင့် မည်သူမှ ရှိမနေချေ။
       ပြည့် စာထဲစိတ်ကို ပြန်နှစ်လိုက်လေသည်။
 
       ဖြောက်. . ဖြောက်. . . မိုးစက်ကလေးများရိုက်ခံသံနှင့်တူ
        ရှပ်. . .ရှပ်. . .ရှပ် ခြေသံလေး ပီပြင်လာလေသည်။
 
         ပြည့် ဒီတစ်ခါလည်း ထပ်လှည့်ကြည့်လိုက်လေသည်။
  
     ဒီတစ်ခါလည်း ဝါးတားတားလေး ကောင်မလေးတစ်ယောက်ထပ်မြင်ရလေသည်။
 
       ပြည့် သေချာ အောင်ကြည့်နေဆဲမှာပင်. .

       ပြည့်ဖူးအိမ် ဘယ်တွေကြည့်နေတာလဲ မြန်မာစာဆရာမအသံကြောင့် အခန်းထဲကျောင်းသားကျောင်းသူများ အကြည့်အားလုံး ပြည့်ဆီ ဦးတည်လာခဲ့တော့သည်။

           ဘာကြည့်နေတာလဲ ပြည့်ဖူးအိမ်။
        ဟိုဆရာမ မိုးဖွဲတွေ့ကျလာလို့ပါဆရာမ ဖြေလိုက်လေသည်။

           ဒါဆို ပြတင်းပေါက်တံခါး ပိတ်လိုက်သမီး။
         ဟုတ်ဆရာမ။
  
         ပြည့် စိတ်ထဲတွင် တကယ့်ဘဲကောင်မလေးတစ်ယောက်ရှိနေသလား။ ကိုယ့်ဘဲ အိပ်ချင်လို့ စိတ်ထဲထင်နေသလား ဝေခွဲမရသောကြောင့် ချန်ထားလိုက်လေသည်။

               ဆရာမထွက်သွားသည့်နှင့် သန္တာက ပြည့်ဘာဖြစ်တာလဲ။

       ငါ့ စာသင်နေတဲ့ချိန်က ကောင်မလေးတစ်ယောက်တွေ့လိုက်တယ်။
       တကယ်ကြီး 
             အင်။

         ပြည့် အိမ်ပြန်ရောက်လာသည်နှင့် ဘုရားတရားအမြဲလုပ်တတ်သော မေမေအား စ၍ မေးလေတော့သည်။

           မေမေ မေးစရာရှိလို့ ။
            ဘာမေးမလို့လဲ သမီး။
            သရဲကို လူတွေမြင်နိုင်လား မေမေ။
   
           သရဲက လူထက် အဆများစွာနှိမ့်တယ်သမီး။ လူအနားတောင်မကပ်နိုင်ဘူး။ တစ်ခါတစ်လေ လူတွေ ညံ့တဲ့ချိန်မျူ ိးမှာမြင်နိုင်တယ်။
  
        ပြီးရင် သူတို့က အမျှလိုချင်ရင်လည်း ကိုယ်ထင်ပြတာ။ဒါမှမဟုတ် အနံ့အသက်ပေးတာတွေ့ရှိတယ်။ အဲဒီလိုဆို အမျှဝေရင် သူတို့ကျွှတ်တယ်သမီး။
 
        ဘာလို့မေးတာလဲသမီး။
          ကျောင်းမှာ ဒီလို ဒီလို တွေ့ခဲ့တယ်မေမေ။ မိခင်အား အကြောင်းစုံကို အကျဉ်းချူ ပ်ပြောပြလိုက်လေသည်။
  
       အဲဒါဆို သူက သမီးကို လိုက်နှောက်ယှက်တာမဟုတ်ဘူး။ အမျှတောင်းတာသမီး။ အမျှဝေတဲ့ချိန်မှာလည်း အလှူ လုပ်ပြီးအမျှ ဝေရုံနဲ့ သူတို့မရဘူး သမီး။ နာမည်နဲ့တကွအမျှဝေးမှ အကျူ ိးခံစားရတာ။
  
         အဲလိုကြီးလား မေမေ။
      သမီး ကျောင်းမှာ ဝါဆိုသင်္ကန်းကပ်မှာဆို။
         ဟုတ်မေမေ။

     ဒါဆို သမီးက သင်္ကန်းပရိတ်က္ခရာ လှူ ရင်းသူ့နာမည်ကို ခေါ်ပြီး စိတ်ထဲကနေ အမျှဝေးပေးလိုက်ပေါ့။
  
         ဟုတ်မေမေ။ ပြည့် စိတ်ချမ်းသာသွားလေသည်။

    သောကြာနေ့ ကျောင်းရောက်သည့်နှင့် အထက်ကျောင်းဆောင်ရဲ့ ဝါအရင့်ဆုံး ဒုကျောင်းအုပ်ဆီ ပြည့်ရောက်သွားလေသည်။

         ပြည့်ဖူးခိုင် ပါလား။ ဘာကိစ္စရှိလို့လဲသမီး။
 
         ဆရာမနဲ့ပြည့် အတော်လေးရင်နှီးပါသည်။ ကိုယ့်ဆရာမဖြစ်၍ ဆရာမဆီကို ဦးတည်လာခဲ့ခြင်းဖြစ်ပေသည်။
   
             ဆရာမကို မေးစရာရှိလို့ပါ။ 
    
          စာမေးမလို့လား ပြည့်ဖူးခိုင်။
  
           မဟုတ်ပါဘူး ဆရာမ။ဒါဆို။

             ဒီလိုပါဆရာမ။ သမီးနှစ်ထပ်ကျောင်းဆောင်ကို ရောက်ပြီးကတည်းက ကြက်သီးခဏ ခဏထပြီး ကျောချမ်းလာတတ်ပါတယ်။ အစက သိပ်သတိမထားမိဘူး။မနေ့က သမီးစာသင်နေရင် ကော်ရံတာပေါ်ကောင်မလေးတစ်ယောက်တွေ့လို့ အဲဒါ ဆရာမများနည်းနည်းသိနေမလားလို့ ဟု ပြည့်အထစ်ထစ်လေး ပြောလိုက်လေသည်။
   
         ဟိုး လွန်ခဲ့တဲ့ ၈ နှစ်လောက်က မြင့်မြင့်အေးဆိုတဲ့ ဆယ်တန်းကျောင်းသူလေးတစ်ယောက်ဆုံးဖူးတယ်။ ဆရာမတို့လည်း အမျှအတန်းဝေခဲ့တယ်။ ဒါမဲ့ ကျွှတ်ချိန်မတန်သေးလို့လား မကျွှတ်ခဲ့ဘူးထင်တယ်။ 

           ဆရာမလည်း ခဏ ခဏ တွေ့မိတယ်။ ဒါမဲ့ ဘယ်သူ့ကိုမှမပြောဖြစ်ဘူး။ ကြောက်သွားမှာစိုးလို့ သမီးပါတွေ့တယ်ဆိုတော့ သမီးအမေ ပြောသလို အမျှဝေကြည့်လိုက်ပါကွယ်။ သူကျွှတ်ချိန်တန်လည်း ကျွှတ်သွားတော့ ကောင်းတာပေါ့ကွယ်။
 
         ဟုတ်ဆရာမ။

       တနင်္လာနေ့ ကျောင်းမှာ ဝါဆိုသင်္ကန်းကပ်သည့် နေ့မှာပင် ပြည့်ဖူး သင်္ကန်ပရိတ်က္ခရာကို မြင့်မြင့်အေးဆိုသော ထို ကောင်မလေးအား ရည်စူးပြီး လှူ ဒါန်းလိုက်လေသည်။
   
       ဆရာတော်ကိုယ်တိုင် ကျောင်းသူကျောင်းသားများလှူ ဒါန်းသော ပစ္စည်းများအား အာရုံထားပြီး သာဓု အမျှဝေခိုင်းချိန် ပြည့်ဖူးအိမ် တိုးတိုးလေး မြင့်မြင့်အေးတာမည်နှင့်တကွ အမျှဝေခဲ့လိုက်လေသည်။

          ထိုနေ့ ထိုအချိန်မှ စ၍ ပြည့် ကျောင်းစောစော သွားလည်း အရင်လိုကြက်သီးမထတော့ပေ။ ဒုကျောင်းအုပ်ကိုယ်တိုင်လည်း မြင့်မြင့်အေး ဝိဥာဉ်ကို မတွေ့တော့ပေ။ဘဝတစ်ပါးသို့ မြင့်မြင့်အေး ဝိဥာဉ်ကျွှတ်လွတ်သွားသည်ဆိုသည်မှာ သေချာ သွားလေတော့သည်။
       
#ပြီးပါပြီ

Credit KNT

Comments