စုန်းတို့ မာယာ
စုန်းတို့ မာယာ (စ/ဆုံး)
တစ်နေ့ ကျုပ်ဆီကို ညောင်ပင်ကြီးရွာက
ပွဲစားကိုပွကြီးက လာရှာတယ်ဗျ ကျုပ်က
အိမ်နောက်ဖေးမှာ နွားစာစင်းနေတာ
မောင်သိန်းရေ မောင်သိန်း့့့အိမ်ရှေ့
ဝိုင်း၀ကခေါ်သံကြားလို့ ကျုပ်ကြည့်လိုက်
တော့ ပွစားကိုပွကြီးဗျ ကျုပ်လဲအံအား
သင့်သွားတယ်ဗျ ဒီလူက အကြောင်းမရှိပဲ
လာတဲ့လူမဟုတ်ဘူး ကျုပ်လဲကိုပွကြီး
လာလေဗျာ အရေးတကြီးသုတ်ပြာကြီးနဲ့
ဘာများဖြစ်လို့လဲ ကိုပွကြီးက မောင်သိန်း
မင်းဆီသာလာရတယ် ငါ့မှာမင်းရှ်ိပါ့မလား
လို့ ဘာဖြစ်လို့လဲဗျ မင်းကခြေအတော်ဆန့်
တဲ့ကောင်လေ အဲ့လိုလဲမဟုတ်ပါဘူးဗျာ
ဒါနဲ့ခဗျားလာရင်းကိစ္စက ဘာလဲဗျ
ကိုပွကြီးက အေး ငါတောင်မေ့တော့မလို့
ငါချောင်း၀ရွာကို ပြီးခဲ့တဲ့နှစ်ရက်က
ရောက်ခဲ့တယ်ကွ အဲ့ရွာမှာ ငါ့ဘကြီးဦးဖိုး
ဆိတ်က ရွာသူကြီးပဲကွ ငါရောက်သွားတော့
ဘကြီးက ငါ့ကို ပွကြီး မင်းက ပွဲစားဆိုတော့
နယ်ဆုံ ရွာဆုံကိုရောက်တယ် ဆရာကောင်း
သမားကောင်းလေးဘာလေး မရှိဘူးလားတဲ့
ငါလဲ ဘာဆရာလဲဘကြီးလို့မေးတော့
အထက်လမ်းဆရာတဲ့ အခုတစ်လောရွာမှာ
အထူးဆန်းကိစ္စတွေဖြစ်နေတာကွဲ့ ငါလဲ
ဘကြီးတို့ရွာမှာဘာဖြစ်နေလို့လဲလို့မေးတော့
ဘကြီးက ရွာတောင်ပိုင်းက မိဖြူဆိုတဲ့
ကလေးမလေးက ညညဆိုဆို ပူးကပ်ပြီးတော့ ကြက်ခြံထဲက ကြက်တွေကို အရှင်လတ်လတ် လည်လိမ်ပြီးသွေးစုတ်တာ
မနက်ညတော့အကောင်းကြီး ဒါနဲ့ငါတို့လဲ
အထက်လမ်းဆရာရှာပြီးပင့်တော့ ဘိုလေး
ဘက်က ဆရာတစ်ယောက်ကို ဒို့ရွာက ဒေါ်
၀င်းကြည်ကပင့်ပေးလာတယ် ဆရာကအသက်ခြောက်ဆယ်ကျော်လောက်တော့
ရှိမယ်ကွ သျောင်ထုံးကြီးနဲ့ ရောက်ရောက်
ချင်း ရွာထဲကိုတန်းမ၀င်ပဲ ရွာဘေးကကစင်း
ရိုးကပတ်သွားပြီး ထိန်ပင်သချိုင်းမှာ
နှစ်ရက်လောက်နေပြီးပြန်သွားတယ်
ထူးဆန်တာက အဲ့ဒီဆရာကို ရွာထဲကို
ဘယ်လိုပင့်ပင့်မကြွဘူး သူပြန်သွားပြီး
သိပ်မကြာဘူး ရွာထဲကိုလေးပေကျော်လောက်ရှိတဲ့ ကြောင်နက်ကြီးတစ်ကောင်
ည၁၂နာရီဆိုရောက်ရောက်လာတယ်
ဘယ်ကနေ ဘယ်လိုရောက်လာမှန်းတော့
မသိဘူး ကြောင်ကြီးရွာထဲ၀င်ပြီးမနက်ဆို
ရွာထဲမှာလူတစ်ယောက်သေပြီသာမှတ်
မိဖြူဆိုတဲ့ကလေးမရဲ့အခြေနေကလဲ
မကောင်းတဲ့အပြင် ပို၍ပို၍ ဆိုးလာတယ်
ငါတို့လဲ အစက လူသေတာဟာ တိုက်ဆိုင်
မှုပဲထင်တာ နောက်ပိုင်းတိုက်ဆိုင်တာ
မဟုတ်ပဲ သတိထားစရာပဲ အဲ့ဒီသျောင်ထုံး
ကြီးနဲ့ဆရာကိုလဲ လိုက်ရှာလို့မရတော့ဘူး
ညညဆိုဓားတွေဒုတ်တွေကိုင်ပြီးကင်းစောင့်
နေရတယ် ဒါတောင် အဲ့ဒီကြောင်နက်ကြီးက
ပေါ်ပေါ်လာတယ် ကြာရင်ငါတို့ရွာကြီးလုံး
ပါး ပါးကုန်လိုက်မယ် တချို့ဆိုရွာမှာမနေ
ဝံ့ကျတော့ဘူးတဲ့ ဖြစ်စဉ်ကတော့
အဲ့ဒါပဲ မောင်သိန်းရေ ငါ့ဘကြီးဦးဖိုးဆိတ်က
ဆရာကောင်းငါ့ကို မြန်မြန်ရှာလာခိုင်းတယ်
မင်းက ဆရာကြီးတွေနဲ့အဆက်သွယ်လဲရှိ
သူတို့ပေးထားတဲ့အင်းတွေအဆောင်အယောင်တွေကလဲရှ်ိတော့
ငါလဲ မင်းအားကိုးပြီးလာခဲ့တာကွ
ကိုပွကြီးက ကျုပ်ကိုအကူညီလာတောင်းတယ်ဗျ ခဗျားတို့လဲသိသား ကျုပ်ကလဲ
ဒီလိုကိစ္စတွေဆို ၀င်ပါလိုက်ရမှ လွတ်ဝါသနာပါတဲ့ကောင်ဗျ ကျုပ်လဲ နေ့လည်ရောက်တော့ ကျောက်ပုံရွာကိုသွားပြီး
ကျုပ်ဆရာကြီးဦးရန်သိန်း သတင်းကို
ကိုပွကြီးနဲ့အတူ သွားစုံစမ်းတယ်ဗျ
ဆရာကြီးက ဖိုလ်၀င်တောင်က ကိုးထောင်
ပြည့်စေတီမှာ အဓိဌာန်၀င်နေတယ်တဲ့
ကျုပ်တို့လဲ လိုက်သွားတော့ ဆရာကြီးက
ဘုရားအနီးက ဇရပ်ပေါ်မှာ မောင်သိန်း
တို့လာကျလေကွာတဲ့ ကျုပ်တို့လဲသွားလိုက်
တော့ ဆရာကြီးအရှေ့က လင်ဗန်းထဲမှာ
အငွေ့တစ်ထောင်းထောင်းထနေတဲ့ အကြမ်း
ရေပန်ကန်လုံးနှစ်ခွက်နဲ့ မြေပဲကြော်တစ်ပန်
ရယ်ဗျ ကျုပ်လဲဆရာကြီး ဒါတွေက
ဘယ်သူ့အတွက်လဲမေးလိုက်တော့
မင်းတို့အတွက်ပဲလေ ကျုပ်ဖြင့်အံ့အား
သင့်သွားတယ်ဗျ ဆရာကြီးကကျုပ်တို့
လိုက်လာမှန်းဘယ်လိုသိလဲ မသိဘူး
ဆရာကြီးက မောင်သိန်းမင်းမအံ့ဩပါနဲ့
မင်းတို့တွေငါ့ဆီကို လိုက်လာမယ်မှန်း
ငါက လွန်ခဲ့တဲ့သုံးရက်ထဲက သိတယ်ကွ
မင်းတို့အခုလာရင်းကိစ္စကိုလဲ ငါသိတယ်
ချောင်း၀ရွာရဲ့ထူးဆန်းတဲ့ကိစ္စကြောင့်မလား
ကျုပ်လဲ သိချင်စိတ်ကိုထိန်းမရတော့ဘူး
ဆရာကြီးက ဘယ်လိုသိတာလဲဗျလို့
မေးလိုက်တော့ ဆရာကြီးဦးရန်သိန်းက
ဒီလိုကွ မောင်သိန်းရဲ့ လွန်ခဲ့တဲ့ သုံးရက်ခန့်က ငါ့ရဲ့ဆရာ ဘရသေ့ကြီးက ငါ့ဆီကြွလာ
တယ် ချောင်း၀ရွာမှာ အထက်လမ်းဆရာ
အယောင်ဆောင် ကဝေကောင်ကြောင့်
၇ရက်သားသမီးတွေရဲ့ အသက်တွေ
ကြွေလွင့်နေရလို့ ငါ့ကိုဖြေရှင်းပေးဖို့
တာ၀န်လာပေးတယ်ကွ ငါလဲဆရာသခင်
ရဲ့တာ၀န်ကိုသာ လက်ခံရတာ ၄၅ရက်
အဓိဌာန်က ၄၀ပြည့်ရက်တော့ ရောက်ခဲ့ပြီ
နောက်ငါးရက်ကျန်သေးတော့ ဒီနေရာက
စွန့်ခွါမရဘူး ဒါကြောင့်ပွဲစားပွဲကြီးနဲ့ ဦးဘိုးဆိတ်နဲ့ တွေ့အောင်လုပ်ပြီး မင်းဆီရောက်
အောင် စိတ်ငြိမ်မန္တန်ကိုလွတ်ပြီးလုပ်ခဲ့တာ
မင်းဆီရောက်တာနဲ့ငါ့ဆီကိုရောက်အောင်
လုပ်ရတာပေါ့ ဒါကြောင့် အံ့ဩစရာမရှ်ိတော့
ပါဘူးကွာ ဂန္ဓာရီအတက်ဆိုတာ လျို့ဝှက်
ဆန်းကြယ်တာပဲလို့ ကျုပ်စိတ်ထဲ မှတ်ချက်
ချလိုက်ရတယ် ဆရာကြီးဦးရန်သိန်းက
မောင်သိန်းချောင်း၀ ရွာကိုမင်းတို့တွေသွား
ကျ ဟော့ဒီလက်ဖွဲ့လေးကိုယူသွား
ကြည့်လိုက်တော့ ကိုးလုံးပုတီးလေးဗျ
လက်ဝါးလေးဖြန့်ပြီးယူလိုက်တော့ လေးနစ်
နေတာပဲဗျ ဆရာကြီးက ဒီပုတီးလေးက
သံသေ ဓာတ်လုံးကိုလုံးနဲ့ ဓာတ်ပြုပြီးစီရင်
ထားတဲ့ ပုတီးကွဲ့ ဆရာအယောင်ဆောင်
ကဝေကောင်နဲ့ နောက်ပါတပည့်တွေကို
ဆုံးမနိုင်တဲ့ဘရသေ့ပေးခဲ့တဲ့ကိုးလုံးပုတီး
လေးပဲ ပြီးတော့ဆရာကြီးဦးရန်သိန်းက
ကွမ်းတစ်ရာကိုလက်ဝါးထဲထည့်ပြီး မန္တန်
တစ်ပုဒ်ကိုတီးတိုးရွတ်လိုက်ပြီး ပါးစပ်ထဲ
ထည့်ဝါးပြီး ကွမ်းဖတ်တွေ ကျုပ်ရဲ့ဦးခေါင်း
ကိုသူ့လက်နဲ့ပုတ်ပြီး ငါ့တပည့် ပိုင်စေ
နိုင်စေ အောင်စေဆိုပြီးသုံးချက်ပုတ်တယ်ဗျ
ကျုပ်နဲ့ကိုပွပြီးလဲ ဆရာကြီးကိုကန်တော့ပြီး
ချောင်း၀ရွာကို ထွက်ခဲ့ကျတယ်ဗျ
ရွာထိပ်ရောက်တော့ လူနှစ်ဖက်လောက်ရှိတဲ့
ကုက္ကိုလ်ပင်ကြီးမှာ သုံးထောင်ကျော်လောက်ရှိတဲ့ ငှက်မည်းကြီးဗျ မျက်လုံးနီနီ
ကြီးကြီးနဲ့ ကျုပ်တို့ကိုကြည့်ပြီး အပင်ပေါ်က
ဂီးးးဂီးးဂီးနဲ့အော်နေတယ်ဗျကျုပ်လဲသိလိုက်
ပြီ ကျုပ်တို့လာတာကို မိစ္ဆာတွေသိနေပြီ
ဆိုတာ ကိုပွကြီးကို သတိနဲ့နေဖို့ပြောလိုက်
တယ် ဒီလိုနဲ့ရွာထဲကို၀င်လိုက်တယ်ဗျ
ရွာအ၀င်နားက သောက်ရေကန်ကြီးနား
ရောက်တော့ နွားကြီးတစ်ကောင်က ကျုပ်တို့
မြင်တာနဲ့အမြှီးထောင်ပြီးခွါတွေကိုယက်နေတယ် မျက်လုံးကြီးကပြူးလို့ ကျုပ်တို့ကြည့်
နေစဉ်မှာပဲ ကျုပ်ဆီကိုဝှေ့ဖို့ ပြေးလာတယ်ဗျ
ဆရာကြီးဦးရန်သိန်းရဲ့အသံဗျ မောင်သိန်း
ကိုးလုံးပုတီးနဲ့ပစ်လိုက်တဲ့ ကျုပ်လဲအိတ်ထဲက ကိုးလုံးပုတီးနဲ့ ပစ်ထည့်လိုက်တော့
ဝုန်းးးးးဆိုတဲ့အသံကြီးနဲ့အတူ ကိုးပေလောက်မီးညွန့်ကြီးကောင်းကင်ပေါ်ကို
တက်သွားတယ်ဗျ ကျုပ်ကြည့်လိုက်တော့
လေးဘက်ကုန်းရပ်ကြီးနဲ့ ယောက်ျားကြီး
ဗျ သျောင်ထုံးကြီးနဲ့ ပါးစပ်ထဲမှာသွေး
တွေနဲ့ကျုပ်တို့နှစ်ယောက်ကိုစိုက်ကြည့်နေ
တာ ကျုပ်သိလိုက်လေပြီ ဒါဆရာအယောင်ဆောင် ကဝေကောင်ဆိုတာ
ပုတီးလေးက ကျုပ်လက်ထဲအလိုလိုပြန်
ရောက်လာတယ် ခဗျားဘာကြောင့်ဒီရွာကို
အခုလိုလုပ်ရတာလဲ ဒီရွာက မိဖြူဆိုတဲ့
ကောင်မကို ငါကြိုက်လို့ ငါ့ပညာနဲ့ကဝေ
မှော်သွင်းပြီး ထုံကူးဖို့ကို ဒီရွာသားတွေက
နှောက်ယှက်လို့ငါသတ်တာ ဘာဖြစ်လဲ
ကျုပ်လဲ ခဗျားက မကောင်းတာတွေ
လုပ်ပြီးလူသတ်နေတာကို နောင်တမရပဲ
ပျော်နေတယ်ပေါ့ ဒါဆိုလဲ ခဗျားကိုကျုပ်
ကိုယ်တိုင်ငရဲပို့မယ် ပြောလိုက်တော့
မင်းထက်ငါအရင်ပို့မယ်ပြောပြီး
ကဝေကောင်ကြီးက သူ့ပါးစပ်ထဲက
ဘောလုံးလောက်ရှ်ိတဲ့မီးလုံးကြီးကို
ထုတ်နေတယ်ဗျ ကျုပ်လဲဆရာကြီးဦးရန်သိန်းပေးထားတဲ့ ကိုးလုံးပုတီးကိုနဲ့
ကဝေကောင်ရဲ့ အကူညီစက်တွေမှန်သမျှ
ပြာကျပါစေလို့ပြောပြီး ကောင်းကင်ပေါ်သို့
ပစ်လိုက်တာ အလင်းတန်းကြီးတစ်ခု ဖြာ
ထွက်သွားပြီး ကောင်ကင်ပေါ်ကိုတက်သွား
ကျုပ်လက်ပေါ်ကိုပြန်ရောက်လာတယ်
ဟော့ ငှက်မည်းကြီးသုံးကောင်ပြုတ်ကျလာ
တယ်ဗျ ဟော့ ကြည့်နေစဉ်မှာပဲ ကိုယ်ထဲကမီးခိုးတွေထွက်လားပြီးမီးလောင်နေတယ်ဗျ
ငှက်မဟုတ်တော့ဘူးဗျ စုန်းမကြီးသုံး
ယောက်ဗျ အတန်ကြာတော့ပြာပဲကုန်တော့တယ်
ကဝေကောင်ကြီးလဲ စုန်းမကြီးတွေမီးလောင်
သွားတာနဲ့ နောက်ကိုဖင်ထိုင်ရက်ကျသွားတယ်ဗျ ပြန်ထမယ်အလုပ် သူ့ရဲ့ခေါင်းတည့်တည့်ကို ပုတီးနဲ့သုံးချက်ရိုက်လိုက်တော့
အားးးးပူတယ် းးးပူတယ် မရိုက်ပါနဲ့ဗျာ
မခံနိုင်တော့လို့ပါ အော်ပြီး ကျုပ်ကိုအတင်း
ကုန်းကန်တော့နေတယ် ကျုပ်လဲသနားပြီး
ဆက်မရိုက်ပဲကြည့်နေလိုက်တော့ ကုန်းရပ်ကနေ အတောင်ကြီးနှစ်ဘက်နဲ့ သုံးပေလောက်ရှ်ိတဲ့ဂျိုကြီးနဲ့လူကြီးဖြစ်ပြီးကောင်းကင်ကိုထပျံတယ်ဗျ ကျုပ်လဲပုတီးကိုယူပြီး
အာခံတဲ့ကဝေကို ဝိဇ္ဇာရှစ်သောင်းဆရာ
အပေါင်းရဲ့ အာဏာစက်နဲ့ မီးအတိဖြစ်ပါစေလို့ပြောလိုက်တော့ ကောင်းကင်ယံမှာပဲ
မီးလောင်သွားတယ်ဗျ ကဝေကောင်ကြီး
မီးလောင်သွားတာနဲ့ကျုပ်တို့တွေလဲ
ရွာထဲကို၀င်ခဲ့ကျတယ် ရွာထဲရောက်တော့
သူကြီးဦးဖိုးဆိတ်နဲ့ရွာသားတွေက ကျုပ်တို့ကိုစောင့်နေတယ်ဗျ မိဖြူရဲ့အိမ်ကိုလိုက်ပို့
တယ် ဟိုရောက်တော့ မိဖြူဆိုတဲ့ကောင်မ
လေးက ငိုလိုက်ရီလိုက်နဲ့ ငါသေရတော့မယ်
သူငါ့ကို လာခေါ်တော့မယ်ဆိုပြီး အော်ငိုနေတယ် ကျုပ်လဲ ပုတီးကို ရေစိမ်တိုက်လိုက်တော့ ငြိမ်သွားတယ် ဆရာကြီးဦးရန်သိန်းရဲ့
အသံကိုကျုပ်နားထဲကြားနေတယ် မောင်သိန်း မိန်းကလေးရဲ့အသက်အန္တရယ်တော့
မရှိတော့ဘူး ဒါပေမဲ့ သူ့ဆီကိုမှော်သွင်းထား
တဲ့ပညာသယ်မ ကဝေမကြီး ဒီညသူ့အသက်ကိုလာနုတ်မှာ မင်းတို့သူ့ကိုစောင့်ပြီးဖမ်းကျ
တဲ့ကျုပ်လဲ အိမ်အောက်မှာ ကာလသား
အချို့နဲ့သူကြီးဦးဖိုးဆိတ်ကို ကင်းချထားတယ် ကျုပ်နဲ့ကိုပွကြီးက ထုတ်တန်းပေါ်မှာ
ပုန်းနေတယ်ဗျ ည၁၂နာရီထိုးတော့
အိမ်ပေါ်ကိုတက်လာတယ်ဗျ ဟုတ်ပါ့ဗျာ
လေးပေကျော်လောက်ရှိတဲ့ ကြောင်နက်ကြီးဗျ မျက်လုံးကြီးက အပြာရောင်ကြီးကွမ်းသီး
လုံးလောက်ရှိမယ်ဝိုင်းဆက်နေတာပဲ
အိမ်ပေါ်ကိုတက်လာတယ် မိဖြူအနားရောက်တော့ ကျုပ်လဲထုတ်တန်းပေါ်ကခုန်ချပြီး ပုတီးနဲ့ပစ်လိုက်တော့ အုန်းးးးးဆိုတဲ့
အသံကြီးက သေနတ်ပစ်လိုက်တာလား
မှတ်ရတယ် ကြောင်နက်ကြီး တစ်ထောင်ကျော်လောက်လွင့်သွားပြီး အိမ်ပေါ်က
ခုန်ချပြီးပြေးသွားတယ် ကျုပ်တို့လဲဝိုင်းလိုက်လို့ပြောတော့ လူတွေဝိုင်းလိုက်ကျတော့ အုန်းပင်ပေါ်တက်ပြေးတယ် ဆိုးတာက အဲ့ဒီ ဝိုင်းထဲမှာအုန်းပင်က တစ်ပင်ထဲဆိုတော့ တခြားကိုပြေးမရဘူး သူကြီးဦးဖိုးဆိတ်က နှစ်လုံးပြူးသေနတ်နဲ့ ဒိုင်းးးး
ဒိုင်းးးးးဆိုပြီးသုံးချက်အုန်းပင်ကိုချိန်ပြီး
ရန်းပစ်တော့ ကြောက်ပါပြီ မပစ်ကျပါနဲ့
ငါ့မြေးတို့ရယ် အဘွားပါကွယ် ကျုပ်တို့
မီးနဲ့ထိုးကြည့်လိုက်တော့ အုန်းလတ်နှစ်ခု
ကြားက ကြောင်နက်ကြီးက လူစကားပြော
နေတာဗျို့ ရွာသားတွေဆိုမင်သက်ကုန်တယ်
ကျုပ်လဲမပစ်စေချင်ရင်အခုဆင်းလာလို့
လေသံမာမာနဲ့ပြောလိုက်တော့ ကြောင်နက်ကြီးကဆင်းလာတယ် ကျုပ်လဲဒီရွာက
မိဖြူနဲ့ ရွာသားတွေကိုလုပ်ထားတဲ့ပညာစက်
မှန်သမျှ အကုန်ထုတ်ပြီး နောက်နောင်၇ရက်
သားသမီးများကိုအခုလိုမကောင်းတဲ့စုန်းပညာ ကဝေပညာနဲ့မလုပ်တော့ပါဘူးလို့
သစ္စာဆိုပေးရင် သွားခွင့်ပေးမယ်ပြောတော့
ဆိုပါ့မယ်တဲ့ ပညာစက်တွေအကုန်ထုတ်လို့
ပြောတော့ ခုံဖိနပ်နပ်တစ်ရံနဲ့ကျောက်မီးသွေးသုံးတုံးကိုအန်ချလိုက်တယ်
ကုန်ပြီလားမေးတော့ခေါင်းညိမ့်ပြတယ်
အဲ့ဒါနဲ့ဆရာကြီးဦးရန်သိန်းက ကဝေမ နင်
သေချင်နေတာလား မာယာများမနေနဲ့
ငါ့ကိုမလိမ်နဲ့ အခုထုတ်လို့ လှမ်းအော်ပြီးကျိန်းတဲ့အသံကိုကျုပ်တင်မကရွာသားတွေပါအတိုင်းသားကြားရတယ်ဗျ ထိုအခါကျမှ
ဘရိတ်ဓားတွေအချောင်း၂၀၀လောက်ထပ်အန်ထုတ်တယ် ပြီးတော့သစ္စာရေတိုက်ပြီး
လွတ်ပေးလိုက်တယ် သူအန်ခဲ့တဲ့ပစ္စည်းတွေကိုထိန်ပင်သချိုင်းမှာညတွင်းချင်းမြေမြုတ်
ခိုင်းလိုက်တယ် မနက်ကျတော့ မည်သည့်
အိမ်မှ သေဆုံးကြောင်းမကြားရတော့
ချောင်း၀တစ်ရွာလုံး၀မ်းသာနေကျတယ်
ကျုပ်တို့ကိုလဲကျေးဇူးတင်ကြောင်းနဲ့
ရွာမှာဆက်နေဖို့အတင်းဆွဲနေကျတယ်
ဆရာကြီးဆီပြန်ရမှာမို့မနည်းပြောပြီးထွက်ခဲ့ရတယ် ပုတီးကိုဆရာကြီးဦးရန်သိန်းဆီပြန်အပ်တော့ မာယာများတဲ့စုန်းကဝေခြားမှာ
အတွေ့ကြုံသစ်တွေရခဲ့ပြီမို့လားဆိုပြီး
ဆရာကြီးက ပြုံးပြီးရီနေတယ်ဗျ ပုတီးကိုလဲ
ပြန်မယူပဲအရေးကြုံရင်သုံးဖို့ကျုပ်ကို
အပြီးပေးတယ်ဗျ ကျုပ်လဲ၀မ်းသာအားရ
လက်ခံပြီးကိုပွကြီးနဲ့အတူ ရွာကိုပြန်ခဲ့ကျတာပေါ့ဗျာ။
စာဖတ်သူများအား ကျေးဇူးအထူးတင်ရှိပါသည်။
#credit
Comments
Post a Comment